ရန်ကုန်က ခွဲစိတ်ကုသလူနာ သေဆုံးမှု ဖြစ်ပြန်ပြီ

Saturday, January 09, 2010 ·

ရန်ပိုင် | ရန်ကုန်မြို့ အောင်ရတနာ အထူးကု ဆေးခန်းတွင် ပြီးခဲ့သည့် အင်္ဂါနေ့က လွဲမှားသော ဆုံးဖြတ်ချက်ကြောင့် ခွဲစိတ် ကုသမှုခံ လူနာ တဦး ထပ်မံ သေဆုံး ခဲ့ရကြောင်း သိရသည်။

တောင်ဥက္ကလာပ မြို့နယ် ၉ ရပ်ကွက် သူရ ၄ လမ်းနေ ဒေါ်ကြည်လေး အသက် ၅၉ နှစ်သည် ချော်လဲရာမှ တင်ပါးဆုံ ရိုးကျိုးသွား သည့်အတွက် အောင်ရတနာ ဆေးခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဇန်န၀ါရီလ ၅ရက်နေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် ခွဲစိတ် ခဲ့ရာ မိနစ်ပိုင်း အကြာတွင် လူနာသေဆုံးသွားပြီဟု ဆေးရုံမှ တာဝန်ရှိသူ ဆေးရုံအုပ်ကြီးက လာရောက် အကြောင်းကြားကြောင်း သေဆုံးသူ၏ သမီးဖြစ်သူ မအေးအေးသော် က ဧရာဝတီသို့ ပြောသည်။

“ခွဲခန်းရှေ့မှာ ကျမ ထိုင်စောင့် နေတုန်း သူတို့ ပျာပျာသလဲနဲ့ ဓာတ်မီးတောင်းတယ်၊ ဆေးပုလင်းတွေ ထပ်တောင်းတယ်၊ အဲ့သည် က တည်းက ဒီတင်ပါးဆုံရိုး ခွဲတဲ့ အသေးအမွှားပြဿနာလေးကို ဘာကြောင့် ပျာနေသလဲလို့တော့တွေးမိတယ်”ဟု ၎င်းကဆိုသည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး သွေးကြော အတွင်း သွေးခဲ၍ အဆုတ်တွင် သွားရောက် ပိတ်ဆို့မှုကြောင့် ဖြစ်သည်ဟု အောင်ရတနာ ဆေးခန်းမှ ကျန်ရစ်သူ မိသားစုအား ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ဆေးခန်းမှ တာဝန်ရှိသူများသည် လူနာနှင့် တကွ လူနာရှင်အား မခွဲစိတ်မီ လက်ရှိ အခြေအနေအား ရှင်းလင်း ပြောကြား ခြင်းမရှိကြောင်းလည်း မအေးအေးသော်က ပြောသည်။

လူနာမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က ချော်လဲပြီး လက်နှင့် တင်ပါးဆုံ ရိုးပါကျိုးသွားသည့် အတွက် အဆိုပါ ဆေးခန်းတွင် ပထမ အကြိမ် ကုသမှု ခံယူခဲ့ရကြောင်း၊ သို့သော် သက်သာမလာသည့် အတွက် ပြီးခဲ့သည့် တနလာင်္နေ့ကမှ ထပ်မံ တက်ရောက် ကုသခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မအေးအေး သော်က ဆက်လက်ပြီး ခွဲစိတ်ကုသမှု မပြုလုပ်မီ လူနာ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ နှလုံး စမ်းသပ်သည့် စက်မရှိ၍ အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ကြီး ဦးတင်သန်းဖြင့် စစ်ဆေးစေခဲ့ရာ မည်သည့် ရောဂါမျှ မရှိဟု ဆေးမှတ်တမ်းထွက်ခဲ့ကြောင်း၊ ထို့အပြင် သွေးတိုး၊ ဆီးချို စသည့် ရောဂါများလည်း မရှိသည့်အတွက် အောင်ရတနာ အထူးကုဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ သီဝတင်၏ ခွင့်ပြုချက်ဖြင့် ခွဲစိတ် စေခဲ့ကြောင်း ဆိုသည်။

လူနာအား ထုံဆေးပေး၍ ခွဲစိတ် ကုသရာတွင် အရေပြားအလွှာနှင့် ကြွက်သား တလွှာကိုသာ ခွဲစိတ် ရသေးသည်ဟု ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာ မြင့်ဆွေက သေဆုံးသူ၏ သမီးဖြစ်သူ မအေးအေးသော်အား ပြောကြား သွားကြောင်းသိရသည်။

ခွဲစိတ်ဆရာဝန်မှာ အရိုးအကြောအထူးကုဆရာဝန်ကြီး ဖြစ်ပြီး မေ့ဆေးဆရာဝန်မှာ ဒေါက်တာဒေါ်မိမိအောင် ဖြစ်သည်ဟု သေဆုံး သူ မိသားစုဝင်များကပြောသည်။

သေဆုံးသူ၏ တူဖြစ်သူ ကိုကြည်ဝင်းကလည်း“ဆေးရုံက မန်နေဂျာရော၊ ဆေးရုံအုပ်ကြီးပါ လာတောင်းပန်တယ်၊ အားလုံး လိုလေ သေးမရှိအောင် ကူညီတယ်”ဟုပြောသည်။

သေဆုံးသူနှင့် ပတ်သက်၍ ဆေးရုံမှ ဆေးကုသ စရိတ်နှင့် သဂြိုလ် စရိတ်၊ ပန်းခွေ၊ ရေသန့်ဘူး အစရှိသဖြင့် ကူညီပေးကြောင်း၊ ယခုကုသမှု အောင်မြင်ခဲ့လျှင် ကုန်ကျစရိတ်မှာ ကျပ် ၁၂သိန်းခန့် ရှိကြောင်း ကိုကြည်ဝင်း ကပြောသည်။

ကျန်ရစ်သူ မိသားစု အနေဖြင့် ယခုကဲ့သို့ သတင်းမီဒီယာများအား ပြောကြားရခြင်းမှာ သက်ဆိုင်ရာ ဆေးခန်း ထံမှ ငွေကြေး တစုံတရာ ရယူလိုခြင်း၊ တရားစွဲဆို လိုခြင်းကြောင့် မဟုတ်ကြောင်း၊ ဈေးနှုန်း ကြီးမြင့်သည့် ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများ၏ ပေါ့ပေါ့ ဆဆ ကုသနေမှု၊ သာမန် ပြည်သူများ အနေဖြင့် ကျန်းမားရေး ကုသမှု အခက်အခဲများကို သက်ဆိုင်ရာနှင့် အများပြည်သူများ သိစေရန်ဖြစ်ကြောင်း မအေးအေးသော်က ပြောသည်။

အဆိုပါ ဆေးရုံသို့ ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့ရာ ဆေးရုံ မန်နေဂျာ ကိုဝင်းစိုးဦးက သေဆုံးမှုမှာ မှန်ကန်ကြောင်း ပြောကြား ခဲ့သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ၀င်းထွန်းအား ဆက်သွယ် မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း မရှိပေ။

မကြာသေးမီကလည်း ရွှေဂုံတိုင် အထူးကု ဆေးခန်း( SSC )တွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူ တဦး ဆရာဝန်၏ ကုသမှု မှားယွင်းခဲ့သဖြင့် သေဆုံးခဲ့သည်။

မြန်မာ နိုင်ငံတွင် ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများသည် ဈေးကွက် စီးပွားရေး စနစ် အတွင်းသို့ ၀င်ရောက် လာသော်လည်း ကျွမ်း ကျင်မှုနှင့် အတတ်ပညာပိုင်း၊ ရုပ်ဝတ္တုပစ္စည်းပိုင်းတွင် တခြားသော အိမ်နီချင်း နိုင်ငံများ ကဲ့သို့ အားမကောင်းကြောင်း မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(မန္တလေး)မှ ဒု ဥက္ကဌ (၂) ဒေါက်တာ ၀င်းရှိန် က သုံးသပ် ဝေဖန်သည်။

“နည်းပညာရော ကျင့်ဝတ်တွေ ကင်းမဲ့ နေတာကိုလည်း ထည့်တွက် ရမယ်”ဟု ၎င်းက ဆိုသည်။

လူနာများအား ကုသမှု ပေးရာတွင် ထိရောက်မှု အရှိဆုံးနှင့် အကောင်းဆုံး နည်းလမ်းများကို အသုံးပြု ကုသ ပေးရမည် ဖြစ်ကြောင်း၊ ဆေးကုသမှု မပြုလုပ်မီ လူနာနှင့် တကွ လူနာရှင်များအား ရောဂါ အခြေအနေကို ကောင်းကျိုး ဆိုးကျိုးများကို သေချာစွာ ရှင်းလင်း သိရှိစေရန် အသိပေးရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ပြည်သူ ဆေးရုံကြီးတွင် ပြုလုပ် သည့် အစည်းအဝေး၌ ကျန်းမာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာ ပိုင်စိုးက ဆရာဝန်ကြီးများကို ပြောကြားခဲ့ကြောင်း အစိုးရ သတင်းစာ များတွင် ဖော်ပြခဲ့သေးသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */