ပေါက်ယူချန်း၏ စစ်ရေး သတိရှိရန် မိန့်ခွန်း ဝတပ်ဖွဲ့တီဗွီမှ ထုတ်လွှင့်

Tuesday, January 19, 2010 ·

ပေါက်ပေါက် | ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းတိုအား ဝတပ်ဖွဲ့၏ ရုပ်မြင်သံကြားဌာနမှတဆင့် ဒေသအတွင်း ထုတ်လွှင့်ပြသနေသည်။

တရုတ်နှင့် ဝဘာသာဖြင့် ပြောကြားချက်တွင် ဝတပ်ဖွဲ့အနေဖြင့် ပါတီ၏ ဦးဆောင်မှုဖြင့် ဝဒေသအား စွမ်းစွမ်း တမံ ကာကွယ်သွားရန် အတွက် စစ်ရေး သတိရှိရန် ပြောဆိုခြင်းဖြစ်ပြီး ဝ ရုပ်မြင်သံကြား ဌာန (WSTV) က နံနက်ပိုင်းနှင့် ညနေပိုင်း များတွင် ရက်ခြား ဆိုသလို ထုတ်လွှင့်ပြသနေသည်ဟု ပန်ဆန်းမြို့မှ ဝတပ်ဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “အဲလိုလွှင့်နေတာ (၁) ပတ်ကျော်လောက်တောင် ရှိပြီလားမသိဘူး။ အရင် လူထု အစည်းဝေး တွေမှာလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်သွားမယ် ဆိုတာကတော့ ပြောနေကျပါ။ ပြီးခဲ့တဲ့ ဗဟို ကော်မတီ အစည်းအဝေး ကလည်း အဲလို ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ စစ်ရေးအသင့်ပြင်ထားဖို့ မူချမှတ် ထားတယ်” ဟု ပြောသည်။

အဆိုပါ ရုပ်သံဌာန၏ ထုတ်လွှင့်ချက်များကို ဝတပ်ဖွဲ့ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှ ထုတ်လွှင့်နေပြီး ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသ အတွင်းရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ထပ်ဆင့် ထုတ်လွှင့်ပြသနေသည်။

ဝဒေသ ကာကွယ်ရေးအား ရည်ရွယ်ပြီး ဝတပ်ဖွဲ့၏ တပ်မဟာအလိုက် သက်ဆိုင်ရာမြို့နယ်တို့တွင် ဒေသခံ လူထုအား အခြေခံ စစ်ပညာ သင်တန်းများ ပို့ချနေပြီး မကြာမီ သင်တန်းများ အားလုံး ပြီးဆုံးတော့မည်ဟု ဝတပ်ဖွဲ့နှင့် နီးစပ်သူ တရုတ်နယ်စပ် ဒေသခံတဦးက ပြောသည်။

၎င်းက “သင်တန်းတွေက မနှစ် ဒီဇင်ဘာ လဆန်းပိုင်းလောက်ကတည်းက စနေတာ။ တန့်ယန်းသွားတဲ့လမ်းက ဝိန်းကောင်ဘက်က သင်တန်းတွေဆို ပြီးသွားပြီ။ ဝတောင်ပိုင်းက မြို့နယ်တွေမှာ။ အချို့မြို့နယ်တွေမှာ အမျိုးသမီး တွေလည်း တက်တယ်။ အရန် ပြည်သူ့ စစ်သင်တန်းပေါ့။ လက်နက်ငယ် ပစ်ခတ်တာတွေကော သင်ပေး နေတာ။ ရည်ရွယ်ချက်က ဝဒေသကာကွယ်ရေး၊ လိုအပ်လာရင် စစ်တိုက်နိုင်ဖို့ပေါ့” ဟု ပြောသည်။

ဝတပ်ဖွဲ့တွင် လက်နက်ကိုင် ပြည်သူ့စစ် တပ်ဖွဲ့ အပါအဝင် အင်အား (၃ဝ,ဝဝဝ) ခန့် ရှိနေချိန်တွင် ဒေသခံ အရပ်သူ၊ အရပ်သား များအား အရန် ပြည်သူ့စစ် ဆိုပြီး သင်တန်းများပေးကာ ဒေသ ကာကွယ်ရေး အတွက် စစ်ရေး ပြင်နေခြင်း ဖြစ်သည်။

အပစ်ခတ်ရပ် အဖွဲ့များအား နယ်ခြားစောင့် တပ်အသွင် ပြောင်းရန် ယမန်နှစ်၊ ဧပြီ (၂၈) ရက်၌ နအဖဘက်မှ စတင် ကမ်းလှမ်းလာပြီး နောက်ပိုင်း ဝတပ်ဖွဲ့က နအဖ ကမ်းလှမ်း ထားသည့် အတိုင်း လက်မခံ နိုင်သည့် အတွက် နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် နေသော်လည်း မပြေလည်ဘဲ ဖြစ်နေချိန်တွင် ဝတပ်ဖွဲ့က ယခု ကဲ့သို့ ဒေသ ကာကွယ်ရေး အတွက် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */