Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

သခင်စိုးမြင့် ၏ နာရေး သတင်းဓါတ်ပုံများ

Saturday, May 22, 2010 · 0 comments


(001) |ရန်ကုန်မြို့၊ တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ၉ နာရီခွဲတွင်ရေဝေး သုဿာန်သို့ စတင်ထွက်ခွာပါသည်။ ပထမဦးဆုံးမိသားစုမှ ဂါရဝပြု ပြီး နောက် ကြွရောက်လာတဲ့ သံတမန် များနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ဧည့်ပရိတ်သတ်များ မှနောက်ဆုံ အနေဖြင့် ဂါရဝပြု နုတ်ဆက်ပါတယ် ။
ထို့နောက် အခမ်းအနားအစီအစဉ်ဖြင့်ပြုလုပ်ကျင်းပခဲ့ ရာ-

အစီအစဉ် (၁ )အရ .. မိသားစုမှ နောက်ဆုံးဂါရဝ ပြုခြင်း
အစီအစဉ် (၂ )အရ .. တောင်ဥက္ကလာ မှ မြို့နယ်စည်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရဝပြုနုတ်ဆက်ခြင်း ၊
အစီအစဉ် ( ၃ )အရ .. ဘဘ ဦးတင်ဦး မှ သံဝေဂ ဂါထာ ဖတ်ခြင်း၊
အစီအစဉ် ( ၄)အရ .. သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့်လုပ်ဆောင်ချက်များ ၊ ဂုဏ်ရည်များ ကိုတာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားခြင်း၊
အစီအစဥ်( ၅ )အရ.. သခင် စိုးမြင့်သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်သည့်အတွက် (တို့ဗမာ သီချင်းကို) သခင်စိုးမြင့် ၏သားမှ ဦးဆောင်၍ ကြွရောက်လာသူများနှင့် အတူတူ သံပြိုင် သီဆို၍ အခမ်းအနား အစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည် ။။

ထို့နောက် ရိုးရာအစဉ်အလာအတိုင်း ကြေးစည်ထမ်းသူ ၊သခင်စိုးမြင့် ၏ ဓာတ်ပုံ ကိုင်ဆောင်သူ၊ လွမ်းသူပန်းခြင်း နှင့် ပန်းခွေများကို သားသမီးမြေးမြစ်များ နှင့်အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ်လိုက် ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းကာသယ်ဆောင်၍ သဂြိုလ် စက်သို့ပို့ဆောင် င်္သဂြိုလ် ပါသည်။

သခင်စိုးမြင့် ၏ ဈာပန သို့ မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ (အမေရိကန်၊ဗြိတိသျှ၊သြစတေးလျ)၊ ဝါရင့်နိုင်ငံရေး သမားများ ၊ အဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်ကြသည့် ဦးတင်ဦး ၊ ဦးဝင်းတင် ၊ ဦးဥာဏ်ဝင်း အပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ဆွေမျိုးမိတ်သင်္ဂဟ များ မှ လိုက်ပါပို့ဆောင်ကြပါသည်။ဈာပန အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ပါသည်။



ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။






ပေးပို့ပေးသော (001) အားကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

ရွှေဝါရောင် ၂ နှစ်ပြည့် ဆန္ဒပြပွဲများ

Saturday, September 26, 2009 · 0 comments

မိုးမခ
ဖိလစ်ပိုင်တို့က မြန်မာသံရုံးကို ဆန္ဒပြ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၅၊ ၂၀၀၉

၂၀၀၇ သံဃာ့ဆန္ဒပြပွဲ ဒုတိယနှစ်ပတ်လည်ကာလ အထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ ဒီမိုကရေစီအရေး ထောက်ခံ လှုပ်ရှားသူများက ယနေ့ မြန်မာစစ်အစိုးရသံရုံးရှေ့သို့ သွားရောက်ပြီး ကန့်ကွက် ဆန္ဒပြကြသည်။ ထိန်းသိမ်းထားသည့် နိုင်ငံရေးသမားများကို လွှတ်ရန် တောင်းဆိုကြသည်။
(ဓာတ်ပုံများ - AP )


ရွှေဝါရောင် ၂ နှစ်ပြည့်တွင် သာသနာ့ဥသျှောင်က ဆန္ဒပြ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၅၊ ၂၀၀၉

ယမန်နေ့က သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (IBMO) မှ အဖွဲ့ဝင် သံဃာများ အမေရိကန်ပြည်ထောင်စု ပစ်စဘတ်ဂ်မြို့ (Pittsburgh) တွင် ဆန္ဒပြနေပုံ။ ၂၀၀၇ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်ကာလတွင် မြန်မာစစ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြခြင်း ဖြစ်သည်။ ၎င်းတို့ ဆန္ဒပြရာ မြို့တွင် G20 ခေါ် ကမ္ဘာ့ခေါင်းဆောင်များ၏ အစည်းအဝေး ၂ ရက်ကြာ ကျင်းပလျက် ရှိသည်။
(ဓာတ်ပုံ-AP)


ဖတ်ကြည့်ချင်သေးလား....

မဲဆောက်မြို့ တွင်ပြုလုပ်ခဲ့သောမေတ္တာပို့ လမ်းလျှောက်ပွဲ

Tuesday, September 22, 2009 · 0 comments









မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာနိုင်ငံသားများ ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲပါ့သည်။(၂၁.၉.၂၀၀၉ )ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကို ကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့အရေးဆောင်ရွက်နေကြသည့် ထိုင်းအစိုးရမဟုတ်သောအဖွဲ့ များ ၊ မြန်မာပြည်ဒီမိုကရေစီရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။


ဓါတ်ပုံများမျှဝေပေးသော ကိုဝဏ္ဏ နှင့်http://kamikaze-2010.blogspot.com/ အားကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဖတ်ကြည့်ချင်သေးလား....

ရန်ကုန်ရဲ့ရေ ဒုက္ခ

Saturday, June 06, 2009 · 0 comments

မိုးမခ |


လှေဆိပ်မဟုတ်ပါ။ ကားမှတ်တိုင်ပါ။ မနေ့ မနက်က မိုးလင်းခါစမှာပဲ ၂နာရီသာသာလောက် မိုးကောင်းလိုက်တာ ရန်ကုန်တမြို့လုံး ရေကြီးတော့တာပါပဲ။



ရန်ကုန်မှာ မိုးများ ၁နာရီကျော်လောက် တောက်လျှောက် ကောင်းပြီ ဆိုရင်လမ်းတွေ အားလုံးရေလျှံ၊ ကားတွေ စက်ရပ်ကုန်၊ လမ်းတွေပိတ်၊ လူတွေလည်း ခါးတောင်းကျိုက်ပြီး ချောင်းထဲကို ဖြတ်ကြရတော့တယ်။

မြောင်းအဖုံးတွေကလည်း ပေါက်ပြဲနေတာကြောင့် ရေမြုပ်နေချိန်မှာ ဘယ်နေရာမှာ မြောင်းပေါက်လဲ ဆိုတော မမြင်တော့ သွားနေကျ မဟုတ်သူ တွေဆို မြောင်းထဲခြေ ချော်ကျ၊ ရေထဲမျောပါနဲ့ မကြာခဏ ကြားသိနေရတာပါ။


ကားတွေစက်ရပ်ကုန်လို့ ပိတ်ဆို့မှုတွေဖြစ်။ ရန်ကုန်မြို့တော်ဝန်က မကြာခင်က မီဒီယာကို တရားဝင် ပြောရာမှာ `ရန်ကုန် ဆိုတာ မိုးရွာရင် ဒီလိုပဲ ရေ ကြီးနေကျ၊ ဘယ်နေရာမှာ အမှိုက် ဆို့နေသလဲ ဆိုတာ ဘယ်လိုလုပ် သိနိုင်မလဲ´တဲ့လေ။ တော်တော့်ကို တာဝန်ယူတဲ့ စကားပြောလိုက်တယ်လို့ နားလည်လိုက်ပါတယ်။


ဘုန်းဘုန်းတို့၊ ကိုရင်တို့လည်း ဆွမ်းမရ


ရန်ကုန်လူထုကလည်း အစိုးရကို ဘာမှ အားမကိုးတော့ဘဲ မိုးရွာရင် လုံချည်မ၊ ဘောင်းဘီဆို ခေါက်တင်၊ ဖိနပ်ကို လက်မှာကိုင်ကာ အပေါက်ထဲ မကျအောင် လမ်း အလယ်ခေါင် တည့်တည့် တက်လျှောက်ရတဲ့ အခြေအနေကို ကျင့်သား ရကုန်ကြပါတော့တယ်။


မုန့်ဟင်းခါး တပွဲ ၂၀၀


ဝယ်သူမဲ့ ရေထဲကဆိုင်


ဂျင်းဘောင်းဘီဆိုတော့ မ စရာမလိုတော့


ရေထဲမှာ ကိုယ့်သခင်နဲ့ ပျော်နေတဲ့ ခွေး


ဝိုင်းတွန်းမှ ခရီးရောက်မယ်။ ကားတွန်းလျင် ရွေ့နိုင်ပေမယ့် နအဖကတော့ တွန်းပေမယ့် ခုထိ မရွေ့သေး

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */