အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ လုပ်ပိုင်ခွင့် တနှစ် သက်တမ်းတိုး

Thursday, January 21, 2010 ·

စိုးမိုး | မြန်မာ နိုင်ငံတွင်း အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်နေသည့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ (အိုင်အယ်လ်အို) က နောက်ထပ် (၁) နှစ် သက်တမ်းတိုးလုပ်ဆောင်ရန် ယခုလ (၁၉) ရက်တွင် စစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်သည်။

၂၀၀၇ ခုနှစ်မှစတင်၍ အိုင်အယ်လ်အိုက မြန်မာ စစ်အစိုးရနှင့် နားလည်မှု စာချွန်လွှာရေးထိုးပြီး မြန်မာနိုင်ငံ အတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုနှင့် ကလေးစစ်သား စုဆောင်းမှုတို့အတွက် တိုင်ကြားချက်များကို လက်ခံ ဆောင်ရွက် နေပြီး ယခု နောက်ထပ် တနှစ် ထပ်မံ လုပ်ဆောင်ရန် သဘော တူညီချက် ရရှိခြင်း ဖြစ်သည်။

အိုင်အယ်လ်အိုရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် စစ်အစိုးရ အလုပ်သမားရေးရာ ၀န်ကြီး ဦးအောင်ကြည်တို့ ယခုလ (၁၈) ရက် က တွေ့ဆုံ ဆွေးနွေး ပြီးနောက် နားလည်မှု စာချွန်လွှာ ထွက်ပေါ်လာခြင်းဖြစ်သည်။

“အိုင်အယ်လ်အိုနဲ့ နအဖ နားလည်မှု စာချွန်လွှာမှာ အိုင်အယ်လ်အိုက မြန်မာပြည်မှာ တရားဝင် ဆောင်ရွက်နိုင်တာ (၂) ချက်ပဲ ရှိတယ်။ အဓမ္မလုပ်အားပေးနဲ့ ကလေးစစ်သား။ ရသမျှ အခွင့်အရေးလေးနဲ့ သက်တမ်းတိုး တွယ်ကပ်နေရတာ။ အိုင်အယ်လ်အိုရဲ့ ဥပဒေအရ ဆောင်ရွက်နိုင်တဲ့ အပြည်ပြည် ဆိုင်ရာ ဥပဒေကို အကုန်ခွင့်မပြုဘူး။ လုပ်ပိုင်ခွင့် တိုးချဲ့ခွင့်ရအောင် ကြိုးစားသော်လည်း ခွင့်မပြုတာ” ဟု အလုပ်သမားအရေးဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားသည်။

စစ်အစိုးရ အလုပ်သမား ၀န်ကြီးနှင့် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိုင်အယ်လ်အိုရုံး အမှုဆောင် ညွှန်ကြား ရေးမှူးက အလုပ်သမားအရေး ဆောင်ရွက် နေသူများနှင့် ယခုလ (၂၃) ရက်တွင် တွေ့ဆုံဆွေးနွေး သွားမည် ဖြစ်သည်။

အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ အိုင်အယ်လ်အိုကို ယခုကဲ့သို့ တနှစ်တခါ သက်တမ်းတိုး ဆောင်ရွက်နေရခြင်းမှ နိုင်ငံတကာဥပဒေ လုပ်ပိုင်ခွင့်များအတိုင်း အမြဲတမ်း ဆောင်ရွက်ခွင့် ပြုစေချင်ကြောင်း ပြောကြားကြသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အိုင်အယ်လ်အိုကို လုပ်ပိုင်ခွင့် ပေးထားခြင်းမှာ အလုပ်သမားများ အကျိုးအတွက်မဟုတ်ဘဲ စစ်အစိုးရက နိုင်ငံတကာ ဖိအားများ လျော့ပါးစေရန်အတွက် ဟန်ပြလုပ်ဆောင်နေခြင်းဖြစ်ပြီး အိုင်အယ်လ်အို ကလည်း ရသမျှ အခွင့်အရေးနှင့်သာ အလုပ်သမား အရေးကို ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်ဟု အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောဆိုသည်။

ရှေ့နေကြီး ဦးအေးမြင့်က “အလုပ်သမားတွေ အတွက် အပြည်ပြည်ဆိုင်ရာ အခွင့်အရေး ဥပဒေအရ ခံစားခွင့် မရတာတွေကို ကူညီ ဆောင်ရွက်ခွင့် ရစေချင်တယ်။ အိုင်အယ်လ်အိုဟာ နိုင်ငံရေး ပါတီ မဟုတ်ဘူး။ ဘယ်တော့ မှလည်း ပြည်တွင်း နိုင်ငံရေးကို ၀င်ရောက် စွက်ဖက်တဲ့ မူဝါဒ မကျင့်သုံးတာကိုသိလျက်နဲ့ အခုလို အပြည်ပြည် ဆိုင်ရာ ဥပဒေ အရ ဆောင်ရွက်နေတဲ့ အဖွဲ့ကို ကန့်သတ် ဟန့်တား တာဟာ လူမျိုးနဲ့ တိုင်းပြည်ဟာ ကမ္ဘာ့ အလယ်မှာ မျက်နှာငယ် နေရတယ်” ဟု သုံးသပ်သည်။

လက်ရှိ မြန်မာ နိုင်ငံတွင်း အလုပ်သမားများမှာ နိုင်ငံတကာ စံနှုန်းနှင့် အညီ လုပ်ခမရသည်ကို နအဖ စစ်အစိုးရအား တင်ပြတိုင်ကြား ခွင့်မရခြင်း၊ တောင်းဆိုခွင့်လည်း မရှိခြင်း၊ မြန်မာ နိုင်ငံတွင်း အလုပ်သမား အရေး အတွက် ဖွဲ့စည်းထားသော အလုပ်သမား ၀န်ကြီး ဌာနနှင့် လက်အောက်ခံ အလုပ်သမား အဖွဲ့စည်းများကို အားကိုး မရခြင်း၊ ပြည်တွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမား အခွင့်အရေး များ မရရှိခြင်းတို့ ရှိနေသည်ဟု ဦးအေးမြင့်က ပြောကြားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */