ကချင် ပြည်နယ် တိုးတက်ရေး ပါတီ စည်းရုံးရေး အရှိန် တိုးမြှင့်

Tuesday, April 20, 2010 ·

လင်းနိုင်ဦး | ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့၌ နေပြည်တော်တွင် ပါတီ ဖွဲ့စည်းလိုကြောင်း သွားရောက် လျှောက်ထားခဲ့သည့် ကချင် ပြည်နယ် တိုးတက်ရေး ပါတီသည် ယခုအခါ စည်းရုံးရေး လုပ်ငန်းများ အရှိန် တိုးမြှင့် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ချီဖွေမြို့နယ် အတွင်း နေထိုင်သူ တဦးက “ကျနော်တို့ ဆီကို ကချင်ပြည်နယ် တိုးတက်ရေး ပါတီက စည်းရုံးရေးမှူးတွေ ရောက်လာတယ်။ သူတို့ပြောတာက ဒီရွေးကောက်ပွဲကြီး လုပ်လို့လည်း ဒီမိုကရေစီ ရလာမယ်လို့ သူတို့ အာမ မခံဘူး။ တိုင်းပြည်ရဲ့ ပေါ်လစီ ပြောင်းလာမယ်လို့လည်း မပြောလိုဘူး။ ဒါပေမယ့် ကိုယ့်မြို့ ကိုယ့်ရွာကို အုပ်ချုပ်တာ ကိုယ့်လူမျိုးတွေကပဲ အုပ်ချုပ်သင့်တယ်။ ကိုယ့်မြို့ ကိုယ့်ကျေးရွာအတွက် ကိုယ်စားလှယ်တွေ အနေနဲ့ ဆိုရင်လည်း ကိုယ့်လူမျိုး တွေကိုပဲ ရွေးချယ်သင့်တယ်။ ဒါမှသာ ကိုယ့်လူမျိုး ကောင်းကျိုး၊ ကိုယ့်ရပ်ရွာ ကိုယ့်မြို့နယ် ကောင်းကျိုးတွေ ဆောင်ရွက်နိုင်မယ်ဆိုပြီး စည်းရုံးတယ်။ အဲဒီ စည်းရုံးရေး အဖွဲ့တွေ ကျနော်တို့ ရွာတင်မက အခြားရွာတွေကိုလည်း ဆက်သွားပြီး စည်းရုံးနေကြတာ တွေ့ရတယ်” ဟု ပြောသည်။

အလားတူ စည်းရုံးမှုများ မြစ်ကြီးနား မြို့ပေါ်တွင်လည်း ရှိနေပြီ ဖြစ်ကြောင်း မြို့ခံ ကချင် တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြောသည်။

၎င်းက “အခုလို ပြည်သူလူထုကို စည်းရုံးရေးဆင်းတာ ကောင်းမွန်တဲ့ အလေ့အထ ဖြစ်တယ်။ တိုင်းပြည်မှာ ဘာဖြစ်နေတယ်၊ ကိုယ့်ပါတီက ဘာတွေ ကောင်းအောင် လုပ်ပေးမယ်၊ ပြည်သူတွေအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ပါဆိုပြီး ပြောဆိုတာတွေဟာ ကောင်းမွန်သလို အခြားတဖက်မှာလည်း ပါတီအတွက် စည်းရုံးရေးဆင်းတဲ့သူတွေအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားတွေကို ဂရုစိုက်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

ပြည်သူလူထုသည် ကချင် ပြည်နယ် အတွင်း အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်လိုကြပြီး အစိုးရတပ်၊ ကေအိုင်အေ၊ အန်ဒီအေ (ကချင်) လဆန်အောင်ဝါ စသည့် အဖွဲ့များ၏ အဖွဲ့ဝင်အချို့ ကျေးရွာသားများ အပေါ် နိုင့်ထက်စီးနင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မနှစ်မြို့ကြသည့် အတွက် အခွင့်အရေးရခိုက် ကြိုးစားပေးရန်လိုကြောင်း အဆိုပါ ကချင်တိုင်းရင်းသား ခေါင်းဆောင်က ပြောသည်။

မြစ်ကြီးနားမြို့မှ ဝါရင့်နိုင်ငံရေးသမားကြီးတဦးက ကချင်ပြည်နယ် တိုးတက်ရေးပါတီအနေဖြင့် ယခုကဲ့သို့ လူထုကို စည်းရုံးရေး ဆင်းခြင်းမှာ ကောင်းမွန်သော်လည်း စစ်အစိုးရ၏ ၂ဝဝ၈ ဖွဲ့စည်းပုံထဲတွင် သက်ဆိုင်ရာ ကျေးရွာ ရပ်ကွက်အဆင့်၊ မြို့နယ် အာဏာပိုင် အဆင့် အုပ်ချုပ်မည့် သူများကို ပြည်သူများက ရွေးကောက်တင်မြှောက်ပိုင်ခွင့်မရှိဘဲ အစိုးရကသာ ခန့်အပ်ရမည်ဟု ပြဋ္ဌာန်း ထားကြောင်း၊ ပြည်နယ် အဆင့် ဝန်ကြီးချုပ်ကိုလည်း နိုင်ငံတော်သမ္မတက ခန့်အပ်မည်ဖြစ်သည့်အတွက် ယင်းအချက်များကို သတိပြု မိစေချင်ကြောင်း ပြောသည်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ စည်းရုံးရေး ဆင်းနေသည့် အချိန်သည် ကေအိုင်အေနှင့် နအဖ စစ်တပ် အကြား နယ်ခြားစောင့် တပ်ဖွဲ့ရေး ကိစ္စနှင့် ပတ်သက်ပြီး ဆက်ဆံရေး တင်းမာနေသည့် အချိန် ဖြစ်သကဲ့သို့ ပြီးခဲ့သည့် ရက်ပိုင်းက မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး လုပ်ငန်း စီမံကိန်း အဆောက်အအုံ တို့တွင် ဗုံးများ ပေါက်ကွဲခဲ့သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ကချင်ပြည်နယ် တိုးတက်ရေး ပါတီကို ကေအိုင်အို အဖွဲ့တွင် ယခင်က တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် ခေါင်းဆောင် ဟောင်းများ၊ အန်ဒီအေ ကချင်တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် ခေါင်းဆောင်များ အပါအဝင် ကချင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားပြီး အဖွဲ့၏ ထင်ရှားသည့် ခေါင်းဆောင်တဦးမှာ ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ တူးဂျာ ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */