အင်းလုပ်ငန်း လုပ်ခွင့်လိုင်စင် ဗိုလ်ချုပ်ကြီးများရ

Friday, April 09, 2010 ·

အောင်ထက် | ၂၀၁၀ - ၂၀၁၁ ခုနှစ် လုပ်ငန်းရာသီ အတွက် တိုက်ရိုက် အင်း/တင်ဒါ လုပ်ကိုင်ခွင့် လျှောက်ထားခြင်းများကို ဧပြီ ဒုတိယပတ်မှ စတင်၍ (၁) နှစ် ခွင့်ပြုလိုက်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

“လက်ရှိ စစ်မှုထမ်းတွေထဲက ဒု-ဗိုလ်ချုပ်ကြီး ဆန်းဆင့်၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ် သိုးထိန်းတို့ အင်းလုပ်ကိုင်ခွင့် လိုင်စင်ရတယ်။ ပြည်ထဲရေး ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေလည်း အင်း ရတယ်။ နအဖ အရာရှိကြီး (၁၆၅) ဦး အင်းလုပ်ငန်း လုပ်ကိုင်ခွင့် ပါမစ်တွေရကြတယ်” ဟု ငါးလုပ်ငန်းတာဝန်ရှိသူတဦးက ပြောသည်။

ယင်းသို့ လုပ်ကိုင်ခွင့်ပြုသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အမည်စာရင်းကို အလုံ၊ ဆင်မင်းလမ်း၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကြော်ငြာ စာကပ်ကာ တရားဝင် အသိပေးထားသည်။

ဘိုကလေးမြို့နယ်မှ အင်း လုပ်ငန်းရှင် တဦးကမူ “လက်ရှိ တာဝန်နဲ့မပတ်သက်ဘဲ တိုက်ရိုက် အင်းလုပ်ကိုင်ခွင့်ချထားပေးတာ အရေအတွက် (၁,၇၀၀) ခန့်ရှိတယ်။ ထူးခြားတာက အဲဒီပုဂ္ဂိုလ်တဦးတယောက်မှ အင်းသမားတွေ မဟုတ်ဘူး။ အင်း လုပ်ကိုင် မစားတတ်ဘူး။ သူတို့ရထားတဲ့အင်း ဘယ်နားရှိမှန်း သူတို့မသိကြဘူး။ ဒေသမှာ ငါးရှာ ဖားရှာနဲ့ တကယ်လုပ်ကိုင် စားသောက်နေတဲ့ အင်းသမားတွေကျ ခုလို တိုက်ရိုက်လေလံ ချမပေးဘူး” ဟု ပြောဆိုသည်။

ဒေသခံအင်းလုပ်ငန်းရှင် (အင်းသူကြီး) များသည် ဒေသတွင်းရှိ ၎င်းတို့နှစ်စဉ် လုပ်ကိုင်နေကျ အင်း/ပိုက်ချက်များကို အထက်ပါ အင်းလုပ်ပိုင်ခွင့် တိုက်ရိုက်လေလံရရှိသူများထံမှ တန်ဖိုးကြီးပေးဝယ်ကာ ရင်းနှီးလုပ်ကိုင်နေကြရသည်။

ငါးလုပ်ငန်း ဦးစီးမှ အတည်ပြု သတ်မှတ် အခွန်ငွေကိုလည်း မြို့နယ်ရုံးများသို့ သီးခြား ပေးသွင်း ရသည်ဟု ၎င်းတို့က ပြောသည်။

ငါးလုပ်ငန်း ၀န်ထမ်း တဦးကလည်း “မေ (၃၁) သတ်မှတ် နောက်ဆုံးရက် ငွေပေးသွင်းခြင်း မပြုတဲ့ အင်းလိုင်စင်တွေ၊ တန်ဖိုးနည်း အင်း/ပိုက်ချက် တင်ဒါတွေကိုတော့ သက်ဆိုင်ရာ ခရိုင်-မြို့နယ် ငါးဦးစီးရုံးတွေမှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချပါတယ်” ဟု ပြောသည်။

အကျိုးအမြတ် ပေးဝယ် နေရသော အင်းတန်ဖိုးများမှာ ခန့်မှန်းခြေ သိန်းဆယ်ကဏန်းမှ အချို့အင်းများ သိန်းထောင်ချီ ပေးကာ လိုင်စင် လက်ဝယ် ရှိထားသူ ထံမှ ၀ယ်ယူ နေကြရသည်ဟု ကျိုက်လတ်မြို့ အင်းသူကြီး တဦးက ပြောသည်။

သာယာဝတီခရိုင် အင်းသူကြီး တဦးကမူ “တိုင်းပြည်ရဲ့ ရေမြေ အရင်းအမြစ်တွေကို ခုလို ဝေစားမျှစားယူနေတာ နအဖ သက်တမ်း တလျှောက်ပဲ။ ဟိုတုန်းက ခုလို တိုက်ရိုက် လုပ်ကိုင်ခွင့် ချပေးတာမျိုး မရှိဘူး။ ကိုယ့်ဒေသ လုပ်ကွက် အင်း / ပိုက်ချက်တွေကို ဒေသခံ အင်းသမားတွေ ဈေးပြိုင်စနစ် လေလံ တက်ဆွဲရတယ်။ နိုင်ငံတော် အတွက် အခွန်အခ အပြည့်အ၀ ရတယ်။ ခုလို အခြား ပုဂ္ဂိုလ် တဦး တယောက်ဆီက အကျိုးအမြတ်ပေး ၀ယ်လုပ် နေရတော့ အင်းစရိတ်တွေမြင့်လာတယ်။ မြင့်တော့ ဒီအင်းထဲက ငါးတန်ဖိုးတွေ မြင့်လာတယ်။ ပြည်သူတွေ ဈေးကြီးပေး ၀ယ်သုံးကြရတော့တာပေါ့” ဟု ငါးဈေးကွက် ကြီးမြင့် ရခြင်းကို ရှင်းပြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */