သင်္ကန်းကျွန်းဈေး ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်

Sunday, February 14, 2010 ·


တက်လူ/ ယမန်နေ့ ည (၇) နာရီကျော်ခန့်တွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့ နယ် လေးထောင့်ကန် လမ်းမပေါ်တွင်ရှိသော သင်္ကန်းကျွန်း ဈေးဟောင်းကြီး မီးလောင်သဖြင့် (၈၅) ရာခိုင်နှုန်းခန့် ဈေးကြီးမီးလောင်ပျက်စီးသွားကြောင်း သင်္ကန်းကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြောသည်။

မီးလောင်မှုမှာ လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ရာကတဆင့် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ ဖြစ်သည့်အတွက် ဈေးပိတ်သော်လည်း ဈေးရှိလုံခြုံရေးမီးကတဆင့် ရှော့ခ်ဖြစ်ကာ လောင်ခြင်းဖြစ်ကြောင်း အဆိုပါမီးသတ်ဌာနမှ မီးသတ်ရဲဘော်တဦးက ပြောသည်။

အဆိုပါဈေးမှ ၀န်ထမ်းတဦးက “ ဈေးတွေမှာညအတွက် လုံခြုံရေးမီးတွေရှိတယ်၊ အဲဒါက ရှော့ခ်ဖြစ်ပြီးလောင်တာ၊ ပြောရရင်တော့ ၀ါယာကြိုးတွေက ဟောင်းနေပြီလေ၊ စိတ်မချရတော့ဘူး၊ ပြန်လဲသင့်နေပြီ၊ ရန်ကုန်က ဈေးတွေတော်တော် များများမှာ အဲဒီအတိုင်းပဲ၊ စိတ်မချရဘူး၊ အန္တရာယ်ရှိတယ်” ဟုပြောသည်။


“မီးလို့ ပြောလိုက်တာနဲ့ အနီးအနားတွေကပဲ ၀ိုင်းငြှိမ်းရတာပဲ၊ အဲဒီ လမ်းမှာ စည်ပင်က ကွန်ကရစ်လမ်းခင်းနေတယ်၊ လုပ်ငန်းခွင်ဖြစ်တဲ့အတွက် လမ်းက ကားတွေမောင်းလို့ မရဘူး၊ (၄) လမ်းသွားမှာ (၂) လမ်းပဲသွားလို့ရတာ။ ရုတ်တရက် မီးလောင်တော့ မီးသတ်ကားတွေ ၀င်မရဖြစ်သွားတာပေါ့၊ ဘာပဲဖြစ်ဖြစ် မီးလောင်နေတာဆိုတော့လည်း မဖြစ်မနေ ၀င်ရတာပေါ့၊ မီးညွန့်က ည (၁၀) နာရီလောက်မှ ကျိုးတာ၊ ဈေးနားက အိမ်(၂) လုံးတောင် မီးထဲပါသွားသေးတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ရန်ကုန်တိုင်းမီးသတ်ဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ ဈေးရှိဆိုင်ခန်းပေါင်း (၇၈၆) ခန်းတွင် (၆၅၄) ခန်း မီးလောင်ပျက်စီး သွားကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း(၅၀) ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း သိရသည်။

ဈေးသည်များအတွက် လောလောဆယ် မည်သို့ဆောင်ရွက်ပေးမည်ကို မသိရသေးသော်လည်း အဆိုပါမီးလောင်မှုကြောင့် ဈေးတာဝန်ခံကို အရေးယူထားကြောင်း သိရသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */