ကားနှင့် စက်ယန္တရား တင်သွင်းမှု အခွန်ခ ၂ ဆကျော်တက်

Tuesday, January 12, 2010 ·

ဧရာဝတီ | ပြည်ပမှ တင်သွင်းသည့် ကားနှင့် စက်ယန္တရားများ အပေါ် အခွန် ကောက်ရာတွင် ဇန်နဝါရီ ၁ ရက်နေ့မှ စပြီး ယခင်ထက် ၂ ဆကျော် တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနက ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို ခရီးသည်တင် မော်တော်ကားနှင့် လုပ်ငန်းသုံး ယာဉ်များအား လွတ်လပ်စွာ တင်သွင်းခွင့် ပြုသည်ဟု ဆိုကာ ယင်းသို့ တိုးမြှင့် ကောက်ခံခြင်း ဖြစ်ကြောင်း ဇန်န၀ါရီလ ၉ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ကားနှင့် စက်ယန္တရားများ တင်သွင်းမှု အပေါ် ယခင်က အမေရိကန် ၁ ဒေါ်လာလျှင် ၄၅၀ ကျပ်နှုန်း သတ်မှတ်ထားရာမှ ၁၀၀၀ ကျပ်သို့ တိုးမြှင့် ကောက်ခံ လိုက်ခြင်း ဖြစ်သည်။

“ကားတွေ၊ မြေတူးစက်၊ ၀န်ချီစက်တွေလို စက်ယန္တရား တွေနဲ့ ဆက်စပ်ပစ္စည်းတွေ အကုန်လုံးအတွက် အကောက်ခွန် နှုန်းထား သစ် ပြောင်းတာ၊ တရားဝင်တော့ မထုတ်ပြန်ဘူး။ ၀န်ကြီးနှုတ်မိန့်နဲ့ တိုးတာတဲ့” ဟု ခရီးသည်တင် ကားများနှင့် စက်ယန္တရားများ တင်သွင်းလေ့ရှိသော ရန်ကုန်အခြေစိုက် ရွှေသံလွင် ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ကုမ္ပဏီများသို့ ခရီးသည်တင် ကားများနှင့် လုပ်ငန်းခွင်သုံး စက်ယန္တရား တင်သွင်း လိုင်စင်များကို ဌာနဆိုင်ရာ ထောက်ခံချက် မလိုဘဲ လျှောက်ထားနိုင်သည်ဟု သတင်း ထုတ်ပြန်ပြီးနောက် အကောက်ခွန် ဦးစီးဌာနက စက်ယန္တရားနှင့် မော်တော်ကား တင်သွင်းမှု အခွန် ကောက်ခံမှု ပုံစံပြောင်းလဲခြင်း ဖြစ်သည်ဟု သိရှိရသည်။

ပြည်တွင်းရှိ ကုမ္ပဏီများသည် ယခင်က မော်တော်ကားနှင့် စက်ယန္တရား တင်သွင်းခွင့်ကို လွတ်လပ်စွာ လျှောက်ထားခွင့် မရှိဘဲ အစိုးရ ၀န်ကြီးဌာနဆိုင်ရာ စီမံကိန်းကြီးများ လုပ်ဆောင်မှသာ ပါမစ်များရရှိပြီး တင်သွင်းခွင့် ရခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ပစ္စည်းတင်သွင်းခွင့် ပါမစ်များ လွတ်လပ်စွာ လျှောက်ထားခွင့်ပြုခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“ဇန်န၀ါရီ ၁ ရက်နေ့ ကတည်းက ပါမစ် လျှောက်ခွင့် ပေးပေမယ့် အခွန်နှုန်းများလို့ ခုချိန်ထိ လျှောက်မယ့်သူ မရှိသေးဘူး” ဟု ထူးထရေးဒင်း ကုမ္ပဏီနှင့် နီးစပ်သည့် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ် တဦး ကပြောသည်။

ခရီးသည်တင် ကားနှင့် စက်ယန္တရားများ တင်သွင်းရာတွင် ၂၀၀၂ ခုနှစ်အထက် ထုတ်လုပ်သည့် ဘယ်မောင်း ယာဉ်များ ဖြစ်ရန် လိုအပ်သည်ဆိုသော သတ်မှတ်ချက်လည်း ပါဝင်သည်ဟု The Voice Weekly ကရေးသားထားသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်း အတွင်းက တင်သွင်းခွင့် လိုင်စင် ရရှိပြီး ယခု ၂၀၁၀ ဇန်န၀ါရီလတွင် ဆိပ်ကမ်း ရောက်ရှိမည့် မော်တော်ယာဉ်များနှင့် စက်ယန္တရားများလည်း အကောက်ခွန်နှုန်းထား သစ်ဖြင့်သာ အခွန် ဆောင်ရမည် ဖြစ်သောကြောင့် စီးပွားရေး ကုမ္ပဏီတချို့ စိတ်ပျက် ညည်းညူနေကြကြောင်း သိရသည်။

“ငွေလဲနှုန်းကို ချက်ချင်းကြီး အသိမပေးဘဲ ပြောင်းလိုက်တာ ဆိုတော့ ကုမ္ပဏီတွေ ဒုက္ခ ရောက်ကုန်တယ်။ နှစ်ဆကျော် တက်ပစ် လိုက်တာ။ တကယ် အသုံးလိုလို့ တင်သွင်းတဲ့ ကုမ္ပဏီငယ်လေးတွေ အခွန်ဆောင်ဖို့ မလွယ်ဘူး” ဟု ရန်ကုန်မြို့နေ အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ် တဦးက ဆိုသည်။

အစိုးရက တင်သွင်းလိုင်စင်များ ချပေးသော်လည်း အခွန်နှုန်း တိုးကောက်မှုကြောင့် ကုမ္ပဏီ အများစုအနေနှင့် ခရီးသည်တင် ကားနှင့် ယာဉ်စက်ယန္တရား တင်သွင်းမှု နည်းပါးသွားဖွယ်ရှိကြောင်း သိရသည်။

မော်တော်ကားနှင့် စက်ယန္တရား များကိုသာမက ပြည်ပမှ တင်သွင်းသော သွင်းကုန်များ အားလုံး အပေါ် တဒေါ်လာ ၁၀၀၀ ကျပ် နှုန်းဖြင့် မကြာမီ အခွန် တိုးမြှင့်ကောက်ခံရန်ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

အကောက်ခွန် တိုးမြှင့် ကောက်ခံခြင်းကြောင့် ခရီးသည်တင် ကားဈေးနှုန်းနှင့် စက်ယန္တရား ဈေးတက် နိုင်ကြောင်း ဟံသာဝတီ ကားပွဲစား တဦးက ပြောသည်။

“ခရီးသည်တင် ကားနဲ့ လုပ်ငန်းသုံး ယာဉ်တွေ ဈေးမြောက်သွားမယ်။ သာမန် အိမ်စီးကား ဈေးကွက် ကိုတော့ မထိခိုက်နိုင်ဘူး။အစိုးရ ကားလေလံ တွေကြောင့် ဈေးက ထပ်ကျဖို့ ရှိတယ်” ဟု ရန်ကုန် ကားပွဲစား တဦးက ဆိုသည်။

စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်နေ့မှစပြီး ၀န်ထမ်းများအားလုံး၏ လစာကို ကျပ် ၂၀၀၀၀ စီတိုး ပေးပြီးနောက် အခွန်အခများကို တိုးကောက်ခဲ့သည်။ မိုဘိုင်းလ်ဖုန်းခေါ်ဆိုခ များကို တမိနစ် ၂၅ ကျပ်မှ ၅၀ ကျပ်သို့ ဇန်န၀ါရီ ၁ ရက်နေ့တွင် စတင် တိုးမြှင့် ကောက်ခံခြင်း၊ အစိုးရ ငွေတိုက် စာချုပ်များ ထုတ်ရောင်းခြင်း တို့ ပြုလုပ်ခဲ့သည်။

အလုပ်အကိုင်သစ်များ ဖန်တီးပေးခြင်းနှင့် ပြည်သူအများ၏ ၀င်ငွေကို တိုးတက်အောင် ဆောင်ရွက်ပေးခြင်း မပြုဘဲ အစိုးရ ဘတ်ဂျက်လို ငွေပြမှုကို အခွန်အခ တိုးမြှင့် ကောက်ခံခြင်း၊ ငွေစက္ကူသစ် ထုတ်ဝေခြင်း စသည့် နည်းလမ်းများဖြင့် ဖြေရှင်းပါက တိုင်းပြည် စီးပွားရေး များစွာ ထိခိုက် နစ်နာဖွယ် ရှိကြောင်း စီးပွားရေး ပညာရှင် တဦးက သုံးသပ်သည်။

“လူတွေက မွဲသထက်မွဲ လာမယ်၊ ဆင်းရဲချမ်းသာ ကွာဟမှု ပိုကြီးလာမယ်၊ စားဝတ်နေရေး ကျပ်လာမယ်၊ ကုန်ဈေးနှုန်း တက်မယ်။ နောက်ဆုံး တိုင်းပြည် စီးပွားရေး တခုလုံး ပြိုလဲတဲ့ အထိ ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */