လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ

Saturday, January 09, 2010 ·

သန်းထိုက်ဦး | ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ယမန် နေ့က ၎င်းတို့ ရပိုင်ခွင့် များကို ဆန္ဒပြ တောင်းဆို ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် ယမန်နေ့ နံနက် ၈ နာရီခန့်က အမျိုးသမီး ၁၀၀ခန့် ဦးဆောင်၍ အချက် ၁၀ ချက် ပါသော အလုပ်သမား အခွင့်အရေးများကို ဆန္ဒပြ တောင်းဆို ခဲ့ကြသည်ဟု စက်ရုံ အလုပ်သမားများ နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အမျိုးသမီးအများစု ဖြစ်ကြောင်း သိရသည်။

ထိုသို့ အလုပ်သမား တောင်းဆို ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ယင်း စက်ရုံမှ ရုံးဝန်မှ တာဝန်ရှိသူတဦးက အသေးစိတ်ကို မဖြေကြားခဲ့သော်လည်း ဆန္ဒပြခြင်းသည် မှန်ကန်ကြောင်း အတည်ပြုပြောဆို သည်။

ရန်ကုန်မြို့ရှိ အမည်မဖော်လိုသည့် သတင်းထောက်တဦးက “အဓိက ကတော့ လစာကိစ္စလို့ ပြောနေကြတယ်”ဟု ဆိုသည်။

အမျိုးသမီးများက ဆန္ဒပြ တောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းရှိန် ရောက်ရှိ လာခဲ့ပြီး ၎င်း နှင့် အတူ ရဲ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေး တင်းကျပ်ထားခဲ့ ကြောင်းလည်း သိရသည်။

မြန်မာ နိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် အခြေခံ လစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်း အထိသာ ရရှိရာ အလုပ် သမားများ အနေနှင့် စားဝတ်နေရေး ခက်ခဲမှု ရှိသောကြောင့် အိုဗာတိုင် ကြေးရရန် အချိန်ပို ဆင်းကြရကြောင်း အထက်ပါ အလုပ် သမားများနှင့် နီးစပ်သူက ဆိုသည်။

သို့သော်ထို အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူ အလုပ် ထုတ်ခံကြရမှုများ ရှိကြောင်း သိရသည်။ အလုပ် သမားများကို အလုပ်ထုတ် လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေ ပေးခြင်း မရှိကြောင်း အလုပ်ပြုတ်ခဲ့သူများက ပြောဆိုကြသည်။

မြန်မာနိုင်ငံ စက်ရုံ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး အများစုမှာ နေ့စား အလုပ်သမားများသာ ဖြစ်ကြကြောင်း မှတ်တမ်းများအရ သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */