ဘဏ္ဍာရေးနှစ် မကုန်ခင် ကန်ထရိုက်များ ခပ်သွက်သွက် ချထား

Thursday, January 14, 2010 ·

စိုးမိုး | စစ်အစိုးရက ၂၀၀၉- ၂၀၁၀ ဘဏ္ဍာရေးနှစ် ကုန်ခါနီး နောက်ဆုံး လေးလပါတ်တွင် နိုင်ငံပိုင် အဆောက်အဦ တည်ဆောက်ရေး ကန်ထရိုက် အများအပြားအား အချိန်တို အတွင်း လုပ်ငန်းများ ချထား ပေးနေသည်။

လာမည့် ဧပြီလတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်မတိုင်မီ ရန်ကုန်မြို့တော်ရှိ နိုင်ငံပိုင် အဆောက်အဦများ အားလုံး အပြီးသတ် လေလံတင် ရောင်းချနိုင်ရေး လုပ်ကိုင်လျက်ရှိရာမှ ယခုတဖန် နိုင်ငံပိုင် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများ အတွက် ကန်ထရိုက် အများအပြား ချထားပေးလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းမှ စပြီး အလတ်စား ရေအားလျှပ်စစ်စက်ရုံများ၊ နိုင်ငံပိုင် ကျောက်မျက်ပြတိုက်တို့တွင် ဆောက်လုပ်ရေး ကန်ထရိုက်များ ချထားပေးခဲ့ပြီးနောက် ယခုတဖန် (၁၅) ဧက ကျယ်ဝန်းမည့် မိုးလုံလေလုံ အားကစားကွင်း တည်ဆောက်ရေး ကန်ထရိုက် ချထား ပေးလိုက်ခြင်း ဖြစ်သည်။

“လေလံတင်တာ ရောင်းတာလည်း ပွင့်ပွင့်လင်းလင်း ကြေညာ ရောင်းချတာ မဟုတ်ဘူး။ အခု ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ယှဉ်ပြိုင်ပြီး ချထားပေးတာ မဟုတ်ဘူး။ လက်သိပ်ထိုး လုပ်နေတာ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။

အဆိုပါဆောက်လုပ်ရေး ကန်ထရိုက်များကို စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေး အဖွဲ့အစည်းများကိုသာ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထူးဂရုပိုင်ရှင် ဦးတေဇက မဂ္ဂါဝပ် (၆၀) ထုတ်လုပ်နိုင်မည့် အထက်ဆည်တော်ကြီး ရေအားလျှပ်စစ် စီမံကိန်း အပါအ၀င် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း (၂) ခု တည်ဆောက်ခွင့်၊ နေပြည်တော် ကျောက်မျက်ရတနာပြတိုက် ဆောက်လုပ်ခွင့်တို့ ရရှိခဲ့သည်။

နိုင်ငံပိုင် ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ သင်္ဘော အချို့၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ၊ ရန်ကုန်မြို့တော်ရှိ နိုင်ငံပိုင် အဆောက်အအုံများကို စစ်တပ် ကျောထောက် နောက်ခံ စီးပွားရေးအုပ်စု ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က ရယူခဲ့သည်။

ယခုလ အတွင်း ရေအား လျှပ်စစ် တည်ဆောက်ရေး စီမံကိန်း (၈) ခုနှင့် ကျောက်မျက်ပြတိုက်၊ အားကစားကွင်း တည်ဆောက်ရေး စီမံကိန်း (၂) ခုကို ချထားပေးခဲ့ရာတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များဟု နာမည် ကျော်သော ဦးတေဇနှင့် ဦးဇော်ဇော်က စီမံကိန်း (၄) ခု ရရှိခဲ့သည်။

“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အကျိုးအမြတ် ရှိမယ့် လုပ်ကွက်တွေကို ချပေးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုချပေးတာက အရင်ကလည်း ရှိတာပဲ။ အခု ထူးခြားတာက ကန်ထရိုက် ချပေးရင် သတင်းစာမှာ လူသိရှင်ကြား သတင်း ထုတ်လာတာပါ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး ပညာရှင် တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */