ကင်တားနား၏ အစီရင်ခံစာ ပြည့်စုံမည် မဟုတ်ဟု တိုင်းရင်းသားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ဝေဖန်

Saturday, February 20, 2010 ·

ဝီရ | ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စာလှယ် မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံ (၅) ရက်ကြာခရီးစဉ် အတွင်း တိုင်းရင်းသား ခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှား သူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့သည့် အတွက် ကုလသမဂ္ဂသို့ တင်ပြမည့် ၎င်း၏ အစီရင်ခံစာသည် ပြည့်စုံမှု ရှိမည် မဟုတ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် တိုင်းရင်းသား တို့၏ အမြင် သဘောထားများကို မစ္စတာ ကင်တားနား သိခွင့် မရလိုက်သည့် အတွက် ဝမ်းနည်းမိကြောင်း မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

“၂၀၁၀ ခုနှစ်ဟာ မြန်မာပြည်သားတွေ အတွက် အရေးကြီးတဲ့ နှစ်လို့ ကင်တားနားက မလာခင် ပြောသွားတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားတွေရဲ့ အမြင်ကိုလည်း သိသင့်လျက်သားနဲ့ သိခွင့် မရလိုက်ဘူး။ ဒါဟာ သူ့ခရီးစဉ် အောင်မြင်မှု ရှိ မရှိ တိုင်းတာရာမှာ လိုအပ်သွားတဲ့ အဓိက သော့ချက် တခုဖြစ်တယ်။ တိုင်းရင်းသားတွေ ဘာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတာလဲဆိုတာ ကင်တားနား အနေနဲ့ သိကိုသိသင့်တဲ့ ကိစ္စပါ။ အခုဟာက တိုင်းရင်းသားတွေရဲ့ အမြင်တွေကို မမေးမြန်းဘဲ၊ မလေ့လာဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်အောင် ကုလသမဂ္ဂကလည်း တွန်းအားပေးနေသလို ဖြစ်နေတယ်” ဟု နိုင်ငွေသိန်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

မစ္စတာ ကင်တားနားသည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော စီအာပီပီ ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီနှင့်လည်း တွေ့ဆုံခွင့် မရရှိခဲ့ပေ။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က “တိုင်းပြည်ရဲ့ အနာဂတ် ကောင်းကျိုးအတွက် တည်ဆောက်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန်အယ်လ်ဒီ၊ ဒီမိုကရက်တစ်အင်အားစု၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုရဖို့ တပ်မတော်အစိုးရက ဒီ့ထက် လမ်းဖွင့်ပေးရမှာပါ။ ဒါမှ စစ်မှန်တဲ့ အောင်မြင်မှုလို့ ပြောလို့ရမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ဟိုတကွက် ဖွင့်ပေးလိုက်၊ ဒီတကွက် ပြန်ပိတ်လိုက်နဲ့ ဆက်သွားနေရင် ပြည်သူတွေအတွက် နစ်နာသည်ထက် ပိုနစ်နာလာတာပဲရှိမယ်။ အစိုးရတရပ်အနေနဲ့ တိုင်းပြည်အခြေအနေ တိုးတက်လာနေတယ်လို့ အမှန်တကယ် ပြသချင်ရင်တော့ မစ္စတာ ကင်တားနားနဲ့ စီအာပီပီ တွေ့ခွင့်ပေးသင့်တာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကူညီဖြေရှင်းပေးနေသည့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က “မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာမှု အမှန်တကယ် ရှိ မရှိ သိရအောင် မစ္စတာ ကင်တားနားက လူ့အခွင့်အရေး မြှင့်တင်နေသူတွေနဲ့ တွေ့ခွင့်ရမှ ဖြစ်မှာပေါ့။ စစ်အစိုးရကလည်း တွေ့ခွင့်မပေးဘူးဆိုတော့ သူ တင်ပြမယ့် အစီရင်ခံစာက ဘယ်လောက် ပြည့်စုံမှုရှိမှာလဲ။ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာနေပါတယ်လို့ ပြောရဖို့က လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ရမှာပေါ့။ စစ်အစိုးရဘက်ကလည်း ကျနော်တို့နဲ့ တွေ့ခွင့်မပေးတာ ရိုးသားမှု မရှိတဲ့သဘော ဆောင်တာပေါ့” ဟု ပြောသည်။

ကင်တားနား ခရီးစဉ်အတွင်း တွေ့ခွင့်ရရန် သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရရှိခဲ့ကြောင်းလည်း ရှေ့နေ ဦးအေးမြင့်က ဆက်လက်ပြောကြားသည်။

၎င်းက “မစ္စတာ ကင်တားနားနဲ့ တွေ့ဖြစ်ရင် မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက် ခံနေရမှု ဘယ်လောက်အထိ ဆိုးဝါး နေလဲဆိုတာ ပြောဖို့ ပြင်ထားပေမယ့် အကျိုးမရှိခဲ့ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ မစ္စတာ ကင်တားနား၏ ယခု (၃) ကြိမ်မြောက် ခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆို ထားသော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ၎င်း၏ နောက်ဆုံးနေ့ ယနေ့ခရီးစဉ်တွင် နေပြည်တော်ရှိ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် လူ့အခွင့်အရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မောင်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၊ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ချို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တားနားသည် လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ တနှစ်လျှင် (၂) ကြိမ် လာရောက် လေ့လာခွင့် အတွက် စစ်အစိုးရနှင့် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */