စက်မှု လုပ်ငန်းရှင်များ နေရာသစ်သို့ မပြောင်းပါက စည်ပင် ဥပဒေ အရ တရား စွဲခံရမည်

Tuesday, January 26, 2010 ·

တက်လူ | ရန်ကုန်တွင် ကားဝပ်ရှော့နှင့် အသေးစား စက်မှု လုပ်ငန်း အားလုံးကို ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး လုပ်ငန်းက ဖော်ထုတ်ပေးထားသည့် မြေကွက်များတွင် ပြောင်းရွှေ့ လုပ်ကိုင် ကြရန် နောက်ဆုံး သတိပေးထားကြောင်း တိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (တယက) မှ သိရသည်။

ပြောင်းရွှေ့ရန် အမိန့်ကို လုပ်ငန်းရှင်များအား ယမန်နှစ် ဒီဇင်ဘာလက အသိပေးထားပြီး ဖြစ်ကြောင်း၊ မလိုက်နာ ပါက လုပ်ငန်း လိုင်စင် ပိတ်သိမ်းမည် ဖြစ်ကြောင်း တယကမှ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တွင် လုပ်ငန်း ပြောင်းရွှေ့ရန် စာရင်းကောက် ခံထားသည့် လုပ်ငန်းရှင်ပေါင်း (၁,၀၀၀) ကျော်ရှိသည့် အနက် မြေကွက် အတွက် ငွေပေးသွင်း ထားသူပေါင်းမှာ (၃,၀၀) ကျော်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

နေရာ မပြောင်းရွှေ့သော လုပ်ငန်းရှင်များသည် လျှပ်စစ် ဖြတ်တောက်ခြင်း၊ ရန်ကုန် စည်ပင်ဥပဒေ အရ တရား စွဲဆိုခြင်း ခံရမည်ဟု တယကမှ အမိန့် ထုတ်ထားကြောင်းလည်း အလုံမြို့နယ်ရှိ ကားဝပ်ရှော့ တခုမှ တာဝန်ခံ တဦးက ပြောသည်။

၎င်းက “ကျနော်တို့ အနေနဲ့ လုပ်ငန်းတွေ မကောင်းကြဘူး၊ ဒါ့ကြောင့် လက်ရှိလုပ်နေတဲ့ နေရာကနေပြီးတော့ မပြောင်းနိုင် သေးဘူး။ ပြောင်းရွှေ့ဖို့ လိုအပ်တဲ့ငွေက သိန်း (၁၀၀) လောက် အနည်းဆုံး ကုန်မယ်။ မြေကွက်က သိန်း (၆၀) နဲ့  ၀ယ်ရမယ်။ ပြောင်းရွှေ့စရိတ်နဲ့ လုပ်ငန်းအတွက် အဆောက်အအုံ အမိုးအကာအတွက်လည်း ကုန်အုံးမယ်။ အဲဒီအတွက် ငွေကြေးက အခက်အခဲရှိတယ်။ မပြောင်းနိုင်သေးပါဘူးဗျာ” ဟု ပြောသည်။

ဥပဒေ အတိအကျကို သေချာ နားမလည် သော်လည်း စည်ပင် ဥပဒေနှင့် တရားစွဲမည် ဆိုသည်မှာ ဒဏ်ငွေ ဆောင်ရန် သို့မဟုတ် လုပ်ငန်း လိုင်စင် ပိတ်သိမ်းရန် ဖြစ်ကြောင်း သိရသည်ဟု တောင်ဥက္ကလာမှ တွင်ခုံ လုပ်ငန်းရှင် တဦးက ပြောသည်။

စက်မှု လုပ်ငန်းများ လုပ်နေသော နေရာများကို မြို့နယ် အလိုက် စိစစ် စစ်ဆေး သွားမည် ဖြစ်ရာ အစိုးရပိုင် မြေနေရာများ၊ အစိုးရပိုင် အဆောင်အအုံဝင်းများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းများတွင်လည်း ၀င်ရောက် စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

“ပြောင်းရွှေ့ ရမှာကို သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ချထားပေးတယ်။ တာဝန်ကျတဲ့ ဌာနအလိုက်က မိမိ တာဝန် ကျတဲ့ မြို့နယ်မှာ ဒီလိုစက်မှုလုပ်ငန်းတွေ မပြောင်းဘဲ ကျန်နေတယ်ဆိုရင် တာဝန်ကျသူ တာဝန်ပဲ။ သက်ဆိုင်ရာ ဌာနဆိုင်ရာကို အရေးယူသွားမယ်။ ပြောင်းရွှေ့ဖို့ စာရင်း ရထားပေမယ့် မြေမရသေးတဲ့ လုပ်ငန်းရှင်တွေကို စာရင်း ပြုစုပြီးတော့ စစ်ဒေသမှူးတွေနဲ့ ခရကကို တင်ပြဖို့လည်း ညွှန်ကြားထားတယ်” ဟု တယက တာဝန်ရှိသူက ပြောသည်။

ပေ (၄၀ x ၆၀) မြေတကွက်ကို သိန်း (၆၀) ဖြင့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး လုပ်ငန်းက ရောင်းချသည့် အတွက် လုပ်ငန်းရှင်များက မပြောင်းရွှေ့လိုကြကြောင်း သိရသည်။

ထိုသို့ မပြောင်းရွှေ့ လိုကြသည့် အတွက် စက်မှု လုပ်ငန်းရှင်များကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် သရက်ပင် ချောင်ရှိ ငါးပိ၊ ငါးခြောက် ဇုန်တွင် ပေ (၄၀ x ၆၀) မြေတကွက်ကို ရန်ကုန်မြို့တော်စည်ပင်က သိန်း (၃၀) ဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်တွင်း သတင်း ဂျာနယ်များမှ တဆင့် ပြောကြားခဲ့သည်။

ယင်းသို့ နေရာနှစ်မျိုး၊ ဈေးနှစ်မျိုးဖြင့် အစိုးဌာနနှစ်ခုက မြေကွက် အပြိုင်ရောင်းကာ ပြောင်းရွှေ့ ခိုင်းနေသော်လည်း စက်မှု လုပ်ငန်းရှင် များက မြေ၀ယ်ခ၊ အဆောက်အဦ အတွက် ကုန်ကျစရိတ်တို့အပြင် နေရာ အနေအထားကြောင့် စီးပွားရေးအရ တွက်ခြေကိုက် မကိုက်ကိုပါ ထည့်သွင်းစဉ်းစားနေကြကြောင်း သိရသည်။

စက်မှု လုပ်ငန်းများအား နေရာ ပြောင်းရွှေ့မိန့် ထုတ်ရခြင်းမှာ အသံဆိုးများကြောင့် ပတ်ဝန်းကျင်ထိခိုက်ကာ မြို့တော် အင်္ဂါရပ်နှင့် မညီသောကြောင့် ဖြစ်ကြောင်း ရန်ကုန် စည်ပင် အရာထမ်း တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */