ခွဲစိတ် သေဆုံးမှု သတင်းများကို ပြည်တွင်း၌ ပိတ်ပင်

Thursday, January 14, 2010 ·

တက်လူ | ပုဂ္ဂလိက ဆေးခန်းများတွင် ခွဲစိတ်မှု ခံယူရင်း သေဆုံးမှု ဖြစ်ပွားသော သတင်းများကို ပြည်တွင်း သတင်း ဂျာနယ် တို့တွင် လုံးဝ ဖော်ပြခွင့်မရကြောင်း ပြည်တွင်းသတင်းဂျာနယ် အသိုင်းအ၀ိုင်းမှ သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၅) ရက်နေ့က တောင်ဥက္ကလာပ မြို့နယ် (၉) ရပ်ကွက်၊ သူရ (၄) လမ်းတွင် နေထိုင်သော ဒေါ်ကြည်လေး အသက် (၅၉) နှစ်သည် သင်္ကန်းကျွန်း၊ (၁၆) ကွေ့ရှိ အောင်ရတနာ (၂၄) နာရီ အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှုခံယူရင်း သေဆုံးသည့် သတင်းအား ပြည်တွင်း သတင်း ဂျာနယ်များက ရေးသား ဖော်ပြရန် ကြိုးစားခဲ့သော်လည်း ဖော်ပြခွင့် မရခဲ့ကြောင်း သတင်း အယ်ဒီတာ တဦးက ပြောသည်။

လူနာမှာ ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာ (၂၃) ရက်နေ့က ချော်လဲကာ လက်နှင့် တင်ပါးဆုံရိုးပါ ကျိုးသွားသည့် အတွက် အောင်ရတနာ ဆေးခန်းတွင် ပထမအကြိမ် ကုသမှုခံယူခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော်လည်း မသက်သာသည့်အတွက် ဇန်န၀ါရီ (၄) ရက်နေ့က ထပ်မံ တက်ရောက် ကုသခဲ့ကာ ဇန်န၀ါရီ (၅) ရက်နေ့တွင် ခွဲစိတ် ကုသမှု ခံယူရင်း သေဆုံးခြင်း ဖြစ်ကြောင်း သေဆုံးသူ ဒေါ်ကြည်လေး၏ မိသားစုဝင်များက ပြောသည်။

လူနာအား ခွဲစိတ်ကုသမှုမပြုလုပ်မီ စစ်ဆေးမှုများကို အာရှတော်ဝင် ဆေးခန်းတွင် ဆရာဝန်ကြီး ဦးတင်သန်းဖြင့် စစ်ဆေးရန် အောင်ရတနာ ဆေးခန်းမှ တာဝန်ရှိသူများ၏ စေညွှန်းချက်အရ စစ်ဆေးခဲ့ရာ မည်သည့် ရောဂါမျှ မရှိဟု ဆေးမှတ်တမ်းတွင် အဖြေ ရေးထားပေးကြောင်း၊ ထို့အပြင် သွေးတိုး၊ ဆီးချို စသော ရောဂါများလည်း မရှိသည့် အတွက် အောင်ရတနာ အထူးကု ဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာသီဝတင်၏ ခွင့်ပြုချက်ဖြင့် ခွဲစိတ်ခဲ့ကြောင်း ဒေါ်ကြည်လေး၏ သမီးဖြစ်သူက ပြောသည်။

ဒေါ်ကြည်လေးမှာ ခွဲစိတ်မှု ပြုလုပ်စဉ် အတွင်း သွေးကြောအတွင်းသွေးခဲကာ အဆုတ်တွင် သွားရောက် ပိတ်ဆို့မှုကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု အောင်ရတနာ ဆေးခန်းမှ ပြောကြောင်း မိသားစုဝင်တဦးက ပြောသည်။

အောင်ရတနာ ဆေးခန်းသို့ ခေတ်ပြိုင်က ဆက်သွယ် မေးမြန်းခဲ့ရာ ဆေးခန်းမှ ဖုန်းကိုင်သူ တဦးက “ဒေါ်ကြည်လေး သေဆုံးတာ မှန်ပါတယ်။ ဒါပေမယ့် ဆေးပညာနဲ့ ပတ်သက်ပြီးတော့ ဘာမှနားမလည်ဘဲနဲ့တော့ သတင်းတွေရေးဖို့ မကြိုးစားကြပါနဲ့။ သေသေချာချာ အကြောင်းစုံကို စုံစမ်းပါ။ ဒါမျိုးက ဖြစ်တတ်သလား၊ မဖြစ်တတ်ဘူးလား ဆိုတာကိုပေါ့။ ဆရာဝန်ကိုချည်းပဲ အပြစ် မပုံကြပါနဲ့” ဟု ပြောသည်။

သေဆုံးသူ ဒေါ်ကြည်လေးနှင့် ပတ်သက်၍ ကုန်ကျငွေ (၁၂) သိန်းကျော်ကို အောင်ရတနာ ဆေးခန်းမှ ပြန်ပေးပြီး အသုဘစရိတ် ကုန်ကျငွေကိုလည်း ပေးကြောင်း အဆိုပါ မိသားစုနှင့် နီးစပ် သူများက ပြောသည်။

အောက်တိုဘာ (၂၇) တွင် SSC အထူးကု ဆေးခန်း၌ ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း မီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြရာ ဆေးကောင်စီက ခွဲစိတ် အထူးကု ဆရာဝန် ဦးကြည်စိုးအား ဆေးကုသခွင့် လိုင်စင် (၅) နှစ် ပိတ်ပင်လိုက်ပြီး အဆိုပါ ဆေးခန်းအား လုံခြုံ စိတ်ချရသည့် အရည်အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထားရှိရန် ပြင်းထန်စွာ သတိပေးခဲ့သည့်အတွက် အောင်ရတနာဆေးခန်းမှ သေဆုံးသည့်မိသားစုကို လက်ဦးမှုရယူကာ ဂရုတစိုက် ပြုလုပ်ပေးခြင်း ဖြစ်နိုင်ကြောင်း ဆေးလောကမှ ဝေဖန်သည်။

ပြည်တွင်း သတင်း ဂျာနယ် တစောင်မှ တာဝန်ခံ အယ်ဒီတာ တဦးက “ပြည်တွင်း ဂျာနယ်တွေက ဒါမျိုးတွေကို ရေးချင်ကြတယ်။ ဖြစ်နိုင်ရင် တဖက်နဲ့ တဖက် အကြောင်းတွေကို အပြန်အလှန်ပေါ့။ ဒါပေမယ့် ရေးခွင့်မရဘူး။ ဒါကလည်း ဆင်ဆာရှိနေလို့ပါ။ ဆင်ဆာ ရှိနေတာ ကောင်းတယ် လို့လည်း ပြောနိုင်ပါတယ်။ စည်းလွတ် ၀ါးလွတ် မဖြစ်တော့ဘူးပေါ့။ ဒါပေမယ့်လည်း အခုလို ဖြစ်တဲ့ကိစ္စမှာ ဘယ်သူက အမှန်လဲ၊ ဘာ့ကြောင့် ဖြစ်ရတာလဲ၊ ဒါမျိုးတွေ ဖြစ်တတ်သလား၊ ဒါဆိုရင် လူတွေကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုနေထိုင်သင့်တယ် စသဖြင့် နောက်ဆက်တွဲတွေရေးလို့ ရတာပေါ့ ” ဟု ပြောသည်။

စာပေ စိစစ်ရေးက မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်သည့် သတင်းကို အစပိုင်းတွင် ပြည်တွင်းဂျာနယ်များ၌ ဖော်ပြခွင့်ပေးခဲ့ သော်လည်း မခိုင်ရွှန်းလဲ့ရည် သေဆုံးပြီး နောက်ပိုင်း ဆေးရုံဆေးခန်းများနဲ့ ပတ်သက်သော သတင်းဆိုးများကို နောက်တကြိမ် ပြည်တွင်း သတင်း ဂျာနယ်များတွင် မဖော်ပြရဟု ညွှန်ကြားထားကြောင်း စာပေ စိစစ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

မခိုင်ရွှန်းလဲ့ရည်အား ခွဲစိတ်သည့် ခွဲစိတ် အထူးကု ဆရာဝန် ဦးကြည်စိုးအား ဆေးကုသခွင့်လိုင်စင် (၅) နှစ်ပိတ်ပင်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ဦးကြည်စိုးဘက်မှ ဖြေရှင်းသူများက အီးမေးလ်များမှတဆင့် စာများဖြန့်ခဲ့သည်။ သတင်းရေးသည့် ဂျာနယ်များ အနေဖြင့် အကျိုးအကြောင်း သေချာစုံစမ်း ရေးသားစေလိုကြောင်း၊ လူနာမှာ ခွဲစိတ်မှုကြောင့် သေဆုံးခြင်း မဟုတ်ကြောင်း မေးလ်များတွင် ပါရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */