မွန်အမျိုးသားနေ့ ပိုစတာပါ စာသား ဖြုတ်ခိုင်းမှု နအဖအား မွန်အမျိုးသားများ ဝေဖန်

Saturday, January 09, 2010 ·

ဝီရ | လာမည့် ဇန်နဝါရီ (၃၀) ရက်တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာပါ စာသားများအား နအဖ အာဏာပိုင်တို့က ဖြုတ်ခိုင်းခြင်းသည် တိုင်းရင်းသား တို့၏ အခြေခံ ရပိုင်ခွင့် အခွင့်အရေး တို့ကို လျစ်လျူရှု လိုက်ခြင်း ဖြစ်ကြောင်း ဝါရင့် မွန်နိုင်ငံရေးသမား တဦးက ပြောကြားသည်။
၎င်းက “သမိုင်းဖြစ်ရပ်မှန်တရပ် အထိမ်းအမှတ် ပိုစတာမှာ ဖော်ပြလိုက်တာကို နအဖက ပြန်ဖြုတ်ခိုင်းနေတာဟာ တိုင်းရင်းသားတို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ စာပေ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ပိုင်ခွင့်နဲ့ ပြောဆို ရေးသားပိုင်ခွင့်ကို ပိတ်ပစ်တာ ဖြစ်တယ်။ သမိုင်းအမှန်ကို အမှန်အတိုင်း ရေးတာ ပိတ်ပစ်တယ်။ ဒါဟာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်ဖိုးမထားဘဲ လျစ်လျူရှုလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

မွန်အမျိုးသားနေ့ပိုစတာ၌ ပါသည့် သက္ကရာဇ် ၁၀၅၇ ခုနှစ်သည် မြန်မာဘုရင် အနော်ရထာက သုဝဏ္ဏဘူမိ သထုံပြည် မွန်နိုင်ငံတော်ကို သိမ်းပိုက်ကာ မွန်ဘုရင် မနူဟာမင်းနှင့်တကွ ပိဋကတ်သုံးပုံနှင့် ပညာရှင်များပါမကျန် ရှေ့ဟောင်းအမွေအနှစ် အားလုံးကို ပုဂံသို့ ဆောင်ယူသွားခဲ့သည့်ခုနှစ် ဖြစ်သောကြောင့် ယင်းကဲ့သို့ မဖော်ပြရန် အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ဝါရင့် မွန်နိုင်ငံရေးသမားက ဆက်လက်ပြောကြားသည်။

ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက “ပိုစတာမှာ ရေးထားတဲ့စာသားဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတယ်။ ဒါကြောင့် ဖြုတ်ပေးဖို့ ပြည်နယ်အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီက ကျနော်တို့ကို ဒီဇင်ဘာ (၂၉) ရက် နေ့လယ်ပိုင်းမှာ ခေါ်တွေ့တယ်။ ပိုစတာမှာ အရင်နှစ်တွေလိုပဲ မွန်နဲ့ဗမာ နှစ်ဘာသာ ရေးထားတဲ့အထဲက ဗမာစာပိုဒ် (၂) ကြောင်းကို ဖြုတ်ခိုင်းတာ ဖြစ်တယ်” ဟု ပြောသည်။

အရွယ်အစား (၁၂) ပေ x (၈) ပေရှိသည့် ထိုပိုစတာကြီးမှ ဖြုတ်ပစ်ခိုင်းသည့် စာသားအပြည့်အစုံမှာ “သထုံတဝိုက်မှ မလေးကျွန်းဆွယ် အထိ အရှေ့တောင် အာရှဒေသ တခုလုံးသည် သုဝဏ္ဏ ဘူမိဒေသတွင် အကျုံးဝင်သည်။ သက္ကရာဇ် ၁၀၅၇ တွင် သထုံဒေသ တိုက်ခိုက် ခံရပြီး အမျိုးသား အမွေအနှစ် အားလုံး ဆောင်ကြဉ်းသွားခြင်း ခံရသော်လည်း သုဝဏ္ဏဘူမိ နန်းစဉ် ဗုဒ္ဓရုပ်ပွားတော်ကိုကား ပင့်ဆောင် သွားခြင်း မပြုနိုင်ခဲ့ချေ” ဟူ၍ ပါရှိပြီး ထိုကာလက ပုဂံသို့ ပင့်ဆောင် သွားနိုင်ခြင်း မရှိခဲ့သည့် သုဝဏ္ဏဘူမိ နန်းစဉ် ဗုဒ္ဓရုပ်ပွားတော်ပုံနှင့် သုဝဏ္ဏဘူမိ ဒေသပြ မြေပုံ တို့ဖြင့် ပိုစတာကို အခြေခံ သရုပ်ဖော်ထားသည်။

ပိုစတာ ဒီဇိုင်းပုံကို မရိုက်နှိပ်မီ (၂) ပတ်အကြာ သက်ဆိုင်ရာ အာဏာပိုင်တို့ထံ ကြိုတင် တင်ပြခဲ့ပြီး ဖြစ်သော်လည်း မွန်ပြည်နယ် အနှံ့ ပိုစတာ စောင်ရေ (၁၀၀) နီးပါး စိုက်ထူပြီးချိန်မှ ပြင်ဆင်ခိုင်းသဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့ ခဲ့ရကြောင်း ကျင်းပရေး ကော်မတီဝင်များ ထံမှ သိရသည်။

သဘာပတိ မိန့်ခွန်းပါ သက္ကရာဇ် ၁၀၅၇ စာပိုဒ်နှင့် အခြား လက်ကမ်း စာစောင်များမှ စာပိုဒ်အချို့ကိုလည်း ယခုနှစ် ပွဲတော်တွင် မဖတ်ကြားရန် တားမြစ် ခဲ့ကြောင်းလည်း သိရသည်။

“ပိုစတာက Message လေးတခုကိုတောင် မဖော်ပြခိုင်းတာဆိုတော့ နိုင်ငံရေး၊ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်လာရင် နအဖက ပိုတင်းမာနိုင်တဲ့ သဘောထားမျိုးနဲ့ လူမျိုးစုတွေအပေါ် ပိုမိုဖိနှိပ်ချုပ်ချယ်ဦးမှာပဲ။ ဒီလုပ်ရပ်ဟာ နအဖ ဟစ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ” ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦးက ပြောသည်။

ရန်ကုန်မြို့တွင် မွန်အမျိုးသားနေ့ ပွဲတော်အခမ်းအနား ကျင်းပခွင့်ကို ၂၀၀၂ ခုနှစ်မှစ၍ ပိတ်ပင်ခံခဲ့ရပြီး ဗဟိုအခမ်းအနားအဖြစ် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် အလှည့်ကျကျင်းပခဲ့ရာတွင် သဘာပတိမိန့်ခွန်းနှင့် စာရွက်စာတမ်းအချို့မှ စာပိုဒ်အချို့ကို မဖတ်ကြားရန် အာဏာပိုင်တို့က တားမြစ်ခဲ့မှုများ ရှိသော်လည်း ပိုစတာပါ စာသား ဖြုတ်ခိုင်းသည်မှာ ယခုနှစ်တွင် ပထမဆုံး အကြိမ်ဖြစ်သည်။

ပြည်တွင်းမှ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီတို့ ဦးဆောင်သည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် ကျင်းပမည် ဖြစ်ပြီး မွန်ပြည်သစ် ပါတီ ကြီးမှူးကျင်းပမည့် အခမ်းအနားကို ဘုရားသုံးဆူ နယ်စပ် တနေရာတွင် စီစဉ်ထားကြောင်း သိရသည်။

သမလ၊ ဝိမလ ညီနောင် နှစ်ပါးက မွန်နိုင်ငံတော် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့ အဖြစ် သတ်မှတ်ကာ ၁၉၄၇ ခုနှစ်ကတည်းက စတင်ကျင်းပလာ ခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */