မြိုင်ကြီးငူ ဆရာတော် ဘန်ကောက်တွင် ဆေးကုသမှုခံယူ

Saturday, February 20, 2010 ·

ရဲရင့် | တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) အဖွဲ့ကို စတင် ဖွဲ့စည်း ပေးခဲ့သည့် နာယက ဆရာတော် ဦးသုဇနသည် အဆုတ်နှင့် အစာအိမ်တွင် အနာဖြစ်သောကြောင့် ဘန်ကောက်မြို့ ဆူကွန်ဗစ် (၁) လမ်းရှိ ဘန်ရွန်ဂရတ် (Bumrungrad) ပုဂ္ဂလိက ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက် ရှိသည်။

ဆရာတော်ကို သွားရောက် ကြည့်ရှုခဲ့သည့် ဒကာတဦးက “ဘုန်းကြီး ရောဂါက အတော်ဆိုးတယ်။ ရန်ကုန်မှာ ကုရင်တော့ မလွယ်ဘူး။ အစာအိမ်နဲ့ အဆုတ်မှာရှိတဲ့ အနာတွေရဲ့သွေးပုပ်တွေကို စက်နဲ့စုပ်ပြီးထုတ်ရတယ်။ ဆရာတော် ကတော့ အခုကြပ်မတ်ဆောင်မှာပဲ နေရတယ်။ ရန်ကုန်မှာ ကုလို့ မပျောက်တာက ပရောဂလို့ ပြောကြတယ်။ ကျနော် ထင်တာကတော့ နိုင်ငံရေး ပရောဂပါမယ်လို့ ထင်တယ်။ မင်္ဂလာဒုံ စစ်ဆေးရုံမှာကုတာ ဘာရောဂါမှ မရှိဘူးလို့ ပြောတယ်” ဟု ပြောသည်။

သက်တော် (၆၄) နှစ်ရှိ ဆရာတော် ဦးသုဇနသည် ယခုလ (၁၀) ရက်တွင် ဆေးရုံ တက်ရောက်ခြင်း ဖြစ်ပြီး အပါးတော်မြဲ အဖြစ် (ဒီကေဘီအေ) တပ်မဟာ (၅) ကလို့ထူးဘောဗျူဟာမှူး စောမောသိုက လိုက်ပါ စောင့်ရှောက်ပြီး ဆရာတော်၏ ဝေဒနာမှာ သက်သာခြင်း မရှိသေးကြောင်း ပြောသည်။

ဆရာတော် ဘန်ကောက်တွင် ဆေးကုသရေး အတွက် ခရီးသွား လက်မှတ် ရရှိရန် မြန်မာ အာဏာပိုင်များနှင့် အကြိတ်အနယ် ဆွေးနွေး ခဲ့ရသည်ဟုလည်း ဆရာတော်၏ ဒကာရင်းတဦးက ပြောသည်။

ဆရာတော်အား သွားရောက် ဖူးမြော်သည့် ဒကာများကို တာဝန်ကျ ဆရာဝန်တဦးက စိုးရိမ်စရာ မရှိပါဟု ယမန်နေ့က ပြောကြား သော်လည်း အနီးကပ် ဖူးမြော်ခွင့်ကို ပိတ်ပင်ထားပြီး အနည်းဆုံး ရက်သတ္တပတ် (၃) ပတ်ခန့် ဆေးရုံတွင်နေရမည်ဟု ပြောသည်။

၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်တွင် ဆရာတော်သည် ဒီကေဘီအေ (၉၀၇) ကလို့ထူးဘော ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောမောသိုနှင့် အတူ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် ကေအန်ယူ ခေါင်းဆောင် (၄) ဦးနှင့် မဲဆောက်မြို့တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်။

ယခုကဲ့သို့ မြန်မာ စစ်အုပ်စုနှင့် အဆင်ပြေသည့် ဒီကေဘီအေ ဆရာတော် ဘန်ကောက်တွင် ဆေးရုံ လာတက်ရသည့် အနေအထားနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပရှိ ကရင်များက နအဖ၏ လုပ်ရပ်ကို နားမလည် နိုင်အောင်ဖြစ်ရသည်ဟု ကရင် ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။

ဒီကေဘီအေ အဖွဲ့သည် ၁၉၉၅ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည့် အပစ်ရပ် အဖွဲ့ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */