အမေရိကန် နိုင်ငံသား မြန်မာပြည်သား ညီညီအောင်ကို ထောင် ၅ နှစ် ချမှတ် - AAPP ထုတ်ပြန်

Thursday, February 11, 2010 ·

မိုးမခ အထောက်တော် | ယနေ့ ထုတ်ပြန်ချက်တွင် ၂၀၀၉ စက်တင်ဘာ ၃ ရက်က ၇န်ကုန် မင်္ဂလာဒုံ လေဆိပ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံထားရသူ အမေရိကန် နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသား၊ မြန်မာ့ အရေး လှုပ်ရှားသူ ကျော်ဇောလွင် ခေါ် ကိုညီညီအောင်ကို စစ်အစိုးရ၏ တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ် လိုက်သည်ဟု ထိုင်းအခြေစိုက် အေအေပီပီ အမည်ရှိ မြန်မာ့လူ့အခွင့်အရေး စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်သည်။

ပုဒ်မ ၄၆၈ - စာရွက် စာတမ်း အတုပြုလုပ်မှုဖြင့် ထောင် ၃ နှစ်၊ အပိုဒ် ၂၄ - နိုင်ငံခြားငွေ အက်ဥပဒေဖြင့် ထောင် ၁ နှစ်၊ အပိုဒ် ၆ (၃) - နိုင်ငံသား မှတ်ပုံတင် ဥပဒေ ဖြင့် ထောင် ၁ နှစ် တို့ကို အကြောင်းပြုပြီး ထောင်ဒဏ်များကို တခုပြီး တခု ကျခံစေရန် ရုံးက ချမှတ် လိုက်သည်ဟု ဖော်ပြထားသည်။ အမှုသည် ညီညီအောင်၏ ရှေ့နေများမှာ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ ဖြစ်ကြောင်း အေအေပီပီက စာတွင် ပါဝင်သည်။

ညီညီအောင်သည် အသက် ၄၀ နှစ် ရှိပြီး မြန်မာပြည်မှာ နေထိုင် ခဲ့စဉ်ကတည်းက နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်သည်။ အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီးနောက်တွင်လည်း မြန်မာအရေးကို တက်ကြွစွာ ဆောင်ရွက် နေသူဖြစ်သည်။ စစ်အစိုးရက ၎င်းကို လေဆိပ်တွင် ဖမ်းဆီးပြီးနောက် အကြမ်းဖက် ညှင်းပန်း နှိပ်စက်မှုများ ကျုးလွန်ခဲ့သည်ဟု အေအေပီပီက ဆိုသည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကလည်း ညီညီအောင်ကို ပြန်လွှတ် ပေးရန် တောင်းဆိုခဲ့ကြသည်။

ပြည်ပရောက် ၎င်း၏ မိတ်ဆွေများ၊ မြန်မာ မိသားစုကလည်း ညီညီအောင် လွတ်မြောက်ရေး အတွက် သက်ဆိုင်ရာ နိုင်ငံများတွင် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */