နေပြည်တော်၌ ဆိုင်ကယ် တိုက်မှုကြောင့် သေဆုံးသူများ

Tuesday, April 20, 2010 ·

NEJ | အစိုးရ ရုံးများစိုက်ရာ နေပြည်တော်၌ ဆိုင်ကယ် တိမ်းမှောက်မှုနှင့် တိုက်မှုများ နေ့စဉ် ဖြစ်ပွားလျက် ရှိပြီး သေဆုံးသူ များပြား နေကြောင်း ဖိုးဆောင်းတောင် ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက “အရပ်သား ကယ်ရီတွေက ဆိုင်ကယ်ဦးထုပ် ဆောင်းလေ့ မရှိဘူး။ နောက်ပြီး လမ်းကောင်း ပေါ်မှာ တနာရီ (၄၅) ကီလိုထက် ပိုမောင်းတယ်။ ခရီးသည် ရလိုမှုနဲ့ အဲလို လုမောင်းနေကြတော့ အသက်အန္တရာယ် ကြုံရတာပေါ့” ဟု ပြောသည်။

ဆိုင်ကယ် ကယ်ရီများသည် သီးသန့်ဂိတ် မရှိခြင်း၊ ဂိတ်စည်းကမ်း၊ ယာဉ်မောင်း စည်းကမ်း လိုက်နာမှု အားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆိုင်ကယ် တိုက်မှုများ ဖြစ်ပွား နေရကြောင်း၊ အထူးသဖြင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တို့မှ လာရောက် အခြေစိုက်သော အရပ်သား ဆိုင်ကယ် ကယ်ရီများ အဖြစ်များကြောင်း ဘောဂသိဒ္ဓိရပ်ကွက်နေ ၀န်ထမ်းများက ပြောသည်။

ပိတောက် အိမ်ရာနေ ၀န်ထမ်း တဦးကလည်း “သပြေရိပ်မှာ ဆိုင်ကယ်ချင်းတိုက်မိတာ (၁၄) နှစ်အရွယ် မိန်းကလေး သေသွားတယ်။ ဧပြီ (၁၁) ရက်နေ့က ဖြစ်တာ။ စိုးစံဘော်ဒါဆောင်နားမှာ တိုက်တော့လည်း သေတာပဲ။ လမ်းတွေက ကောင်းတော့ ဆိုင်ကယ်ကယ်ရီတွေက စည်းမဲ့ကမ်းမဲ့ မောင်းကြတယ်။ ကျနော်တို့နားမှာ ပြီးခဲ့တဲ့အပတ်က ဆက်တိုက် (၅)ယောက် သေတယ်” ဟု ပြောသည်။

နေပြည်တော်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများ ပြုလုပ်လေ့ရှိသော်လည်း အရပ်သား ဆိုင်ကယ်ကယ်ရီ များမှာ လိုက်နာမှု အားနည်းကြသည့်အတွက် တာဝန်ကျ ယာဉ်ထိန်းများနှင့် ဆိုင်ကယ်ကယ်ရီများ မကြာခဏ အချင်းများလေ့ ရှိကြသည်ဟု သိရသည်။

“ဦးထုပ် မဆောင်းလို့ ယာဉ်ထိန်းက တားတယ်၊ ကျနော်တို့က ရပ်မပေးဘူး၊ ရှောင်ပြေးတယ်။ အဲဒါမှ မရရင် တိုက်ပစ်လိုက်တယ်” ဟု ပျဉ်းမနားဒေသခံ ဆိုင်ကယ် ကယ်ရီတဦးက ပြောသည်။

ယာဉ်ထိန်းရဲတဦးကမူ “၀န်ထမ်း ဆိုင်ကယ်တွေကျတမျိုး။ သတ်မှတ် တလမ်းမောင်းကို လမ်းပြောင်းပြန် မောင်းချင်မောင်းတယ်။ မြို့မဈေး အဝေးပြေးကားဝင်းကို ဆိုင်ကယ်မ၀င်ရ သတ်မှတ်ထားတယ်။ ဧည့်ကြိုနေရာကို သိလျက်နဲ့ ကားဝင်းထဲ ဆိုင်ကယ်စီး ၀င်ချင်ဝင်တယ်။ သူတို့ကို ဖမ်းတော့လည်း ငါ ဘယ်ဌာနကကွ၊ ဘယ်လူကြီးနဲ့ ပတ်သက်တယ်နဲ့ အခက်အခဲအမြဲကြုံရတယ်” ဟု ပြောသည်။

နေပြည်တော်နှင့်ရန်ကုန်မှအပ ဆိုင်ကယ်စီးနင်းခွင့်ပြုသည်ဟု ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် (Wheel Tax) တွင် ဖော်ပြ ထားသော်လည်း ဌာနဆိုင်ရာများက နားလည်မှုဖြင့် စီးနင်းခွင့်ပြုထားသည့်အပြင် နေပြည်တော်တွင် သောင်းချီရှိနေသည့် ဆိုင်ကယ် စီးရေနှင့် ယာဉ်ထိန်းရဲအင်အားမှာ မမျှတကြောင်း အဆိုပါ ယာဉ်ထိန်းရဲက ပြောသည်။

နေပြည်တော်ရှိ အိမ်ရာ၊ ဌာန၊ ဈေးတို့ တနေရာနှင့်တနေရာ အလှမ်းကွာဝေးခြင်း၊ ရွှေမြို့တော် တောင်ညို တော်ဝင် မြို့ပတ်ကားများ ရှိသော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းရခြင်း၊ နယ်မြေမကျွမ်းခြင်းတို့ကြောင့် ဧည့်သည်များမှာ ဆိုင်ကယ်ကယ်ရီများကိုသာ အားကိုးကြရသည်။

နေပြည်တော်ရှိ တာဝန်ကျ ၀န်ထမ်း အများစုကမူ ၎င်းတို့ လစာငွေကြေး အရ ဆိုင်ကယ် ကယ်ရီ ငှားမစီးနိုင်ကြဟု သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */