မြန်မာ့အလင်း သတင်းစာ အရောင်ဖြင့် ထုတ်တော့မည်

Saturday, January 09, 2010 ·

တက်လူ | မြန်မာ့အလင်း သတင်းစာကို လာမည့် ဖေဖော်ဝါရီလ အတွင်း အရောင်ဖြင့် ထုတ်ဝေနိုင်ရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ သတင်းစာတိုက်မှ အယ်ဒီတာ တဦးက ပြောသည်။

၎င်းက “လူကြီးတွေက သတင်းစာ အရည်အသွေး မြှင့်ဖို့ အတွက် လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် နှစ်လယ် လောက်က အရောင်စုံ ထုတ်ဝေခွင့် ပြုထားပါတယ်။ ဒါကို မကြာခင် အကောင်အထည်ဖော်မှာဖြစ်တယ်” ဟု ပြောသည်။

မြန်မာ့အလင်းကို အရောင်စုံဖြင့် ထုတ်ဝေမည် ဆိုသော်လည်း ကြေးမုံသတင်းစာနှင့် The News Light of Myanmar ကိုမူ ထုတ်ဝေမည့် အစီအစဉ် ရှိမရှိ မသိရသေးကြောင်း ၎င်းက ပြောသည်။

ပြည်တွင်း သတင်းစာ ဆရာကြီး တဦးကမူ “အရောင်နဲ့ ထုတ်တယ် ဆိုတာကတော့ စာဖတ်သူတွေ အတွက် ဒီဇိုင်း တခု ထူးတာပဲ ဖြစ်မှာပါ။ အရေးကြီးတာက သတင်းတွေ အားကောင်းဖို့ လိုတယ်။ လိုအပ်သည် များကို မှာကြား၊ အစည်းအဝေးကို ရုပ်သိမ်းသည် ဆိုတာလောက်နဲ့တော့ အစိုးရ သတင်းစာ ကွာလတီ ဘယ်တော့မှ တက်မှာ မဟုတ်ဘူး” ဟု သုံးသပ်ပြောဆို သည်။

မြန်မာ တနိုင်ငံလုံး အတွက် မြန်မာ့အလင်း သတင်းစာ၊ ကြေးမုံ သတင်းစာနှင့် The News Light of Myanmar သတင်းစာ (၃) စောင်၏ စောင်ရေမှာ (၂) သိန်းကျော်ရှိကြောင်း သိရသည်။

“ကျမ တို့ကတော့ အစိုးရ သတင်းစာ ဆိုရင် နာရေးနဲ့ ကြော်ငြာ တချို့ကို ဦးစာပေး ဖတ်ပါတယ်။ ကျန်တဲ့ သတင်းတွေ ကတော့ သိချင်တာ ရှိရင် ဂျာနယ်တွေကိုပဲ အားထားဖတ်တယ်။ အစိုးရ သတင်းစာက သတင်းတွေမပါတဲ့ သတင်းစာဖြစ်နေတယ်။ အစိုးရလူကြီးတွေ နေရာတကာ သွားတဲ့ သတင်းတွေကိုတော့ စိတ်မ၀င်စားပါဘူး” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */