ပြည်ပ အဖွဲ့များ ဗုံးဖောက်ခွဲဟု ကြေးမုံ စွပ်စွဲ

Tuesday, April 20, 2010 ·

ဧရာဝတီ | သင်္ကြန်တွင်း ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြည်ပ အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD -LA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကို စစ်အစိုးရက စွပ်စွဲထားသည်။


ကြာသပတေးနေ့က ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီး တွေ့နေရသော ကြက်ခြေနီများ၊ လုံခြုံရေး ဝန်ထမ်းများ (ဓာတ်ပုံ - ရိုက်တာ)
ယမန်နေ့က ထုတ်ဝေသည့် အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ဗုံးဖောက်ခွဲ သူများကို ကြိုးကိုင် ထောက်ပံ့ စေခိုင်းနေသူ ပြည်သစ် ညွန့်ဝေခေါ် မောင်မောင် (NLD – ဗဟို အလုပ် အမှုဆောင် ဦးညွန့် ဝေ၏သား)၊ ၀ါရှင်တန်မှ ဒေါ်လာ ပေးပို့၊ ဗုံးပေးပို့ စီစဉ်သူ ဒါရိုက်တာမှာ NCGUB ခေါ် စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် ဆိုသူ ပြည်ပြေး စိန်ဝင်း (ပြည်တွင်း၌ ရှိစဉ်က အမျိုးသား ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်၏ မောင် တ၀မ်းကွဲ) ဟု ဖော်ပြထားသည်။

နယ်စပ် ဒေသရှိ သောင်းကျန်း သူများ၊ ပြည်ပြေး (ဒုက္ခသည် အမည်ခံ) စခန်းများတွင် အနောက် နိုင်ငံသားများ လာရောက်ပြီး ဗုံးခွဲ၊ မိုင်းထောင်နည်း သင်ပေးကြောင်း၊ ဂျင်းရှပ်ဆိုသူ အမေရိကန် အဖျက်သမား၏ ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင်ရေး သင်တန်းသို့ NLD-LA)၊ ABSDF ဘုရားသခင်၏ စစ်သည်တော် အဖွဲ့ စသည့် ပြည်ပြေး သောင်းကျန်းသူများ တက်ရောက် ခဲ့သည်ဟုလည်း သတင်းစာတွင် ရေးသား ထားသည်။

NLD (LA) နိုင်ငံခြားရေးရာ တာဝန်ခံ ကိုမိုးဇော်ဦးက “ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တစုံတရာ ပြဿနာ ရှာချင်တာ၊ တခုခု စွပ်စွဲ ချင်တာရှိတဲ့ အတွက်ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေရဲ့ နာမည်ကိုပါ ဆွဲထည့်တယ်လို့ ကျနော်ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်သူ လူထုကို ထိခိုက် နစ်နာမည့် အကြမ်းဖက်မှုများကို လုံးဝ အားမပေးကြောင်းနှင့် ထိုသို့ ပြုလုပ် သူများကိုလည်း အမြဲတမ်း ရှုတ်ချကြောင်း ၎င်းက ဆိုသည်။

ABSDF တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဆလိုင်း ယောအောင်က ယင်းပေါက်ကွဲမှုနှင့် ပတ်သက်မှု မရှိကြောင်းနှင့် ပြည်သူကို ထိခိုက် နစ်နာအောင် မပြုလုပ်ကြောင်း ငြင်းဆိုလိုက်သည်။

ကိုဆလိုင်း ယောအောင်က “နအဖ ဗိုလ်ချုပ်ကြီးတွေ ကြားထဲမှာ အချင်းချင်း ပြဿနာတွေ ရှိတယ်။ အဲဒီ အပေါ်မှာ အဓိက ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လုပ်ကြံချင်တာလည်း ဖြစ်နိုင်တယ်။ နောက် တခုကတော့ ဖိုးလပြည့်ပေါ့။ ဖိုးလပြည့် ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက်နည်းနဲ့ သော်လည်းကောင်း၊ သွယ်ဝိုက်နည်းနဲ့ သော်လည်းကောင်း သက်ဆိုင်နေတော့ အဲဒါကို ခုတုံးလုပ်ပြီး သူတို့အချင်းချင်း ဖြစ်တဲ့ ပြဿနာလို့ ကျနော်တို့မြင်တယ်” ဟု ဆက်ပြောသည်။

သင်္ကြန် အကြတ်နေ့၊ ကြာသပတေး နေ့က မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ် အနီး၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ ပြည်ပ အခြေစိုက် အဖွဲ့ဝင်များကို စစ်အစိုးရက ယခုကဲ့သို့ စွပ်စွဲခြင်း ဖြစ်သည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း မှုခင်းဌာနသို့ ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက မသိရှိရကြောင်းသာ ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ရှိ သတင်းသမားများ အဆိုအရ ဗုံးပေါက်ကွဲခဲ့သည့် နေ့မှစ၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် မင်္ဂလာတောင်ညွန့် ရဲစခန်းသို့ ပြည်တွင်း မီဒီယာများက ဆက်သွယ် မေးမြန်းခဲ့ကြသော်လည်း ၎င်းတို့က ဖြေပိုင်ခွင့် မရှိကြောင်းသာ ပြန်လည် ပြောဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုတွင် စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက် အရ အမျိုးသားနှင့် အမျိုးသမီး ၈ ဦးသေဆုံး၍ ထိခိုက် ဒဏ်ရာရရှိသူ စုစု ပေါင်း လူဦးရေ ၁၇၀ ရှိကြောင်း သိရသည်။

ရန်ကုန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စနေနေ့တွင် ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်၌ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြစ်ဆုံ ရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် ပညာရှင်များ နေထိုင်သည့် နေရာများတွင် ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့က ပူးပေါင်းဆောင်ရွက်၍ စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော ပိုင်ဆိုင်သည့် အေရှားဝေါလ် ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက် နေသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */