အလုပ်သမား ဆန္ဒပြမှု အင်းစိန်သို့ ကူးစက်

Wednesday, February 17, 2010 ·

NEJ | ရန်ကုန်မြို့ အင်းစိန် ရွာမ ဆန်စက်လမ်း ခေါ် ဖွဲနုလမ်းရှိ လိုင်းယွန်းစီးတီး အထည်ချုပ် စက်ရုံတွင် အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးရေး အပါအ၀င် တောင်းဆိုချက် (၃) ချက်ကို ဒုတိယနေ့ အဖြစ် ယနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်။

ယမန်နေ့ ညနေ (၄) နာရီခန့်တွင် အလုပ်သမားဦးရေ (၁၀၀) ၀န်းကျင်က အလုပ်ရပ်နားကာ စက်ရုံအတွင်း ငြိမ်သက်စွာ ဆန္ဒပြနေကြပြီး ယနေ့ နံနက်ပိုင်း အလုပ်ဆင်းချိန်တွင်လည်း ဆက်လက် ဆန္ဒပြ နေကြခြင်း ဖြစ်သည်။

“အများပြည်သူ ရုံးပိတ်ရက်မှာ ပိတ်ပေးဖို့ရယ်၊ လက်ရှိ အိုတီကြေး (၁၀၀) ကျပ်ကနေ (၂၀၀) တိုးပေးဖို့ရယ်၊ အခြေခံ လစာတိုးပေးဖို့ တောင်းဆို နေပါတယ်” ဟု အဆိုပါ အလုပ်သမား ဆန္ဒပြပွဲသို့ ရောက်ရှိနေသည့် မျက်မြင် တဦးက ပြောကြားသည်။

အလုပ်သမားများ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုရာ လိုင်းယွန်း စီးတီး အထည်ချုပ် စက်ရုံကို ရဲလုံထိန်းကား (၁၀) စီး၊ မီးသတ်ကား (၁) စီး၊ အချုပ်ကား (၁) စီးတို့ဖြင့် ၀ိုင်းရံ စောင့်ကြပ်နေကြောင်း သိရသည်။

“အခြေအနေက ငြိမ်သက် နေတယ်။ လုံထိန်းကားတွေရှေ့ကနေ ရဲကား အသေးတစီးပါလာတယ်။ အထဲကိုတော့ ၀င်သွားတယ်။ အလုပ်သမား တောင်းဆိုချက်တွေကို ညှိတယ်၊ မညှိဘူး မသိရသေးဘူး” ဟု အဆိုပါ မျက်မြင် ဖြစ်သူက ဆက်လက်ပြောကြားသည်။

အထည်ချုပ် အလုပ်သမား အချို့နှင့် ရင်းနှီးသူ ဈေးသည် တဦးကမူ “အထည်ချုပ် အလုပ်သမားတွေက မနက် (၈) နာရီကနေ ည (၉) နာရီလောက်အထိ အလုပ်လုပ်ကြရတာ။ လစာက (၂) သောင်းခွဲကနေ (၄) သောင်း ကျပ်လောက် အတွင်းပဲ ရတာ။ အခု အစိုးရ ၀န်ထမ်းတွေ တိုးပြီး သူတို့တွေ မတိုးလို့ ဆန္ဒပြကြတာ။ ဒီနေ့တော့ ညှိမယ်လို့ ကြားတာပဲ” ဟု ပြောသည်။

စက်ရုံ အနီး နေထိုင်သူ တဦးကလည်း “တချို့ အလုပ်သမားတွေ ကတော့ မနေ့ညက ပြန်သွားကြပြီ။ အယောက် (၂၀) လောက်ပဲ ပြန်သွားတာ။ တော်တော် များများတော့ ဆက်ပြီး ဆန္ဒပြနေကြတယ်။ မိန်းကလေးတွေ များတယ်။ စက်ရုံထဲမှာပဲ ဆန္ဒပြနေကြတာ။ အလုပ်သမား (၁၀၀) ကျော်လိမ့်မယ်။ အပြင်မှာတော့ လုံထိန်းကားတွေ စောင့်နေတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ စတင်ကာ မြန်မာ နိုင်ငံတွင်းရှိ စက်ရုံ အလုပ်သမားများက လစာနှင့် အလုပ်သမား အခွင့်အရေး တိုးမြှင့်ပေးရေး အတွက် ဆက်တိုက် ဆန္ဒပြ တောင်းဆို လာကြခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */