မန်း သင်္ကြန် စီးပွားရေး ဆန်ဦးမည်

Friday, April 09, 2010 ·

ရန်ပိုင် | ယခုနှစ် မန္တလေး သင်္ကြန်သည် ကြော်ငြာ လုပ်ငန်းရှင်များကို လုံးဝ အားထားရသည့် စီးပွားရေး သင်္ကြန်သာ ဖြစ်လာ လိမ့်မည်ဟု မန္တလေး ဒေသခံများက ဝေဖန် ပြောဆိုကြသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရာတွင် စီးပွားရေး ကုမ္ပဏီကြီးများ၏ ကမကထပြုမှုကို အားထားနေရသည့်အပြင်၊ ရေပက်ခံ ထွက်သူ များ အတွက်လည်း ငွေကြေးကုန်ကျစရိတ် ပိုမိုကြီးမြင့်လာသည်ဟု မန္တလေးမြို့ခံ စာရေးဆရာ တဦးက ဧရာဝတီသို့ ပြောသည်။

“Alpine သောက်ရေသန့် မဏ္ဍပ်က သိန်း ၂၅၀ ကျော်ကုန်တယ်၊ အဆိုတော် ငှားတာ မပါသေးဘူး၊ အမျိုးသမီး တယောက် သင်္ကြန်မှာ ရေပက်ဖို့တောင် လေးရက်ကို ငါးသောင်း၊ ၆သောင်းကျနေပြီ၊ ပိုက်ဆံရှိမှလည်လို့ရတဲ့ စီးပွားရေးသင်္ကြန်”ဟု ၎င်းကဆိုသည်။

မန္တလေး သင်္ကြန်သည် ရိုးရာ ယဉ်ကျေးမှုလည်း ပျောက်ကွယ်နေပြီး ရန်ကုန်မြို့မှ နာမည်ကြီး အဆိုတော်များ၊ တီးဝိုင်းများနှင့် ကုမ္ပဏီ ကြီးများ၏ ဈေးကွက်သာဖြစ်နေကြောင်း၊ ယခုနှစ်တွင် စီးပွားရေး ကျဆင်းပြီး ကုန်ကျ စရိတ်များပြားခြင်း တို့ကြောင့် ကုမ္ပဏီကြီး များ၏ ငွေကြေး ထောက်ပံမှုမှာလည်း နည်းပါးလာကြောင်း အဆိုပါ စာရေးဆရာက ပြောသည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရေကစား မဏ္ဍပ်ပေါင်း ၁၁၀ ခန့်တည်ဆောက်ရန် စာရင်းပေးသွင်း ထားသော် လည်း ကုမ္ပဏီကြီးများက ထောက်ပံ့မှု မရှိသည့်အတွက် မဏ္ဍပ် ၃၉ ခုသာ တည်ဆောက်မည်ဟု သိရသည်။

မန္တလေးသင်္ကြန်ဆိုသည်မှာ ယခင်က ဆင်းရဲချမ်းသာမရွေး ပျော်ရွင်စွာရေကစားနိုင်ကြောင်း၊ ယခုအခါ မန္တလေး ကျုံးနံဘေးတွင် လူမျိုးခြား ငွေကြေးချမ်းသာသူများ၏ သင်္ကြန်သာဖြစ်နေကြောင်း စာရေးဆရာ ညီပုလေးကလည်း ပြောသည်။

“အရင်တုန်းက အုန်းလက် ကလေးရှိရင် ရေပက်လို့ ရတယ်လေ၊ အခုတော့ ပိုက်ဆံရှိတဲ့ တရုတ်တွေရဲ့ ကြော်ငြာ အပြည့် မဏ္ဍပ်ကြီး တွေနဲ့ သူတို့သင်္ကြန်ဖြစ်သွားပြီ”ဟု ၎င်းကဆိုသည်။

မြို့ခံ မန္တလေးသားများအနေဖြင့် ယခင်က ရပ်ကွက်များတွင် မဏ္ဍပ်များ ထိုးနိုင်သော်လည်း၊ ယခုအခါ မြို့စွန် ရပ်ကွက်များ သို့ပြောင်းရွှေ့သွားခြင်း၊ စီးပွားရေးကျဆင်းခြင်းများကြောင့် မဏ္ဍပ်များဆောက်လုပ်၍ ရိုးရာ အကများဖြင့် ဧည့်ခံရန် မလွယ်ကူ ကြောင်း ဆရာညီပုလေးက ဆိုသည်။

“ဟိုတုန်းက မန္တလေးက နဂါးဒေါ်ဦး ဆေးလိပ်ခုံ ဆိုတာ မြန်မာပြည်မှာ နာမည်ကြီးပဲ၊ သူ့အိမ်ရှေ့မှာ မဏ္ဍပ်ထိုးတာ သူ့ဆေးလိပ် ကြော်ငြာ တခုမှမပါဘူး၊ အခုခေတ်နဲ့ကွာတယ်”ဟု မန္တလေးမြို့ခံ စာရေးဆရာကလည်း ဝေဖန်သည်။

၁၉၈၈ ခုနှစ်မတိုင်မီက ရပ်ကွက်များတွင် ယိမ်းတိုက်ခြင်း၊ တီးလုံးတိုက်ခြင်း၊ သံချပ်တိုက်ခြင်းများနှင့် ဆူညံ စည်ကား နေသော်လည်း ယခုအခါတွင် သင်္ကြန်အကြိုကာလ တေးသီချင်းများပင် ဖွင့်လှစ်ခြင်းမရှိကြောင်း လူရွှင်တော် ဦးလူမော်က ပြောသည်။

“အခုသင်္ကြန်က ရယ်ဒီမိတ် သင်္ကြန်လေ၊ အကြိုနေ့မှ ရန်ကုန်ကတီးဝိုင်းတွေ၊ ရုပ်ရှင်မင်းသမီး၊မော်ဒယ်တွေကလာမှာ ဘာယိမ်းမှ တိုက် စရာမလိုဘူး၊ စီးပွားရေးမကောင်းတော့လည်း စိတ်မ၀င်စားအားဘူး”ဟု ၎င်းကဆိုသည်။

ယခင်က မန္တလေးမြို့တွင် ဈေးချို၊ မြို့တော်ဝန်မဏ္ဍပ်၊ ဘူတာကြီး၊ နဂါးဒေါ်ဦး စသည့် မဏ္ဍပ်ကြီးများ ရှိကြောင်း၊ မြန်မာလုပ်ငန်းရှင် များအနေဖြင့် မဏ္ဍပ်မထိုးနိုင်တော့ဘဲ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်များ တည်ထောင်ထားသည့် မဏ္ဍပ်ကြီးများတွင် ကခုန်ရုံသာ တတ်နိုင်တော့ကြောင်း ဦးလူမော်ကပြောသည်။ မန္တလေး ကျုံးနံဘေး မဏ္ဍပ်များတွင် ဟစ်ပ်ဟော့ပ် အဆိုတော်များ၊ ဒီဂျေ ဂီတများသာ ခေတ်စားနေသည့် အတွက် မန္တလေးမြို့မ တူရိယာ အသင်းကြီး အနေဖြင့်လည်း မန္တလေးမြို့သားများ ကြိုက်နှစ်သက်ခဲ့သည့် မန်းတောင် ရိပ်ခို၊ တူးပို့တူးပို့ အစရှိသည့် သီချင်းများ သီဆိုနိုင်ရန် ဖိတ်ကြားထားသည့် အိမ်များသို့သာ လိုက်လံ ဖျော်ဖြေ နေရသည်ဟု မန္တလေးသား စာရေး ဆရာက ပြောသည်။

“အခုခေတ်က ယိမ်းကရင် ဆင်းပါတော့ဗျို့လို့အော်တဲ့ခေတ်ဆိုတော့ သင်္ကြန်မှာ မူမပျက်ရအောင်သာ မြို့မက ထွက်နေရတာ”ဟု ၎င်းကဆိုသည်။

DJ ဂီတပညာကို သင်ကြားနေဆဲ သူတယောက်ကို မန္တလေးသင်္ကြန်တွင် ငှားရမ်းလျှင် ကျပ်သိန်း ၂၀ ပေးရကြောင်း၊ မြို့မတီးဝိုင်းမှ အဖွဲ့သားများသည် အခကြေးငွေ ရရှိခြင်းမရှိကြောင်း မန္တလေးမြို့သား စာရေး ဆရာက နှိုင်းယှဉ်ပြောပြသည်။

ယခင်က မန္တလေးမြို့တွင် သင်္ဂဟ၊ ရှုတိုင်းယဉ်၊ မိုးကေသီ၊ သိင်္ဂီ တေးချစ်သူ၊ ထီလာမောင် စသည့် သင်္ကြန်တေးဂီတ၀ိုင်းများ အပြင်၊ သံချပ်ဝိုင်းများ အဖြစ် ဗိုလ်ဆရာသခင်၊ မဟောသဓာ အဖွဲ့များရှိခဲ့သည်။

မန္တလေး ယဉ်ကျေးမှု သင်္ကြန် ဆိုသည်မှာ အလှပြကားတွင် မြန်မာတူရိယာ ဆိုင်းဝိုင်းများ၊ လေမှုတ် တူရိယာများနှင့် ညီညီညာညာက နိုင်ရန် တလ ကိုးသီတင်း ယိမ်းတိုက် ခဲ့ရကြောင်း၊ ယနေ့ခတ်တွင် သင်္ကြန်နားနီးမှ သတင်းစာများတွင် အက သင်တန်းများ ခေါ်ယူ၍ နိုင်ငံခြား အကများကိုသာ ကပြကြောင်း၊ ပိုက်ဆံရှိမှသာ မဏ္ဍပ် အပေါ်တက်၍ ရေကစားနိုင်သည့် စီးပွားရေး သင်္ကြန် ဖြစ်ကြောင်း ဆရာညီပုလေးက သုံးသပ်ပြောဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */