နအဖသည် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးကို ဂရုမစိုက်ဟု လမ်းပြကြယ်အဖွဲ့ ပြောကြား

Wednesday, February 17, 2010 ·

NEJ | မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား ရောက်ရှိနေစဉ်ကာလတွင် ဒေါ်နော်အုန်းလှအပါအ၀င် အမျိုးသမီး (၄) ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ခြင်းသည် စစ်အစိုးရက လူ့အခွင့်အရေးကို ဂရုမစိုက်ရာရောက်ကြောင်း လမ်းပြကြယ်အဖွဲ့က ပြောကြားလိုက်သည်။

ရွှေတိဂုံဘုရားတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက် ၀တ်ပြုဆုတောင်းသည့်အဖွဲ့၌ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှနှင့် အခြားအမျိုးသမီး (၃) ဦးတို့အား ရန်ကုန် အရှေ့ပိုင်းခရိုင်တရားသူကြီး ဦအောင်သိန်းက ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၅) ရက်တွင် ထိုသို့ ပြစ်ဒဏ်ချမှတ်ခဲ့မှုအပေါ် ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကူညီဖြေရှင်းပေးနေသည့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က “စစ်အစိုးရက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ်ကိုရော၊ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်ကိုရော ဂရုမစိုက်ဘူးဆိုတဲ့ သဘောပြလိုက်တာပဲ။ ကုလသမဂ္ဂက ဘာလုပ်လုပ် သူတို့နအဖက သူ့လမ်းသူလျှောက်မယ်။ သူ့အလုပ်သူ လုပ်မယ် ဆိုတဲ့ ပုံစံမျိုးပေါ်လွင်နေတယ်” ဟု ပြောသည်။

ဒေါ်နော်အုန်းလှတို့သည် ပြီးခဲ့သည့် အောက်တိုဘာ (၃) ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အား ပုဒ်မ ၅၀၅ (ခ)၊ လုံခြုံရေးဆိုင်ရာ ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်မှုအရ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နော်အုန်းလှတို့၏အမှုအား လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးကျော်ဟိုးက “သူတို့ကို အောက်တိုဘာ (၃) ရက်နေ့မှာ စဖမ်းတာပါ။ တောင်ဒဂုံမြို့နယ်မှာ မကွေးပရိယတ္တိစာသင်တိုက်ရှိတယ်။ အဲဒီစာသင်တိုက်က ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခကို ဆွမ်းကပ်တယ်ပေါ့။ ကမ္မ၀ါစာ (၄၂) စောင်ပါ ထည့်ကပ်တယ်ဆိုပြီး သူတို့ဘက်က စွပ်စွဲတာပါ။ အမှုထဲမှာတော့ ကပ်တဲ့အကြောင်းကို မျက်မြင်သက်သေမရှိဘူး။ နောက်ကပ်ခဲ့တယ်ဆိုတဲ့ ကမ္မ၀ါစာ (၄၂) စောင်လည်း တရားရုံးမှာ သက်သေခံ တင်မပြနိုင်ဘူး။ အကပ်ခံရတယ်ဆိုတဲ့ ဆရာတော်ကိုလည်း သက်သေအဖြစ် ပြမထားဘူးပေါ့” ဟု ပြောသည်။

ဒေါ်နော်အုန်းလှတို့အား စွဲချက်တင်ခြင်းသည် မခိုင်လုံသည့်အပြင် ဥပဒေနှင့် လုံးဝငြိစွန်းမှု မရှိသည့်အတွက် အမှုကို ဆက်လက် အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရသာ လုပ်ဆောင်မည်ဆိုပါက တရားသေလွတ်ရမည်ဖြစ်ကြောင်း ဦးကျော်ဟိုးက ပြောသည်။

ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရသူများမှာ ဒေါ်နော်အုန်းလှ၊ သင်္ကန်းကျွန်းမြို့နယ်မှ မချိုချိုလွင်၊ ဒလမြို့နယ်မှ မစန်းစန်းမြင့်နှင့် တောင်ဒဂုံမြို့နယ်မှ မချိုချိုအေး ခေါ် မချိုတို့ဖြစ်သည်။

ယခုအခါ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ကလေးစစ်သားစုဆောင်းမှု အခြေအနေများမှာ ဆိုးဝါးနေကြောင်း ယခုနှစ် ၂၀၁၀ ဖေဖော်ဝါရီ (၁၁) ရက်နေ့အထိ ကလေးစစ်သားစုဆောင်းခြင်းခံရသူ (၉) ယောက်ရှိကြောင်း လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်က ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */