၅၀၀၀ ကျပ်တန် အတု ကိုင်ဆောင်သူ တဦး ပဲခူးတွင် အထိန်းသိမ်း ခံရဟုဆို

Tuesday, January 12, 2010 ·

ဇာနည်မာန် | အတုဟု ယူဆရသော ၅၀၀၀ ကျပ်တန် ကိုင်ဆောင်မှုဖြင့် အသက် ၄၀ ကျော်အရွယ် ရဲဝန်ထမ်းဟောင်း အမျိုးသား တဦးကို ပဲခူး မြို့မ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။


(ဓာတ်ပုံ - ဧရာဝတီ)
ယင်း ရဲဝန်ထမ်းဟောင်း ဦးခင်မောင်တင့် ဆိုသူက ဇန်န၀ါရီ ၈ ရက် မနက်ပိုင်းတွင် ပဲခူး မြို့မဈေးရှိ ဆိုင်တဆိုင်၌ ဈေးဝယ်စဉ် သုံးစွဲသော ၅၀၀၀ ကျပ်တန်များကို ဆိုင်ရှင်က မသင်္ကာသောကြောင့် ရဲစခန်းသို့ အကြောင်းကြားရာမှ အထိန်းသိမ်း ခံခဲ့ရခြင်းဖြစ် သည်။

“သူက ငါးထောင်တန်နဲ့ဈေးဝယ်တာ။ ဆိုင်ရှင်က အတုမှန်းသိလို့ ရဲကို ခေါ်ဖမ်းခိုင်းတာ။ သူက ဧကရာဇ် ရွာ ထောက်ကြံ့ ကတဲ့။ ရဲဝန်ထမ်းဟောင်းလို့ ပြောတယ်။ အခု မြို့မ ရဲစခန်းကို ခေါ်သွားတယ်”ဟု ပဲခူးမြို့မဈေးမှ မျက်မြင် ဈေးသည် တဦးက ဧရာဝတီ သို့ပြောသည်။

ပဲခူးမြို့မရဲစခန်းမှ တာဝန်ကျ အရာရှိတဦးအား ဆက်သွယ်မေးမြန်းရာ ထိုသူကို ဖမ်းဆီး ထိန်းသိမ်းထား၍ စစ်ဆေးမှုများပြုလုပ် နေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ဖြေကြားခဲ့သော်လည်း အသေးစိတ်ကို ပြောဆိုရန်ငြင်းဆန်ခဲ့သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း ၅၀၀၀ ကျပ်တန် အတုပြုလုပ်သည်ဟု ယူဆရသော လူငယ် ၄ ဦးကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ် ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။

စစ်အစိုးရက ၅၀၀၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေမည်ဟု ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ထုတ်ဝေသုံးစွဲခွင့်ပြုခဲ့သည်။

သို့သော် လူထု ကြားတွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူများ ပျံ့နှံ့ခြင်း မရှိသေးဘဲ ငွေစက္ကူ အတု သတင်းများ ထွက်ပေါ် လာသော ကြောင့် လက်ခံ သုံးစွဲရန် စိုးရွံ့နေကြကြောင်း သိရသည်။

“တချို့ဆို မြင်တောင် မြင်ဖူးသေးတာ မဟုတ်ဘူး။ ဈေးထဲမှာလည်း ၅၀၀၀ တန်ဆိုရင် မယူချင်ကြဘူး။ အတုမှန်း အစစ်မှန်းက မသိကြတော့ ပြဿနာ တက်မှာစိုးလို့”ဟု ပဲခူးမြို့ခံ တဦးက ပြောဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */