မြို့အင်္ဂါနှင့် မညီသည့်ကားများ အမြန်လမ်းပေါ် မတက်ရ

Friday, October 01, 2010 ·

နရီလင်းလက် | အာဏာပိုင်များ၏ ညွှန်ကြားချက် အရ အမြန် လမ်းမကြီးများတွင် မြို့တော် အင်္ဂါရပ်နှင့် မညီသည့် ကားများ ၀င်ရောက် မောင်း နှင်ခြင်းကို ခွင့်မပြုတော့ကြောင်း သိရသည်။


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် အနီးမှ ရန်ကုန်-နေပြည်တော် ၈ လမ်းသွား လမ်းမကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - flickr/clkr)
မကြာခင်က ဖောက်ပြီးစီးခဲ့သည့် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးတွင်လည်း ပြီးခဲ့သည့် လမှ စတင်ကာ မော်ဒယ် နိမ့်ကားများ ၀င်ရောက်လာမှု မရှိစေရန် ပညာပေး အနေနှင့် စတင် ဆောင်ရွက် နေမူများ ပြုလုပ်နေကြောင်း နေပြည် တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ ရဲအရာရှိ တဦးက ပြောသည်။

“အမြန် လမ်းတွေရဲ့ လမ်းစည်းကမ်း ထဲမှာကို လမ်းပျက်စီး စေမယ့် ကျောက်စရစ်ကား၊ အုတ်ကား၊ သဲကား၊ ထော်လာဂျီ ကြီးတွေ မဖြတ်သန်း စေရဘူး ဆိုတဲ့ဟာ ရှိထားတယ်။ အိမ်စီးကား တွေကတော့ လမ်းမပျက်စီး ပေမယ့် မြို့တော် အင်္ဂါရပ်ကို ထိခိုက်စေမယ် ဆိုပြီး ထပ်ထည့် လိုက်တာ”ဟု သူက ဧရာဝတီကို ပြောသည်။

အမြန် လမ်းမကြီးများ ဖြစ်သောကြောင့် သတ်မှတ် မိုင်နှုန်းများကို မိုင် ၃၀ ၊ မိုင် ၆၀ ၊ မိုင် ၈၀ သတ်မှတ် ပေးထားကြောင်း သိရ သည်။

“ ကွေ့နေရာ တွေဆို မိုင် ၃၀မောင်းဖို့ ၊ လမ်းအဖြောင့် နေရာတွေ ဆိုရင် အမြန်လမ်းလည်း ဖြစ်တော့ ခုလို မိုင်နှုန်းတွေ မြှင့်ပေး ထားတယ်။ ဒီလို မြှင့်ပေးထားတဲ့ မိုင်နှုန်းတွေ အတိုင်း မောင်းနိုင်မယ့် ကားတွေပဲ ဖြစ်စေချင်တယ်။ ဒီနှုန်းနဲ့ ဆို မာစတာဂျစ် တွေဆို မောင်းလို့ရပေမယ့် လေးဘီး ဆိုရင်တော့ မောင်းလို့ရမှာ မဟုတ်ဘူး။ ဒီလမ်းမကြီးမှာ ကားပျက်လို့ ရပ်နေရတာမျိုး ဆို ပြဿာနာရှိတယ်လေ၊ ဒါကြောင့် မော်ဒယ်နိမ့်ကားတွေပါ မ၀င်ဖို့ တားမြစ်လိုက်တဲ့ထဲမှာပါသွားတာ ” ဟု နေပြည် တော် စည်ပင်သာယာဌာန မှ အင်ဂျင်နီယာတဦးကလည်း ပြောသည်။

၎င်းက ဆက်လက်၍ “ အမြန်လမ်းစတဲ့ ထောက် ကြန့်နေရာလောက်က စစစ်မှာ။ သတ်မှတ်ပေးထားတဲ့ မိုင်နှုန်းနဲ့ မောင်းလို့ မရလောက်ဘူး။ ယူဆတဲ့ ကားတွေ၊ ဥပမာ- ဟိုင်းလတ်ထဲမှာ ဆိုရင်လည်း နံပါတ် ၇၉ နဲ့ စတာဆို မရဖူး ၉၀ နဲ့ စတာမျိုး၊ အက်စ် အီးကားတွေ ၊ တိုယိုတာထဲမှာ နံပါတ် y တွေဆိုမရဘူး ” ဟု ပြောသည်။

အသစ်ဖောက်လုပ်ထားသည့် ကွန်ကရစ်လမ်းမကြီးပေါ်တွင် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် မော်ဒယ်နိမ့်ကားများ မောင်းနှင် ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဟုထုတ်ပြန်ထားသည်။

ယခု လက်ရှိ မြန်မာပြည်တွင် နံပါတ်မြင့် ၊ မော်ဒယ်မြင့် ကားကို အာဏာပိုင်များနှင့် ယင်းတို့နှင့် နီးစပ်သူဆွေမျိုးများ၊ အရာ ရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ငွေကြေးချမ်းသာသူအများစုသာ ၀ယ်စီးနိုင်သည်။

“ အခုချိန်မှာ ပညာပေး အနေနဲ့ စနေပြီ၊ နောက်ဆိုရင် ဒီလို မော်ဒယ်နိမ့်ကားတွေ လုံးဝ မ၀င်ရတော့ဘူးဆိုတော့ သေရေး ရှင်ရေး ကိစ္စရှိလာရင် သူတို့ သတ်မှတ်ထားတဲ့ မော်ဒယ်နိမ့်ကားထဲမှာ ပါနေလို့ ဖြတ်မရဘူး ဆိုတာမျိုးတွေက ရေရှည် မှာ ပြဿနာ ဖြစ်လာ နိုင်တယ်။ ဒီလို ဥပဒေမျိုးက ကိုယ့်နိုင်ငံရဲ့ အခြေအနေကို သေချာ ဆန်းစစ်ပြီးမှ ထုတ်သင့်တယ်။ မြန် မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ အရ ကားစုတ်လေး တစီးပိုင်ဖို့တောင် မလွယ်ဘူးလေ။ လမ်းပျက်စီးမှာ စိုးလို့ ကားကြီးတွေကို ဖြတ်ခွင့် မပြုတာကို လက်ခံတယ် ” ဟု ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ဌာနမှူး တဦးက ပြောပြသည်။

“ လမ်းဖောက်တဲ့ စနစ် ကောင်း မကောင်းတော့ မသိဘူး နေပြည်တော်မှာပဲ ၂၀၀၉ခု နှစ်ထဲမှာ ယာဉ်မတော်တဆ တိုက်မှု ၂၇၉မှု ဖြစ်ခဲ့တယ်။ ဒီ ပြဿနာကို စိစစ်တော့ လမ်းဖောက်တဲ့ နေရာမှာ ကတ္တရာလမ်းမှာ မောင်းရင် ကားဘီးကို ကတ္တရာက ဆွဲထားတဲ့ အားရှိတယ်။ ကွန်ကရစ်လမ်းမှာက ဘီးကို ဆွဲထားတဲ့ အားမရှိဘူး။ ဒီအချက်တွေပါ ထည့်ပြီး လမ်းအကွေ့တွေမှာ တိမ်းချော်မှုတွေ မရှိအောင် တွက်ချက်ဆွဲရတာ ” ဟု သူက ရှင်းပြသည်။

လမ်း ဖောက်လုပ်ရာတွင် မောင်းနှင်းသူများ အတွက် အကောင်းဆုံးနှင့် အန္တရာယ် အကင်းဆုံး ဖြစ်သည့် ကတ္တရာအသုံးမပြုတော့ ဘဲ စရိတ် သက်သာသည့် ကွန်ကရစ် လမ်းများ အသုံးပြု ဖောက်လုပ်မှုများ လာသည်။

“ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်မယ့် ကျောက်မျက် ပြပွဲမှာလည်း နိုင်ငံခြားသားတွေ ပါ လာရောက်မှာ ဖြစ်တဲ့ အတွက် ပုံစံမကောင်းတဲ့ကားတွေကို လမ်းမကြီးတွေပေါ် တက်မလာအောင်လည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ပညာပေးမှုတွေ ပြုလုပ် နေပါတယ်" ဟု နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်၏ အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသည်။

“ ပြည်ပက လူတွေကို လက်ရှိ မြန်မာပြည်ရဲ့ စုတ်ပြတ်နေတာတွေ ဖော်ပြဖို့ ရှက်တယ်ဆိုရင်လည်း အရှက်မရအောင် စီးပွား ရေးတွေတိုးတက်အောင် ၊ လူနေမှုတွေ တိုးတက်အောင် လုပ်ပေးသင့်တယ်။ သူတို့ ကျတော့ ကားအကောင်းစားတွေ စီးပြီး ပြည်သူတွေ ပိုင်တဲ့ ကားအစုတ်တွေ ဒီလမ်းမှာ မောင်းရင် အရေးယူသွားမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး ” ဟုကျောက် မြောင်းမြို့နယ်ရှိ ကားဝယ်ရောင်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးတွင် ရန်ကုန်-နေပြည်တော်လမ်း ပိုင်းနှင့် နေပြည်တော်-မန္တလေးလမ်း ပိုင်းဟူ၍ လမ်းပိုင်း နှစ်ပိုင်း ပါဝင်သည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးသည် စုစုပေါင်း ၃၅၂ မိုင် ၆ ဖာလုံ ရှည်လျားပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဟု သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */