လာဘ်ပေး လာဘ်ယူ ကိစ္စ အစိုးရ အဖွဲ့ရုံးမှ ညွှန်ကြားချက်ထုတ်

Tuesday, January 19, 2010 ·

မျိုးဝင်းဇော် | လာဘ်ပေး လာဘ်ယူ ကိစ္စနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ အကြီးအကဲများက မိမိ လက်အောက် ဝန်ထမ်းများကို ပညာပေးရန် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရ အဖွဲ့ရုံးမှ ညွှန်ကြားချက် တစောင် ထုတ်ပြန်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

၎င်းက “အစိုးရ အဖွဲ့ရုံးကနေ ညွှန်ကြားချက် ထုတ်တာပါ။ ဒီဇင်ဘာ နောက်ဆုံးအပတ်က ကျနော်တို့ လက်ခံရခဲ့တာပါ။ စာမှာ ပါတာကတော့ ဝန်ကြီးဌာနအသီးသီးမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကို ဝန်ခံထားပြီး ဒါကို သက်ဆိုင်ရာ အကြီးအကဲ တွေက ထိန်းပေးဖို့ ဆိုပြီးပါတယ်။ ဒါပေမယ့် အဲဒီ အကြီးအကဲ တွေရော ဝန်ကြီးတွေရော၊ ထိပ်ပိုင်းနိုင်ငံတော် အဆင့် ခေါင်းဆောင်တွေရော အားလုံး လာဘ်ပေး လာဘ်ယူမှုနဲ့ မကင်းကြဘူးဆိုတော့ ဒါကြီး လျော့နည်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

အဆိုပါစာသည် ဌာနတွင်းပေးသည့် လျှို့ဝှက်စာဖြစ်ပြီး အပိုဒ် (၄) ပိုဒ် ပါဝင်ကာ အပိုဒ် (၂) တွင် “သို့သော်လည်း မြန်မာနိုင်ငံသည် လာဘ်ပေး လာဘ်ယူမှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် စာရင်းတွင် ထည့်သွင်း ဖော်ပြ ခံရခြင်းသည် နိုင်ငံတော် အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ သို့သော်လည်း ငြင်းဆိုရန် ခက်ခဲပြီး အထူးသဖြင့် အောက်ခြေတွင် ဌာနတွင်း ဝန်ထမ်း အချင်းချင်းပင် လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်လျက် ရှိကြောင်းကို သိရှိရပါသည်” ဟု ပါရှိသည်။

အပိုဒ် (၃) တွင် “လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလွယ်တကူ ချောမွေ့စေရန် ဝန်ထမ်းများမှ ပြည်သူလူထု၏ အကျိုးစီးပွား အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ အချို့အောက်ခြေ ဝန်ထမ်းများသည် လွယ်ကူသည့် အလုပ်ကို ခက်ခဲစေရန်၊ ခက်ခဲသည့်အလုပ်ကို လုပ်ဆောင်၍မရစေရန် ပြုမူလျက်ရှိရာ ပြည်သူ လူထုနှင့် ဆက်သွယ် ဆောင်ရွက် ပေးရသည့် လုပ်ငန်းတွင် လွယ်လွယ်ကူကူနှင့် အောင်မြင် ပြီးမြောက်စေရေး အတွက် စေတနာထား၍ ကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအား ပြည်သူလူထု မုန်းတီးပါက အစိုးရကို မုန်းတီးခြင်းနှင့် အတူတူပင်ဖြစ်၍ နိုင်ငံရေးအမြင်နှင့်ကြည့်ပြီး ဝန်ထမ်းများကို ပညာပေး စည်းရုံး ထိန်းသိမ်း လုပ်ဆောင်ပေးရန် လိုအပ် လျက်ရှိပါသည်” ဟု ဖော်ပြထားသည်။

အစိုးရ ဝန်ကြီးဌာန အသီးသီးတွင် လာဘ်ပေးလာဘ်ယူမှုသည် ခိုင်မာစွာ အမြစ်တွယ်နေပြီး အရာရှိမှ အထက်ဆင့် အားလုံးလိုလို အစိုးရပေးသည့် လစာ (၅-၆) သောင်းမှ (၁) သိန်းကျော်ကို မည်သူမှ ဂရုမစိုက်ကြောင်း၊ ယင်းငွေဖြင့်လည်း လူတန်းမစေ့ ကြောင်း၊ လာဘ်ယူမှုမှရသည့် ဝင်ငွေသည်သာ အဓိကဝင်ငွေဖြစ်ကြောင်း၊ ဌာနတွင်း ရာထူးတက်ချင်ရင်၊ နေရာပြောင်းချင်ရင် ကိုယ်ကိုယ်တိုင် လာဘ်ပြန်ပေးရကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက “ဒီလောက် အမြစ်တွယ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုကို အစိုးရ အဖွဲ့ရုံးက စာတစောင် ထုတ်ရုံနဲ့ ပပျောက်မသွားနိုင်ဘူး။ လွတ်လပ်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ ဖွဲ့စည်း အရေးယူတာမျိုး၊ အရေးယူ ရာမှာလည်း ပိုပြီး ရာထူးကြီးသူတွေကို ဦးစားပေး အရေးယူ နှိမ်နင်းတာမျိုး စတာတွေ လုပ်ရင်တော့ လျော့နည်း သွားနိုင်တယ်။ ခုဟာက အထက် အာဏာပိုင်တွေ ကိစ္စ ဘာမှမပြောဘဲ အောက်ခြေ ဝန်ထမ်းတွေ ကိစ္စ လောက်သာ ညွှန်ကြားချက် ထုတ်တာမို့ ဘာမှ ထူးခြား မလာနိုင်ဘူး” ဟု ပြောဆိုသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */