လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ဒေါ်စုနဲ့ တွေ့ဖို့ မျှော်လင့်

Friday, February 12, 2010 ·

VOA | မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒီနှစ် နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း မစ္စတာ ကင်တားနားက ဆွေးနွေးဖို့ ရှိပါတယ်။

မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြောင့် ၂၀၁၀ ဟာ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကို ဖမ်းဆီးထားတဲ့အတွက် လုပ်မယ့် ရွေးကောက်ပွဲဟာ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့ မလားလို့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေနဲ့ အနောက် နိုင်ငံတွေက သံသယ ရှိနေကြပါတယ်။

နားဆင်ရန်

source by : VOA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */