မြန်မာ- ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် သတ်မှတ်ရန် သဘောတူ

Wednesday, January 13, 2010 ·

ကိုထွေး | ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ အဆင်မြင့် အရာရှိရှိများသည် နှစ်နိုင်ငံ အငြင်းပွားနေသော ပင်လယ် ရေပိုင်နက်အား ညှိနှိုင်းသတ်မှတ်ရန် ဆွေးနွေး သဘောတူခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့၌ ၂ ရက်ကြာ ဆွေးနွေးခဲ့ အပြီး စနေနေ့က ယင်းကဲ့သို့ သဘော တူညီခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Daily Star သတင်းစာက ရေးသား ဖော်ပြထားသည်။

ပထမရက် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက နယ်နိမိတ် အကွာအဝေးပေါ် အခြေခံ၍ ရေပိုင်နက်ကို ပိုင်းခြား သတ်မှတ်ရန် ဟူသော အဆိုကို တင်သွင်းခဲ့သကဲ့သို့ ဘင်္ဂလားဒေ့ရှ်က တိုင်းပြည်၏ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု(GDP) ၊ လူဦးရေ၊ စီးပွားရေး အခြေအနေတို့ အပေါ်မှုတည်၍ ရေပိုင်နက်ကို ပိုင်းခြား သတ်မှတ်ရန် ဟူသော အဆိုကို တင်သွင်းခဲ့ကြသည်။

မြန်မာ၏ အဆိုပြုချက် အတိုင်းဆောင်ရွက်မည် ဆိုပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်းရေပိုင်နက်များ လက်လွတ် ဆုံးရှုံးရလိမ့်မည် ဟု ဘင်္ဂလားဒေ့ရှ်အဖွဲ့ကို ဦးဆောင်သည့် အငြိမ်းစား ရေတပ် ဗိုလ်ချုပ် Md Khurshed Alam၏ ပြောဆိုမှုကို ကိုးကား၍ သတင်း တွင် ဖော်ပြထားသည်။

သို့ရာတွင် ၂ နိုင်ငံ၏ မတူညီသော အခြေခံ အဆိုပြုချက်များကို အခြေခံ၍ ရေပိုင်နက် သတ်မှတ်ရန် သဘော တူညီခဲ့ကြပြီး လာမည့် ဧပြီလတွင် ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာဘက်က အခိုင်အမာကိုင်စွဲထားတဲ့ သူရဲ့အဆိုနဲ့ ပတ်သက်ပြီးတော့ ပထမဆုံးအဖြစ် ပြောင်းလဲ ဆွေးနွေးတာက ဒီဆွေးနွေးပွဲရဲ့ ရလာဒ်တခုပါ”ဟူသော Md Khurshed Alam ၏ ပြောဆိုချက်ကိုလည်း သတင်းတွင် ရေးသားထားသည်။

နည်းပညာရှင်များ ပါဝင်သော အဖွဲ့တဖွဲ့က Md Khurshed Alam ၏ ဦးဆောင်မှုအောက်တွင် ရေပိုင်နက် သတ်မှတ်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီအကျိုးရှိတဲ့ ဆွေးနွေးပွဲအတွက် ကျနော်တို့ အရမ်းဝမ်းသာပါတယ်၊ ကောင်းမွန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲပါပဲ၊ ရှေ့ဆက်ပြီး ဆက် လက် ဆွေးနွေးသွားဖို့ရှိပါတယ်”ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဖေသန်းဦး၏ ပြောဆိုချက်ကိုလည်း သတင်းတွင် ထည့်သွင်းထားသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင်နှင့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်များကို အငြိမ်စား ရေတပ် ဗိုလ်ချုပ် Md Khurshed Alam က ဦးဆောင်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီ (Dipu Moni)၊ တရုတ်သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဟူကျန်ယု၊ ဂျပန်သံအမတ် တာမိုဆု ရှင်နောက်ဆုက တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တွင် နေထိုင်သူ ကိုဖေသိန်းက“အခုက အေးအေးချမ်းချမ်းပါပဲ၊ မြန်မာဘက်က မောင်းတောနဲ့ ပလက်ဝဘက်မှာ ခြံစည်းရိုးကာတာတော့ရှိတယ်၊ ကျနော့်အထင်တော့ ၂ နိုင်ငံ တင်းမာမှုတော့ ရှိမယ် မထင်ဘူး၊ ဒါပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ထဲက ၉၀၀၀ကို မြန်မာက ပြန်ခေါ်မယ်ကြားတယ်”ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ဆွေးနွေးခဲ့သော်လည်း နှစ်ချီ၍ အငြင်းပွားနေသည့် ယင်းပြဿနာသည် ပြေလည်မှု မရရှိခဲ့ပေ။

ထိုသို့ ဖြစ်ပွားနေသည့် ကြားမှပင် ၂ နိုင်ငံ နယ်စပ်တွင် မှောင်ခိုလုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များ ၀င်ရောက် တိုက်ခိုက်ခြင်းမှ တားဆီးရန်တို့အတွက် မြန်မာအစိုးရက ခြံစည်းရိုးကာရံမှုကို ၂၀၀၉ အောက်တိုဘာလ ၃ ရက်နေ့က ထပ်မံ ပြုလုပ်ခဲ့သည်။

၂၀၀၈ ခု နိုဝင်ဘာလတွင် ရေပိုင်နက် အငြင်းပွားရာ နေရာသို့ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့ခြင်း ဖြစ်သည်။ ထိုစစ်သင်္ဘောများမှာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေးယူရန် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်။

ထို ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင် ရေပိုင်နက် ဆိုင်ရာ ဥပဒေအရ ကုလသမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင်အမာ တင်ပြ ဖြေရှင်းရမည်ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */