လွယ်ဂျယ် နကသ စခန်းမှ ဆန်ခိုးထုတ်သည့် ကိစ္စ စသုံးလုံး စစ်ဆေးမည်

Tuesday, January 19, 2010 ·

ခိုင်လင်း | တရုတ်- မြန်မာ နယ်စပ် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်း (နကသ) မှတဆင့် မသမာသည့် နည်းလမ်းဖြင့် တရုတ် နိုင်ငံသို့ ဆန် တင်ပို့သည့် ကိစ္စ မကြာသေးမီ ရက်ပိုင်းက ပေါ်ပေါက်ခဲ့ပြီး အထူး စုံးစမ်း စစ်ဆေးရေး အဖွဲ့ (စစစ) က စစ်ဆေး တော့မည် ဖြစ်သည်။

ကချင် ပြည်နယ် ဗန်းမော်မြို့နှင့်လွယ်ဂျယ် အကြား စိန်လုံ ကျေးရွာတွင် ဆန်များ သယ်ဆောင် လာသည့် ကား (၃) စီးကို မိုးမိတ် စစ်ဗျူဟာ လက်အောက်ခံ တပ်က ပြီးခဲ့သည့် သီတင်းပတ် အတွင်း ဖမ်းဆီးခဲ့ရာမှ နကသ စခန်းမှ တဆင့် တရားမဝင် ဆန်ခိုးသယ်သည့် ကိစ္စ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဗန်းမော် ကုန်သည် တဦးက “အခု ဗျူဟာမှူးအသစ်က ရောက်တာမကြာသေးဘူး။ သူ့အမိန့်နဲ့ ဆန်ကားတွေအားလုံး ဖမ်းလိုက်တာ။ ဆယ်ဘီးကားတွေနဲ့ တစီးကို အိတ် (၆ဝဝ)၊ အားလုံး အိတ် (၁,၈ဝဝ)။ အဲဒီကိစ္စမှာ လွယ်ဂျယ် နကသတွေလည်း ပါတယ်။ အခု မြစ်ကြီးနားက စစစ အဖွဲ့လည်း တနေ့က ဗန်းမော်ကို ရောက်လာခဲ့တယ်။ စစ်ဆေးအရေးယူဖို့ လုပ်နေတယ်” ဟု ပြောသည်။

ဗန်းမော်ခရိုင်ကိုပါ ကွပ်ကဲရသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်းသည် နေပြည်တော်၊ ကကကြည်းစစ်ရုံးချုပ်မှ မကြာသေးခင်က ပြောင်းရွှေ့လာသူဖြစ်ပြီး ဆန်တင်ပို့ခွင့် ပိတ်ပင် ထားသည့်ကြားက ဆန်သယ်ယူနေမှုကို နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဗန်းမော်ကုန်သည်က ပြောသည်။

၎င်းက “ကုန်သွယ်လယ်ယာဌာနက ဆန်တင်ပို့ခွင့်ကို ပြန်ပိတ်ထားပြီ။ အဲဒါကို နကသကို ငွေပေးပြီး သယ်နေကြတာ။ ဂျူတီဆောင်ရမယ့် ကျသင့်ငွေ တချို့တဝက်ကို နကသ ဝန်ထမ်းအိတ်ထဲ ထည့်ပေးလိုက်တယ်။ နိုင်ငံတော်ကလည်း ဘာအခွန်မှ မရဘူး။ နကသနဲ့ ကုန်သည်တွေ ပေါင်းပြီး အဲလိုလုပ်နေတာ။ အခုလိုဖမ်းတော့ နကသတွေ ဘာကြောင့် ဆန်တွေ သယ်ခွင့်ပေး နေသလဲဆိုတာ ရှင်းရတော့မယ်” ဟု ပြောသည်။

မြန်မာပြည်မှ ဆန်နှင့်ဆန်ကွဲများကို ခေါက်ဆွဲပြုလုပ်ရန်၊ အရက်ချက်ရန်နှင့် တိရစ္ဆာန်အစားအစာပြုလုပ်ရန် တရုတ်ပြည်ဘက်က ဝယ်ယူနေကြပြီး ယမန်နှစ်အတွင်းက မူဆယ်-မန္တလေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရားဝင်တင်ပို့မှုများ ရှိခဲ့သည်။

ဗန်းမော်ဒေသဘက်မှ ဆန်နှင့်ဆန်ကွဲများကို မန်ဝိန်း-နမ်းခမ်းလမ်းမှ တဆင့် လည်းကောင်း၊ လွယ်ဂျယ်လမ်းမှ တဆင့် လည်းကောင်း တင်ပို့နေခဲ့ရာ ယခုလ (၉) ရက်နေ့ကလည်း ပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် လဝါးယန်ပြည်သူ့စစ်တပ်ဖွဲ့၏ ကားတန်းအား ဗန်းမော်နှင့် မန်ဝိန်းကျေးရွာအကြား ဂိုက်ထိပ်စစ်ဆေးရေး ဂိတ်တွင် မှောင်ခိုသယ်လာသည့် တတင်းခွဲပါ ဆန်အိတ် (၁,၂ဝဝ) ကို မိုးမိတ်စစ်ဗျူဟာ လက်အောက်ခံ စစ်တပ်က ဖမ်းဆီးခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */