လှိုင်းတိုပညာပေးရေဒီယို အစီအစဉ် မြန်မာ ကျောင်းသားများ အားပေး

Wednesday, January 13, 2010 ·

ရဲရင့် | ရွှေ့ပြောင်းမြန်မာ ကျောင်းများရှိ ကျောင်းသူ ကျောင်းသားများ အတွက် လူငယ် ပညာပေး ဆိုင်ရာ အထွေထွေ ဗဟုသုတများ ပါရှိသည့် FM 99.75 လှိုင်းတို ရေဒီယိုလှိုင်းကို ရွှေ့ပြောင်း မြန်မာ ကျောင်းသားများ အထူး နှစ်သက်ကြကြောင်းသိရသည်။

အဆိုပါ ပညာပေး ရေဒီယို အစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက် ဒေသ အတွင်းရှိ မြန်မာရွှေ့ပြောင်း အထက်တန်း ကျောင်းများမှ အောင်မြင်သွားသည့် မြန်မာ ကျောင်းသား လူငယ်များဖြင့် ယခုလဆန်း (၅) ရက်နေ့က စတင် ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

မဲဆောက်ရှိ ဆာသူးလေ အထက်တန်းကျောင်းမှ ကျောင်းသူ မသင်းသင်းက “ဒီလိုင်းက မြန်မာ၊ ထိုင်း၊ ကရင်၊ ဘာသာတွေနဲ့ လွှင့်တော့ ကျောင်းသားတွေ အတော် ကြိုက်ကြတယ်။ လွှင့်ချိန်ကလည်း နေ့လယ် (၁၂) နာရီကနေ (၁) နာရီဆိုတော့ ထမင်းစားချိန်ဆိုတော့ နားထောင် ရတာ အဆင်ပြေတယ်။ အဓိက အထွေထွေ ဗဟုသုတ ပညာပေး ကဏ္ဍပါလို့ ဖြစ်တယ်”ဟု ပြောသည်။

စီဒီစီကျောင်းမှ အထက်တန်းကျောင်းသားတဦးဖြစ်သူ မောင်နိုင်က “ဒီလှိုင်းမှာ လွှင့်တာတွေက ကလေးအခွင့်အရေး၊ ပညာရေး၊ ကလေးအလုပ်သမားဆိုင်ရာတွေနဲ့ အခြေခံကျန်းမာရေး၊ ပညာရေး အစီအစဉ်တွေအပြင် ဖျော်ဖြေရေးကဏ္ဍတွေမှာလည်း တိုက်ရိုက်သီချင်းတောင်းဆိုနိုင်တဲ့ အစီအစဉ်တွေပါတယ်။ ဒါမျိုးက အရင်က တခါမှမရှိခဲ့ဘူး။ ဒါကြောင့် အားပေးမှု ရရှိတာဖြစ်တယ် ”ဟု ပြောသည်။

FM 99.75 လှိုင်းကို မဲဆောက်မြို့တွင် အခြေချ၍ မြို့ကိုဗဟိုပြု၍ ကီလိုမီတာ (၁၀၀) ပတ်လည်တွင် ဖမ်းယူရရှိနိုင်ပြီး မြန်မာဘက်ခြမ်း မြ၀တီမှ ကော့ကရိတ်မြို့အနီးထိ ဖမ်းယူရရှိနိုင်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ FM လှိုင်း၏ စီမံခန့်ခွဲမှု မန်နေဂျာ နော်ချောင်ခူးက “ဒီအသံလွှင့် အစီအစဉ်ကို မြန်မာ ရွှေ့ပြောင်း ကျောင်းတွေက အောင်မြင် သွားတဲ့ ကလေးငယ် တွေကို သင်တန်း စေလွှတ်ပြီး ဒီအသံလွှင့်လုပ်ငန်းမှာ သူတို့ကို လက်တွေ့ ပြန်အသုံးချ ခိုင်းတာ ဖြစ်ပါတယ်။ အသံလွှင့် အစီအစဉ်ကိုလည်း ဆက်လက် တိုးချဲ့ဖို့ ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

တပတ်လျှင် (၆) ရက်နှုန်းဖြင့် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် မြန်မာဘာသာ၊ ကြာသပတေး၊ သောကြာတွင် ကရင်ဘာသာ ဖြစ်ပြီး စနေနေ့တွင် ထိုင်းဘာသာဖြင့် နေစဉ် အသံလွှင့် လျက်ရှိပြီး အပတ်စဉ် ထုတ်လွှင့်မှု အစီအစဉ်များကို ဘာသာသုံးမျိုးဖြင့် တင်ဆက်ခြင်း ဖြစ်သည်။

မဲဆောက်မြို့တွင် ယခုလဆန်း အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ကျောင်းသား လူငယ်များ အတွက် FM ရေဒီယို အသံလွှင့်ရုံ (၂) ခု စတင် ထုတ်လွှင့်လျက် ရှိသည်။ ပထမဦးဆုံး ဖွင့်လှစ်သည့်လိုင်းမှာ MAP ဖောင်ဒေးရှင်း အဖွဲ့၏ FM 102.5 Mhz ဖြစ်ပြီး ဒုတိယလိုင်းမှာ မဲခေါင် လူငယ်ကွန်ရက်မှ တင်ဆက်သည့် FM 99.75 လိုင်းများဖြစ်သည်။

ရွှေ့ပြောင်း မြန်မာ အလုပ်သမားများနှင့် ကလေးငယ်များ အတွက် မဲဆောက်မြို့တွင် ယခုနှစ် အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း တခုမှလည်း မြန်မာ ဘာသာဖြင့် FM လှိုင်းတို ထုတ်လွှင့်မှု တခုကို ထုတ်လွှင့်ရန် ရှိသည်ဟု သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */