စီးတီး တက္ကစီများကို ပါရမီ ယာဉ်ကဲ့သို့ ဖြစ်စေရန် ဆောင်ရွက် တော့မည်

Saturday, January 16, 2010 ·

မျိုးချစ်သူ | ရန်ကုန် စည်ပင် နယ်နိမိတ် အတွင်း ပြေးဆွဲနေသော စီးတီး တက္ကစီများကို ပါရမီ တက္ကစီများကဲ့သို့ ပြောင်းလဲသွားမည်ဟု သိရသည်။

ပထမဆုံးအနေဖြင့် ယခု ဇန်န၀ါရီလမှ စပြီး ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်း ရှိနေသည့် စီးတီး တက္ကစီများကို ယာဉ်စည်းကမ်းနှင့် ညီမညီ စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လမ်းပန်း ဆက်သွယ်ရေးနှင့် လုံခြုံ ချောမွေ့ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အစိုးရအရာရှိကြီးတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း တက္ကစီ မောင်းသူ တဦးကမူ ၎င်းတို့ တက္ကစီ သမားများအား ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက အကြောင်း မကြားသေးကြောင်း ပြောသည်။

၎င်းက “အကြောင်းမကြားဘဲ စစ်တာတွေ လုပ်တယ် ဆိုရင်တော့ ကြားပေါက် ငွေရှာတာပဲလို့ ကျနော်တို့က မှတ်ယူမယ်။ တခုခု သတ်မှတ်တယ် ဆိုရင် အကြောင်းကြားသင့်တယ်။ ပါရမီတက္ကစီတွေလို အဆင့်မြှင့်ရအောင် အခုရန်ကုန်မှာ မောင်းနေကြတဲ့ ကားတွေက နှစ်ချို့ကားတွေ ခင်ဗျ။ ပါရမီကားတွေက မကြာသေးခင်ကမှ တင်သွင်း လာတဲ့ ကားတွေ၊ ဘယ်လို ယှဉ်နိုင်မလဲ။ ဘယ်လို စိတ်ကူးနဲ့ အဲဒီလို လုပ်တယ် ဆိုတာကို မတွေး တတ်အောင်ပဲ” ဟု ပြောသည်။

ပါရမီ တက္ကစီ ယာဉ်များသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်ကပင် ရန်ကုန် စည်ပင် အတွင်း ပြေးဆွဲလျက် ရှိပြီး မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က ပိုင်ဆိုင်သော ယာဉ်လိုင်းတခုဖြစ်ကာ အစီးရေ (၅၀၀) ရှိနေပြီဖြစ်သည်။

ပါရမီ တက္ကစီ အတိုင်း ဖြစ်စေရန် ဆောင်ရွက်မည် ဆိုပါက မော်ဒယ်အမြင့် ကားများကိုသာ ပြေးဆွဲ စေမည်ကို စီးတီး တက္ကစီ ယာဉ်ပိုင်ရှင်များက စိုးရိမ် နေကြကြောင်း သိရသည်။

“မော်ဒယ် အမြင့်တွေကိုပဲ ပြေးဆွဲရတော့မယ် ဆိုရင်တော့ နံပါတ် အနိမ့်ကားတွေကို ပြေးဆွဲခွင့်ရပ်ပြီး နံပါတ် အနက် ပြောင်းလိုက်ရင် ခက်မယ်။ အခုက စီးပွားရေးတွေ မကောင်းကြဘူး။ တက္ကစီကား ထောင်စားတာ လွန်ခဲ့တဲ့ (၁၀) နှစ် လောက်ကပဲ။ ကျနော့်မှာ ကာလပေါက်ဈေး သိန်း (၁၅၀) လောက်ပေါက်တဲ့ ဆလွန်း ကားလေး နံပါတ်က ဓ နဲ့ သ နှစ်စီး ရှိတယ်ဗျ” ဟု ယာဉ်ပိုင်ရှင် တဦးက ပြောသည်။

ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ အရာရှိတဦး၏ ပြောပြချက်အရ စီးတီး တက္ကစီများကို ပါရမီယာဉ် အတိုင်း ဖြစ်စေရန် ဆောင်ရွက်ခြင်းမှာ ရန်ကုန် မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဖြစ်သည်ဟု ဆိုသည်။

“အမျိုးမျိုး အကြောင်းပြတာလို့ပဲ မြင်ပါတယ်။ မြို့တော် အင်္ဂါရပ်နဲ့ ညီညွတ်ဖို့ဆိုရင် လျှပ်စစ်မီးကို အရင် (၂၄) နာရီရအောင် လုပ်သင့်တာပေါ့။ အခုတော့ ရန်ကုန်မြို့ထဲကို သွားကြည့် လိုက်ရင် မီးစက်သံတွေ ညံစီလို့၊ အသံ ညစ်ညမ်းမှု၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်စေတယ်လေ” ဟု ရန်ကုန်မြို့ခံ တဦးက ဝေဖန်သည်။

ရန်ကုန် စည်ပင် နယ်နိမိတ် အတွင်းတွင် ပါရမီ တက္ကစီယာဉ် အပါအ၀င် မှတ်ပုံတင် ပြုလုပ်ပြီး စာရင်းရှိ တက္ကစီ စီးရေမှာ (၂၀,၀၀၀) ခန့် ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စာရင်းများ အရ သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */