အကြမ်းဖက် နှိမ်နင်းရေး ဖောင်ကြီးတွင် လေ့ကျင့်နေ

Friday, October 01, 2010 ·

ဧရာဝတီ | ရွေးကောက်ပွဲ ကာလ ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် နှိမ်နင်းရန် အတွက် အကြမ်းဖက် နှိမ်နင်းရေး ဌာန (anti-terrorism) မှ ရဲများနှင့် လုံထိန်းရဲ အင်အား ၅၀၀ ခန့်တို့မှာ ရန်ကုန်တိုင်း၊ လှည်းကူး မြို့နယ်ရှိ ဗဟို ၀န်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် လေ့ကျင့် နေကြကြောင်း သတင်းရရှိသည်။

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အကြမ်းဖက် နှိမ်နင်းရေး ဌာနမှ လက်နက် အပြည့်အစုံ တပ်ဆင် ထားသော အကြမ်းဖက် နှိမ်နင်းရေး ရဲများနှင့် ရဲလေ့ကျင့်ရေး သင်တန်းကျောင်းများမှ လုံထိန်းရဲ များသည် ယခု လကုန်ပိုင်းမှ စပြီး လှည်းကူး ဗဟို ၀န်ထမ်း တက္ကသိုလ်ရှိ သေနတ် ပစ်ကွင်းတွင် လေ့ကျင့်မှုများ ပြုလုပ် နေကြခြင်း ဖြစ်သည်။

“၀တ်စုံပြည့် လေ့ကျင့်နေတာ။ Anti-terrorism တံဆိပ်ပါတဲ့ ၀တ်စုံတွေ ၀တ်ထားတဲ့ ရဲတွေက သေနတ်တွေ၊ မျက်ရည်ယို ဗုံးပစ်တဲ့ လက်နက်တွေနဲ့ လေ့ကျင့်တယ်။ လုံထိန်းရဲတွေက နံပါတ်တုတ်၊ ဒိုင်းတွေ ကိုင်ထားပြီး အရေးအခင်း ဖြစ်နေတာကို နှိမ်နင်းတဲ့ ပုံစံမျိုး လေ့ကျင့်တာ” ဟု ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ကထိကတဦးက ပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူး တဦးကလည်း ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် လုံထိန်းနှင့် အကြမ်းဖက် နှိမ်နင်းရေး ရဲများ လေ့ကျင့်မှု ပြုလုပ်နေသည်မှာ မှန်ကန်ကြောင်း၊ လေ့ကျင့်ရေးဆင်းသူများထဲတွင် အမျိုးသမီး ရဲမေများလည်း ပါဝင်ကြောင်းပြောသည်။

“ရွေးကောက်ပွဲ မတိုင်မီရော၊ ရွေးကောက်ပွဲအပြီးမှာပါ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကပဲ တာဝန်ယူမယ်။ လုံခြုံရေး တာဝန် ယူထားတဲ့ တပ်မတော်သားတွေနေရာမှာ ရဲတွေပဲ အစားထိုးတာဝန်ယူမယ်” ဟု အဆိုပါ ရဲမှူးက ရှင်းပြသည်။

ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက် ဗုံးဖောက်ခွဲမှုများပြုလုပ်နိုင်သဖြင့် ဗုံးသတိ၊ ဗုံးအသိရှိရန် နယ်မြေလုံခြုံရေး ယူထားသော ရဲစခန်းများနှင့် ရယက များကို တပ်လှန့်နှိုးဆော်ထားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများ၌ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်တွင် ပဲခူးမြို့၊ ဥဿာ မြို့ သစ် ၈ ရပ်ကွက်ရှိ ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး အနောက်ဘက်တွင် ပေါက်ကွဲမှု တရပ် ဖြစ်ပွားခဲ့ပြီး လူထိခိုက် သေဆုံးမှု မရှိ ခဲ့ကြောင်း၊ စက်တင်ဘာ ၈ ရက် သထုံမြို့နယ်၊ ဒုံးဝန်း ကျေးရွာ အုပ်စုရှိ လယ်ကွင်း အတွင်း စိုက်ထူ ထားသည့် လျှပ်စစ် ဓာတ်အားလိုင်း တာဝါတိုင်ကို မိုင်းခွဲ ဖျက်ဆီးရန် ကြိုးပမ်းမှု ရှိခဲ့ကြောင်းနှင့် စက် တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းဈေး အနီး ရထားလမ်း ခုံးကျော်လူကူး သစ်သားတံတား ပေါ်၌ ထောင်ထားသည့် ချိန်ကိုက်မိုင်းကို အချိန်မီ ရှင်းလင်း ခဲ့ရကြောင်း ဖော်ပြထားသည်။

နိုင်ငံရေး ပါတီ တခုမှ တာဝန်ရှိသူ တဦးက ပြည်သူ လူထု အပေါ် အကြမ်းဖက်မှုများအား ဆန့်ကျင် သကဲ့သို့ ငြိမ်းချမ်းသော ဆန္ဒပြ ထုတ်ဖော်မှုများအား အကြမ်းဖက်နှိမ်နင်းသည်ကိုလည်း ဆန့်ကျင်ကြောင်း ပြောဆိုသည်။

၂၀၁၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက် အဖျက် လုပ်ရပ်များကို ပြည်တွင်း ပြည်ပ၏ အဖျက်သမားများက ပူးပေါင်း လုပ်ဆောင် နေသဖြင့် ပြည်သူများ မသင်္ကာ ဖွယ်ရာများတွေ့ရှိလျှင် သက်ဆိုင်ရာသို့ သတင်း ပို့ရန် စစ်အစိုးရက ၎င်းပိုင် မီဒီယာများမှ တဆင့် နှိုးဆော်ထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */