သံဃာတော် များအား ကန့်သတ် တားမြစ်ရန် စစ်အစိုးရ ပြင်ဆင်

Friday, April 09, 2010 ·

တက်လူ | နအဖ စစ်အစိုးရက မြန်မာ တနိုင်ငံလုံးရှိ သံဃာတော်များ လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ ကွန်ပျူတာနှင့် ပရင်တာ စာကူးစက်များ၊ ဆက်စပ် ပစ္စည်းများ သုံးခြင်း၊ ပြည်ပ နိုင်ငံများသို့ သွားလာခြင်း၊ ကျောင်းတိုက်ပြင်ပသို့ ထွက်ခြင်း စသည်တို့ကို ကန့်သတ်တားမြစ်မှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သံဃာ့ မဟာနာယက အဖွဲ့ဝင် ဆရာတော် တပါးက မိန့်ကြားသည်။

ယင်းဆရာတော်က “အစိုးရက သံဃာ့ မဟာနာယက အဖွဲ့မှ တဆင့် အဲဒီအမိန့်ကို ထုတ်ပြန်မှာပါ။ သံဃာ့ မဟာနာယက အဖွဲ့က တာဝန်ယူ ထုတ်ပြန်ရမှာ ဖြစ်တယ်” ဟု မိန့်ကြားသည်။

အဆိုပါအမိန့် မည်သည့် အတွက်ကြောင့် ထုတ်ပြန်သည်ဆိုသည်နှင့် ထုတ်ပြန်မည့် နေ့ရက်ကို အတိအကျ မသိသော်လည်း လာမည့် မေလခန့်တွင် ထုတ်ပြန်နိုင်ကြောင်း အဆိုပါ ဆရာတော်က ခန့်မှန်းသည်။

ရန်ကုန် ကမ္ဘာအေး သာသနာ့ တက္ကသိုလ်မှ ဆရာတော်တပါးက “ခု ဘုန်းကြီးတွေ တော်တော်များများမှာ ဖုန်းကတော့ ပါကြတယ်။ တရားဟော ဆရာတော် ဓမ္မကထိကတွေက ပိုပြီးတော့ ဖုန်းကိုင်ကြတယ်။ ဒီလိုမျိုးဖုန်းတွေ မကိုင်ရတော့ဘူး ဆိုတော့ ဘာကြောင့်ဆိုတာ ဘုန်းကြီးတို့ ခန့်မှန်းရခက်ပါတယ်” ဟု မိန့်သည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမည်မဖော်လိုသော သံဃာတော်တပါးက ယင်းသို့ အမိန့်များထွက်လာပါက သံဃာများက လိုက်နာကြမည်မထင်ဟု ခန့်မှန်းသည်။

၎င်းက “၂၀၀၇ ခုနှစ်ကတည်းကပဲ ဘုန်းကြီးတွေကို အစိုးရက ကြည့်မရ ဖြစ်နေတာလေ။ ဒါကတော့ တမင်သက်သက် လုပ်တာနဲ့ တူနေပါတယ်။ အဲဒီအမိန့် ထွက်လာမယ် ဆိုတာ ပြောနေတာတော့ ကြားပါတယ်။ ခုတော့ ကျောင်းထိုင်တွေကို တရားဝင် မပြောသေးပါဘူး” ဟု မိန့်ဆိုသည်။

သာသနာရေးဝန်ကြီးဌာနမှ အရာရှိတဦးက သံဃာများအား စည်းမျဉ်းများထုတ်ရန် စီစဉ်နေခြင်းမှာ ရွေးကောက်ပွဲကြောင့် ဖြစ်နိုင် သည်ဟု ဆိုသည်။

“၂၀၀၇ ကလိုမျိုး သံဃာတော်တွေ လှုပ်ရှားမှု ဖြစ်မလာစေဖို့ ကြိုတင်တားတာ ဖြစ်နိုင်ပါတယ်။ ဖုန်းအဆက်အသွယ်တွေကို ဖြတ်ချင်တာ၊ စာရိုက်တာတွေကျတော့ တစုံတခု ကြေညာချက်တွေ မလုပ်ရအောင် ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သောစက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် စစ်အစိုးရက သံဃာတော် များအား ဖမ်းဆီး ထောင်ချခြင်း၊ အတင်းအကျပ် လူဝတ်လဲစေခြင်း၊ ကျောင်းတိုက်များအား ပိတ်ပစ်ခြင်း၊ နိုင်ငံခြား ခရီးသွားလာခွင့် ကန့်သတ်ခြင်း တို့ကို အတင်းအကျပ် လုပ်ဆောင် ခဲ့သည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက် အချို့အား စစ်အစိုးရက ရဲ၊ ထောက်လှမ်းရေးနှင့် ကြံ့ဖွံ့များကို ကင်းပုန်းများ ချထားကာ အချိန်ပြည့် စောင့်ကြပ် ကြည့်ရှုစေသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */