ရွေးကောက်ပွဲ ၀င်ရန် မဆုံးဖြတ်နိုင်သေးဟု ဒေါ်အောင်ဆန်းစုကြည်ဆို

Thursday, February 11, 2010 ·

ကိုထွေး | ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ယခုအချိန်တွင် ဆုံးဖြတ်ချက် မချမှတ်နိုင်သေးဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားကြောင်း သိရှိရသည်။


(ဓာတ်ပုံ - Steve McCurry)
အိမ်ပြင်ဆင်ရေး အတွက် ကိုယ်စားလှယ် လွှဲအပ်ထားခြင်း ခံရသူ ဦးထင်ကျော်နှင့် ဦးဉာဏ်ဝင်းတို့သည် ယမန်နေ့က နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ၂ နာရီ ကျော် ကြာသွားရောက် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

“ရွေးကောက်ပွဲ ၀င်ဖို့ ဒီအချိန်မှာ ဆုံးဖြတ်လို့ မဖြစ်နိုင် သေးဘူးလို့ ပြောတယ်၊ သတင်း လွတ်လပ်မှုတွေ မရှိရင်လည်း ရွေးကောက်ပွဲဟာ ဘာမှ တန်ဖိုးရှိမှာ မဟုတ်ဘူး လို့လည်း ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး အဖွဲ့အစည်း များနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုမှုများ ရှိသော်လည်း အသေးစိတ် ပြောဆို၍ မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

ချမှတ် ထားသည့် အဆင့် ၇ဆင့်ရှိ လမ်းပြမြေပုံအရ ယခုနှစ်အတွင်းတွင် ရွေးကောက်ပွဲကို ကျင်းပရန် စစ်အစိုးရက ကတိပေးထား သော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့်ရက်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

သို့ဖြစ်၍ ၁၉၉၀ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အပါအ၀င် တရားဝင် မှတ်ပုံတင်ထားသော လက်ရှိ နိုင်ငံရေး ပါတီ ၁၀ဖွဲ့ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးလှုပ်ရှားမှု တစုံတရာ ပြုလုပ်နိုခြင်းမရှိချေ။

သို့သော် စစ်အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်များက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အချို့သော ဒေသများတွင် မဲဆွယ် စည်းရုံးမှုများပြုလုပ်နေကြောင်း သတင်းများ အရ သိရသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာနှင့် အောက်တိုဘာလများတွင် ကျင်းပနိုင်ကြောင်း သုံးသပ်လေ့လာသူများက ခန့်မှန်း ပြောဆိုမှုများ ရှိကြသည်။

အကယ်၍ ကျင်းပဖြစ်ပါက ၁၉၉၀ခုနှစ် နောက်ပိုင်း ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် NLDက အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အသိအမှတ် ပြုခြင်းမရှိပေ။

စစ်အစိုးရအနေဖြင့် အခြေခံ ဥပဒေသစ်တရပ်ကို ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုကာ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့သည်။

ယခုအသစ်ရေးဆွဲထားသော အခြေခံ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အရွေးချယ်ခံခွင့် မရှိသကဲ့သို အသစ် ဖွဲ့စည်းမည့် လွတ်တော်တွင်လည်း စစ်တပ်၏ ကိုယ်စားလှယ်များကို ရွေးကောက်ခြင်း မပြုဘဲ ၂၅ ရာခိုင်နှုန်းအထိရယူခွင့်ပြုပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ ဥပဒေပြုခွင့် အုပ်ချုပ်ခွင့်များကို ချုပ်ကိုင်ခွင့်ပြုထားသည်။

တရားစီရင်ရေးကိုလည်း စစ်တပ်က တင်မြှောက်မည့် သမ္မတ၏ လက်အောက်ခံ အဖြစ်ပြဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ဆင်သည့် ကိစ္စကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း ထုတ်ထားခြင်းနှင့် ပတ်သက်၍ လာမည့် မတ်လတွင် ကြားနာမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */