သင်္ဘောသား ပတ်စပို့ ထုတ်ပေးရန် နည်းဥပဒေ မရှိ

Saturday, January 09, 2010 ·

စိုးမိုး | ပြည်ပ သင်္ဘောသား အဖြစ် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များ (စီဒီစီ) ထုတ်ပေးရန် နည်းဥပဒေ မရှိတော့ခြင်းကြောင့် လက်ရှိ သင်္ဘောသား လက်မှတ် ထုတ်ပေးနိုင်ခြင်း မရှိဟု သိရသည်။

ယခင်က နိုင်ငံပိုင် သင်္ဘောလိုင်းများတွင် ကမ်းရိုးတန်း (၁) နှစ်၊ အစိုးရ အသိအမှတ်ပြု ဒေါက်ကျင်းတွင် (၃) နှစ် လုပ်ကိုင်ပြီးပါက စီဒီစီ ထုတ်ပေးနိုင်သော်လည်း ယင်းစနစ်ကို ၂၀၀၉ ခုနှစ်အတွင်း ပယ်ဖျက်ပြီးနောက်ပိုင်း စနစ်သစ် ထွက်ရှိ မလာခြင်း ဖြစ်သည်။

“မနှစ်က သင်္ဘောလိုက်ခွင့် လျှောက်လွှာကို လက်မခံတော့ဘဲ ပိတ်လိုက်တယ်။ မပိတ်ခင် တင်ထားတဲ့ လျှောက်လွှာ တွေလည်း ချမပေးသေးဘူး။ အဓိကကတော့ ကြယ်ငါးပွင့်က သင်္ဘောသားအားလုံး အလုပ်ထွက်ကြတဲ့ ပြသနာကြောင့် စနစ်ကို ပြင်လိုက်တယ် ပြောတယ်” ဟု မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ၀န်ထမ်းက ပြောသည်။

ပြည်ပ သင်္ဘော ၀န်ထမ်း အဖြစ် အလုပ်လုပ် ကိုင်လိုသူများက မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းတွင် လုပ်ငန်း အတွေ့အကြုံ ရရေး ၀င်ရောက် အလုပ်လုပ် ပြီးနောက် သင်္ဘောသား လက်မှတ် လျှောက်ထားကာ ပြည်ပ ထွက်ခွာမှုများကြောင့် ယခုကဲ့သို့ လက်မှတ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ပြည်တွင်း စီးပွားရေး အခက်အခဲများကြောင့် မြန်မာ နိုင်ငံသား အများအပြား ပြည်ပထွက် အလုပ်လုပ်ကိုင်နေကြရရာ သင်္ဘောသား အလုပ်အကိုင်မှာလည်း လူကြိုက်များနေခြင်းဖြစ်သည်။

တနှစ်လျှင် ပြည်ပသင်္ဘောလိုက်သူ အရေအတွက် (၁) သောင်းခွဲခန့်မှ (၂) သောင်းခန့်အထိ ရှိနေပြီး ယခုကဲ့သို့ ပြည်ပ သင်္ဘောသားအဖြစ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပိတ်ပင်လိုက်ခြင်းကြောင့် မြန်မာလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်နေကြသည်။

“တနှစ်ထက် တနှစ် သင်္ဘောလိုက်သူ များလာတယ်။ နောက်ဆုံး ထုတ်ပေးခဲ့တာက ၂၀၀၄ ကနေ ၂၀၀၉ ခုနှစ်အတွင်း (၅) နှစ်မှာ သင်္ဘောသားလက်မှတ် (၇) သောင်းကျော် ထုတ်ပေးခဲ့တယ်။ ကျနော်တို့က တင်တာ နောက်ကျတာမို့ မရလိုက်တာ” ဟု သင်္ဘောသားလက်မှတ် လျှောက်ထားသူ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောဝန်ထမ်းက ပြောသည်။

စစ်အစိုးရက ၀င်ငွေ ကောင်းသည့် ပြည်ပ သင်္ဘောသား အလုပ်လုပ်ခွင့်ကို ပိတ်ပင် ထားသော်လည်း မလေးရှား ကဲ့သို့ အလုပ်ကြမ်း အလုပ်အကိုင် များကိုမူ လွတ်လပ်စွာ ဖွင့်ပေးထားပါကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။

မြန်မာ နိုင်ငံတွင် ပြည်ပ သင်္ဘောသား အဖြစ် အလုပ်လုပ်ကိုင်သူ (၂) သိန်းခွဲခန့်ရှိနေပြီး ၂၀၀၉ ခုနှစ် နောက်ပိုင်း လက်မှတ် ထုတ်မပေးတော့ခြင်းကြောင့် သင်္ဘောသားအရေအတွက် ထပ်တိုးလာခြင်းမရှိကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */