ဘိလပ်မြေဈေး ထောင်တက်နေ၍ ဆောက်လုပ်ရေး လုပ်ငန်းများ အခက်တွေ့

Saturday, February 20, 2010 ·

စိုးမိုး | ဘိလပ်မြေ တအိတ်လျှင် ကျပ် (၂,၀၀၀) ခန့်ထိ ဈေးထောင် တက်သွားခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ အခက်တွေ့နေကြောင်း သိရသည်။

ဘိလပ်မြေ တင်သွင်းခွင့်ရ ကုမ္ပဏီ (၅) ခုမှ ယခင်လ ဖြန့်ဈေးသည် ဘိလပ်မြေ တအိတ် (၅,၅၀၀) ကျပ် ရှိနေရာမှ ယနေ့ ပေါက်ဈေး (၇,၃၀၀) ကျပ်မှ (၇,၅၀၀) ကျပ်အထိ ဈေးထိုးတက်သွား သဖြင့် ဆောက်လုပ်ရေး စီမံကိန်း အများစုမှာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်တွေ့နေကြခြင်းဖြစ်သည်။

“အ၀င်ကုန်က ရှိတယ်။ ကိုယ်စားလှယ်က ထိန်းထားတယ်။ သွင်းခွင့်ရတဲ့ ကိုယ်စားလှယ်က ၂၀၀၀ -၂၀၀၁ နောက်ပိုင်းမှာ သူတို့ (၅) ဦးပဲ ပေးထားတယ်။ ခုချိန်က ဆောက်လုပ်ရေး ပရောဂျက်တွေ အပြီး သတ်ရမယ့် အချိန်၊ အားလုံး အခက်တွေ့ နေကြတယ်” ဟု ဆောက်လုပ်ရေး ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် တဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ဘိလပ်မြေ တအိတ်လျှင် ကျပ် (၅,၅၀၀) ခန့်ရှိနေရာမှ ယခုလ ပထမပတ်ထဲတွင် (၇,၀၀၀) ကျပ် ၀န်းကျင်သို့ မြင့်တက်လာပြီး တတိယပတ်ထဲတွင် (၇,၅၀၀) ကျပ်အထိ မြင့်တက် လာခြင်း ဖြစ်သည်။

စစ်အစိုးရက ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စပြီး ရွှေမေတ္တာ၊ ဇင်ထက်၊ ၀င်း စသည့် ကုမ္ပဏီများအပါအ၀င် လုပ်ငန်းရှင် (၅) ဦးကိုသာ ဘိလပ်မြေတင်သွင်းခွင့် ပေးထားသည်။

“ရွှေမေတ္တာက ခုဆို ကုန်သည်တွေကို ဖြန့်တာလည်း (၇,၃၀၀)၊ သူ့ဆီက လက်လီကိုလည်း (၇,၃၀၀) နဲ့ ရောင်းနေတယ်။ ဆိုတော့ တဆင့်ခံ ကုန်သည်တွေ ဒုက္ခရောက်ကုန်တယ်။ ထိုင်းက အဓိကသွင်းတာ။ ၀ယ်ရင်းဈေးက ဘိလပ်မြေ တအိတ်ကို (၅) ဒေါ်လာပဲ။ ဒါကို ဒီလောက်ဈေးမြှင့် ရောင်းလိုက်တာ အားလုံး ကွိုင်ကုန်တာ” ဟု အဆိုပါ အရောင်းဆိုင် ပိုင်ရှင်က ပြောသည်။

စစ်အစိုးရက ပို့ကုန်ဝင်ငွေ ရှိသူအားလုံးကို ကုန်ပစ္စည်း တင်သွင်းခွင့် ပြုမည်ဟု ကြေညာသော်လည်း ဘိလပ်မြေ တင်သွင်းမှုကိုမူ ခွင့်မပြုကြောင်း၊ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စပြီး ယနေ့အထိ ဘိလပ်မြေ တင်သွင်းခွင့်ရ လုပ်ငန်းရှင် (၅) ဦးသာ ရှိကြောင်း သိရသည်။

နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းကြီးများ ရရှိသူများ အနေဖြင့် ဘိလပ်မြေ အပါအ၀င် ဆောက်လုပ်ရေး ပစ္စည်းများကို ကိုယ်တိုင် တင်သွင်းခွင့် ရရှိသော်လည်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများ အတွက်မူ တဆင့်ခံ ၀ယ်ယူ အသုံးပြုနေရခြင်း ဖြစ်သည်။

ဘိလပ်မြေ တင်သွင်းခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ဈေးကွက်အတွင်း ဘိလပ်မြေ အ၀ယ်ပေါ်မူတည်ပြီး ဈေးအတက်အကျ ဖြစ်ပေါ်ကြောင်း သိရသည်။

“ဘိလပ်မြေက ပြည်ပပေါက်ဈေးလိုက်ပြီး တက်တာ ကျတာ မဟုတ်ဘူး။ ဈေးကွက်ထဲ ၀ယ်အားများလာရင် တက်တယ်၊ ၀ယ်အားလျော့သွားရင် ကျတယ်။ မနှစ်က ဈေးကိုကြည့်ရင် တအိတ် အမြင့်ဆုံး (၈,၀၀၀) ကျော်ကနေ အနိမ့်ဆုံးက (၃,၀၀၀) ကျပ်ရှိတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဧပြီလ အတွင်းက မန္တလေးတိုင်း အတွင်းရှိ ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံများကို ကျောက်ဆည်မြို့ သံရွာသို့ မပြောင်းရွှေ့သည့် အတွက် ပိတ်ပစ်ခဲ့ပြီးသည့်နောက် ပြည်တွင်း ဘိလပ်မြေ ထုတ်လုပ်မှု ကျဆင်းသွားခဲ့ရကာ ပြည်ပမှ တင်သွင်းမှုကိုသာ အဓိက အားထားနေရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */