အန်အယ်လ်ဒီက ဗဟို အလုပ် အမှုဆောင်များ ထပ်တိုး

Saturday, January 09, 2010 ·

စိုးမိုး | အဓိက နိုင်ငံရေး ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်သစ် (၇) ဦးမှ (၉) ဦးအထိ ထပ်တိုးဖွဲ့စည်းမည် ဖြစ်သည်။

နှစ်ပေါင်း (၂၀) ကျော် နိုင်ငံ အာဏာကို သိမ်းယူထားသည့် စစ်အစိုးရက စစ်သား (၄) ပုံ (၁) ပုံ ပါသည့် အစိုးရသစ်ကို အာဏာ လွှဲပြောင်းမည် ဆိုသည့် ယခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ထပ်တိုး ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“စီအီးစီ (၇) ဦး၊ ဒါမှ မဟုတ် (၉) ဦး ထပ်တိုး ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်မှာပါ” ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက အတည်ပြု ပြောကြားသည်။

ယခင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၇) ဦးမှ (၉) ဦးအထိ ထပ်မံတိုးချဲ့မည်ဖြစ်ရာ စီအီးစီ အဖွဲ့ဝင် (၁၈) ဦးမှ (၂၀) အထိ ရှိလာမည်ဖြစ်သည်။

ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်သစ်များ စာရင်းကို လာမည့် တနင်္လာနေ့ အဖွဲ့ချုပ်အစည်းအဝေးတွင် တင်သွင်းအတည်ပြု သတင်းထုတ်ပြန်မည်ဖြစ်သည်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အန်အယ်လ်ဒီ ပါတီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲများ ချိပ်ပိတ်ခံခဲ့ရပြီး အန်အယ်လ်ဒီ ပါတီဝင်အများအပြား ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သည်။

ယခုနှစ် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူုးကြီး သန်းရွှေက ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ် ပေးမည်ဟု အတိအလင်း ထုတ်ဖော် ပြောဆို ခဲ့သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ဘက်မှလည်း အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံးပြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်၊ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ် လေ့လာမှုများကို ခွင့်ပြုရန် နအဖထံ တောင်းဆို ထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်ဒီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို လေ့လာကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟု ၂၀၀၉ ခု ဧပြီလအတွင်းက ရွှေဂုံတိုင်ကြေညာစာတမ်း တစောင် ထုတ်ပြန်ထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */