နယ်ခြား စောင့်တပ် လက်မခံရသည့် အကြောင်း ကေအိုင်အို လူထုအား အသိပေး ပြောကြား

Tuesday, April 20, 2010 ·

ခိုင်လင်း | နယ်ခြားစောင့် တပ် အသွင်ပြောင်းရေး ကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေးရှင်းလင်းသည့် အခမ်းအနားတခုကို ကေအိုင်အို ဗဟို ဌာနချုပ် ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။

ကေအိုင်အိုနှင့် နအဖအကြား နှစ်ဘက် တွေ့ဆုံ ဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြထားချက်များ၊ နအဖဘက်က ကမ်းလှမ်း ထားချက်များနှင့် အပစ်ခတ် ရပ်စဲရေး စာချုပ်တို့ကို နံရံကပ် စာစောင်ဖြင့် ပြသထား သကဲ့သို့ ကေအိုင်အို အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာက ကချင် ဘာသာဖြင့် ပြောကြားပြီး တွဲဖက် အတွင်းရေးမှူးက မြန်မာ ဘာသာပြန်၍ လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိ တဦးက ပြောသည်။

၎င်းက “အရပ်သားတွေ၊ ကေအိုင်အို ဌာနဆိုင်ရာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာ ရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ်စာစောင်မှာလည်း သူတို့ရှင်းလင်းပြောပြတာတွေကို ထုတ်ပြထားတယ်။ နယ်ခြားစောင့် တပ်ကို ဘယ်လို ဖွဲ့စည်းမယ်၊ လစာနဲ့ရိက္ခာ ဘယ်လိုထုတ်ပေးမယ် ဆိုတာကအစ ရေးထားတယ်။ အခုလို ရှင်းပြလိုက်တော့ လူထုတွေ အနေနဲ့ ကေအိုင်အိုက နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို ဘာကြောင့် လက်မခံသေး သလဲ ဆိုတာ သိခွင့်ရပါတယ်” ဟု ပြောသည်။

အပစ်ခတ် ရပ်စဲရေး စာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေး ကိစ္စ ဆွေးနွေးရန် နအဖဘက်က ၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ် ပြောလာခဲ့ပုံ၊ အမျိုးသား ညီလာခံ အတွင်း ကေအိုင်အို အဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက် ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းက “ကျနော်တို့ နှစ်ဖက် ဆွေးနွေး နေတာ (၁၅) ကြိမ်ရှိပါပြီ။ (၁၅) ကြိမ်စလုံးမှာ တပ်မတော်အစိုးရက ကျနော်တို့ကို ပြောနေ တာကတော့ ဘီဂျီအက်ဖ်ကို လက်ခံရေးပဲ ဖြစ်တယ်။ အဲဒီ (၁၅) ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြော နေတာက ဘီဂျီအက်ဖ်မဟုတ်ဘဲနဲ့ တခြားသော နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေးဖြစ်ပါတယ်” ဟု ပြောသည်။

ကေအိုင်အို အဖွဲ့အား နယ်ခြားစောင့် တပ် အသွင်ပြောင်းရန် နအဖက ယခုလ (၂၈) ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့ အနေဖြင့် ပြည်ထောင်စု တပ်မတော်အတွင်း တိုင်းရင်းသားတပ်ဖွဲ့အနေဖြင့်သာ အသွင်ပြောင်း လိုကြောင်း ယခုလ (၁၅) ရက်က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာရေး တင်ပြ ကမ်းလှမ်း ထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခု ရှင်းလင်းပွဲတွင် ကေအိုင်အို အဖွဲ့က နယ်ခြားစောင့် တပ် အသွင်ပြောင်းရေးကို အဘယ်ကြောင့် လက်မခံခြင်း ဖြစ်ကြောင်း လူထုအား အသိပေး ပြောကြားကာ နအဖဘက်မှ တဖက်သတ် လုပ်ဆောင် နေမှုများကိုလည်း ရှင်းလင်းပြခဲ့ကြောင်း စစ်ရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ် စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာက နအဖက တဖက်သတ် အကျပ်ကိုင် ဆောင်ရွက်နေတာတွေကို သည်းမခံ နိုင်တာလည်း ပါတယ်။ တဖက်က သူတို့ ရပ်တည်ချက် မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ ထောက်ခံမှုကို ရယူ ချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */