အွန်လိုင်း လုံခြုံမှု သက်သေခံ လက်မှတ် စနစ်သုံးရန် စစ်အစိုးရ စီစဉ်

Wednesday, January 13, 2010 ·

စိုးမိုး | နအဖစစ် အစိုးရ၏ ရုရှနှင့် မြောက်ကိုရီးယား ခရီးစဉ် လျှို့ဝှက် မှတ်တမ်းများ၊ လျှို့ဝှက် စီမံကိန်းများ ပေါက်ကြား ခဲ့ပြီးနောက် စစ်အစိုးရက သတင်း အချက်အလက် လုံခြုံရေးအတွက် အွန်လိုင်း လုံခြုံမှု သက်သေခံ လက်မှတ် စနစ် အသုံးပြုရန် အပူတပြင်း စီစဉ်နေသည်။

ယခုလ (၉) ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာ အင်ဖိုတက်တွင် စစ်အစိုးရ ဆက်သွယ်ရေး ဒု-၀န်ကြီးကို ကွန်ပျူတာ ပညာရှင်များက အွန်လိုင်း လုံခြုံမှု သက်သေခံ လက်မှတ် စနစ် အကောင်အထည် ဖော်ရေး၊ နည်းဥပဒေပိုင်း ဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

“ပေးပို့သူဟာ သူဖြစ်ကြောင်း သေချာဖို့၊ ရတဲ့စာကို ဖိုင်လက်ခံရမည့် သူသာလျှင် ဖွင့်နိုင်ဖို့၊ ကြားက ဖောက်ဖတ်ခြင်း ကူးယူခြင်းရှိပါက ပျက်စီးသွားစေဖို့ အသုံးပြုတဲ့ စနစ်တခု လာအိုလို၊ အီရန်လို နိုင်ငံတွေမှာတောင် သုံးနေတယ်။ ကမ္ဘာမှာ အဲဒီ စနစ်မသုံးတာ မြန်မာ တနိုင်ငံတည်း ရှိတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းဝင် ကွန်ပျူတာ ပညာရှင် တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

အွန်လိုင်း လုံခြုံရေး သက်သေခံလက်မှတ်မှာ e Commerce နှင့် e Government စနစ်ရှိသည့် နိုင်ငံတိုင်းတွင် မဖြစ်မနေ အသုံးပြုကြရပြီး သတင်းအချက်အလက် လုံခြုံမှုအတွက် သုံးရခြင်းဖြစ်ကြောင်း သိရသည်။

အခြားနိုင်ငံများတွင် ယင်းစနစ် အသုံးပြုရန် အတွက် စက်ဝယ်ယူရန်သာ လိုအပ်ပြီး အစိုးရသို့ သုံးစွဲခွင့်လိုင်စင် လျှောက်ထား ရယူမှုသာ လိုအပ်သော်လည်း မြန်မာနိုင်ငံတွင် စစ်အစိုးရက ယင်းစက်ကို ပုဂ္ဂလိကသို့ အသုံးပြုခွင့် ပေးမထားသေးကြောင်း၊ အသုံးပြုရန်လည်း နည်းဥပဒေမရှိသေးကြောင်း သိရသည်။

ယင်း အွန်လိုင်း လုံခြုံမှု စနစ်ကို အစ္စရေးမှ လာရောက်ပြသ မိတ်ဆက်ခဲ့ဖူးသော်လည်း မြန်မာစစ်အစိုးရက စိတ်ဝင်စားမှု မရှိခဲ့ကြောင်း၊ ယခုအချိန်မှ အွန်လိုင်း လုံခြုံရေးစနစ်ကို အပူတပြင်း လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ကွန်ပျူတာ ပညာရှင် အသိုင်းအ၀ိုင်းက ပြောကြားသည်။

“ဒီစနစ်ကို တနိုင်ငံလုံး သုံးမယ် ဆိုရင်တော့ သတင်း အချက်အလက် လုံခြုံမှုရှိတာပေါ့။ အီးမေးလ်တွေ ဖောက်ဖတ်လို့ မရဘူး။ စကားပြောတာတွေ ခိုးနားထောင်လို့ မရဘူး။ သိပ်ခက်ခဲတာလည်း မဟုတ်ဘူးလေ။ စက်ဝယ်မယ်၊ ပြီးတော့ တပ်လိုက်မယ်၊ ဒါပဲလိုတယ်” ဟု အဆိုပါ ကွန်ပျူတာပညာရှင်က ပြောကြားသည်။

ယင်းနေ့ ဆွေးနွေးပွဲတွင် စစ်အစိုးရ ရုံးများနှင့် အဖွဲ့အစည်းများတွင် အဆိုပါစနစ် အသုံးပြုရေး ဆွေးနွေးခဲ့ပြီး လူထု အတွက် ပေးမပေးကိုမူ ဆွေးနွေးမှု မရှိခဲ့ကြောင်း သိရသည်။

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ၂၀၀၆ ခုနှစ် ရုရှ ခရီးစဉ်နှင့် ၂၀၀၈ ခု နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း တရုတ်နိုင်ငံမှ တဆင့် သွားရောက်ခဲ့သော မြောက်ကိုရီးယား ခရီးစဉ် မှတ်တမ်းများ ပေါက်ကြားပြီး နောက်ပိုင်း စစ်အစိုးရက သတင်း အချက်အလက် လုံခြုံရေး စနစ်ကို စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း ကွန်ပျူတာ ပညာရှင် အသိုင်းအ၀ိုင်းက ကောက်ချက်ချ ပြောဆိုနေကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */