စက်မှုဇုန်အတွင်း သတင်းထောက် ၀င်ခွင့်ပိတ်

Wednesday, February 17, 2010 ·

မျိုးချစ်သူ | လှိုင်သာယာ စက်မှုဇုန် အလုပ်သမား ဆန္ဒပြဓာတ်ပုံများ နိုင်ငံခြား သတင်းမီဒီယာများတွင် ပါခဲ့သည့် အတွက် အလုပ်သမား ၀န်ကြီးဌာနက မီိဒီယာသမားများကို စက်မှုဇုန် အတွင်း မ၀င်ရောက်ရန် ကန့်သတ် ထားကြောင်း သတင်း ရရှိသည်။

“အင်တာနက်မှာ လူတွေ အစုလိုက် ထိုင်နေတဲ့ ပုံတွေပါတယ်။ ဒါကို ၀န်ကြီးက တွေ့သွားတဲ့ အတွက် သတင်းတွေ ပေါက်ကြားတယ် ဆိုပြီးတော့ အခု လှိုင်သာယာစက်မှုဇုန်ကို သတင်းကိစ္စနဲ့ပတ်သက်ပြီးတော့ လာတယ်လို့ ပြောရင် လုံးဝ ၀င်ခွင့် ပိတ်ရမယ်လို့ ညွှန်ကြား ထားတယ်” ဟု ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် စီမံ ခန့်ခွဲရေးရုံး၏ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်း သတင်း မီဒီယာသမား တဦး၏ ပြောပြချက် အရ ပြည်တွင်း သတင်း ဂျာနယ်များတွင် လှိုင်သာယာ စက်မှုဇုန် အလုပ်သမား ကိစ္စနှင့် ပတ်သက်၍ သတင်းများ ရေးသားဖော်ပြခွင့်မရကြောင်း သိရသည်။

“ကျနော်တို့က သတင်းထောက်တွေ ဆိုတော့ သတင်းဖြစ်တဲ့ နေရာကို သွားတယ်၊ သတင်းယူတယ်၊ ဒါက တာဝန်ပဲ။ ဘယ်သူမှ ခိုင်းစရာမလိုဘူး၊ ဘယ်သူမှလည်း တားမြစ်စရာ မလိုဘူး၊ အာဏာရှင်ကတော့ အာဏာ သုံးမှာပေါ့ဗျာ၊ အာဏာနဲ့ ကန့်ကွက်တယ် ဆိုရင်လည်း အားမတန်လို့သာ မာန်လျှော့ရတာပေါ့လေ” ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

လှိုင်သာယာ စက်မှုဇုန်တွင်၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာ လဆန်းပိုင်းမှ စ၍ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည့် အပြင် အင်းစိန် မြို့နယ်၊ လိုင်းယွန်းစီးတီး အထည်ချုပ် စက်ရုံတွင်လည်း လစာ တိုးမြှင့် တောင်းခံသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ဆန္ဒပြမှု ယမန်နေ့ညနေမှ စတင်ဖြစ်ပေါ်ခဲ့သည်။

“အလုပ်သမားတွေ လုပ်အားခတိုးမြှင့် တောင်းဆိုတာကို ဂျာနယ်သမားတွေက သွားပြီးတော့ သတင်းယူတယ်။ အင်တာဗျူးတွေ လုပ်တယ်၊ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ဂျာနယ် သတင်းထောက် လေးတွေ အလွန် လက်သွက် ကြတယ်။ သူတို့ခမျာ သူတို့ ကြိုးစား ပမ်းစား ယူထားရတဲ့ သတင်းတွေကို စာမျက်နှာပေါ်မှာ မတွေ့ရတာတောင် စိတ်ဓာတ်မကျကြဘူး” ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

အလုပ်သမား ဆန္ဒပြမှု ဖြစ်စဉ်များမှာ၂၀၀၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက စက်မှုဇုန် ဇုန် (၃) ရှိ ဆန်နီဖိနပ် စက်ရုံမှ အလုပ်သမား (၁၀၀) ခန့် ဆန္ဒပြမှု၊ ဒီဇင်ဘာ (၁၄) ရက်နေ့က Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဖြစ်ပွားသော ဆန္ဒပြမှုနှင့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် စက်မှုဇုန် (၂) ရှိ ပုစွန် အအေးခန်း စက်ရုံ အလုပ်သမား (၁၀၀) ခန့် ဆန္ဒပြမှုတို့ဖြစ်သည်။

ယင်းနောက် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ (၇) ရက်နေ့တွင် တိုင်ရီ ဖိနပ်စက်ရုံတွင် လည်းကောင်း၊ ဖေဖော်ဝါရီ (၈) ရက်နေ့တွင် ကိုရီးယား နိုင်ငံသားပိုင် အိုပယ် (၂) အထည်ချုပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ် စက်ရုံ တို့တွင် လုပ်သား (၁,၄ဝဝ) ခန့်က ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြမှု ဖြစ်စဉ် အားလုံးတွင် လုပ်အားခ တိုးမြှင့် တောင်းဆိုခြင်းက အဓိက တောင်းဆိုချက်များ ဖြစ်ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */