ရွှေပြည်သာတွင်လည်း အလုပ်သမားများ ဆန္ဒပြ

Saturday, February 20, 2010 ·

သန်းထိုက်ဦး | ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် (၁) ရက်စ်တူး အထည်ချုပ် စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်က အလုပ်သမား ရပိုင်ခွင့်များ အတွက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆန္ဒပြ တောင်းဆိုကြသည်။

ဆန္ဒပြသည့် အကြောင်းရင်းများတွင် ကျန်းမာရေး မကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်ပင် အလုပ်သမားတို့က ဒဏ်ငွေ ပေးဆောင်နေရသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။

“တရက် အလုပ် ပျက်ရင်၊ နေမကောင်းလို့ ပျက်ကွက် ခဲ့ရင်တောင် ၂၀၀၀ ဖြတ်တယ်” ဟု ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“တောင်းဆိုတဲ့ အချက် တွေကတော့ ၆ ချက်လောက်ရှိတယ်” ဟု သူက ဆိုသည်။

ညနေ ၄ နာရီအချိန်၌ လူစုခွဲလိုက်သည်ဟု သူက ပြောသည်။

အာဏာပိုင် အဖွဲ့အစည်းများ ရောက်ရှိသွားပြီး အလုပ်သမားများ ဆန္ဒပြရခြင်း အကြောင်းရင်းကို မေးမြန်းခဲ့ကြောင်း၊ စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။ အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ် လာခြင်း မရှိပေ။

ယခုလအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။

ယမန်နေ့က အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ်သမားများက လစာတိုးရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့သည်။ အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။

လှိုင်သာယာရှိ စက်ရုံတချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ယခင်တပတ်က ပေါ်ပေါက်ခဲ့သည်။

ရန်ကုန်မြို့ရှိ စက်ရုံ အလုပ်သမား တဦး၏ အနိမ့်ဆုံး လစာမှာ ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) ၀န်းကျင် ဖြစ်သည်ဟု သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */