ဧရာဝတီ မြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ရေး နအဖနှင့် တရုတ်ကုမ္ပဏီ ညှိနှိုင်း

Tuesday, January 26, 2010 ·

စိုးမိုး | နောက်ထပ် တည်ဆောက်မည့် ဧရာဝတီ မြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ခွင့် အတွက် တရုတ် CMAC Engineering Group Co Ltd က စစ်အစိုးရ ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ညှိနှိုင်း နေပြီဖြစ်သည်။

ယခုလ (၂၂) ရက်တွင် စစ်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးနှင့် တရုတ်နိုင်ငံ China CMAC Engineering Group Co Ltd ဥက္ကဋ္ဌ Madam Luo Yan တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်ဖြစ်သည့် The New Light of Myanmar သတင်းစာတွင် ဖော်ပြသည်။

မြန်မာ ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာ များတွင်မူ ဧရာဝတီ မြစ်ကူး တံတား (၄) စင်း တည်ဆောက်ရေး တရုတ်နှင့် ညှိနှိုင်း နေခြင်းကို မဖော်ပြဘဲ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The New Light of Myanmar တွင်သာ သတင်းထုတ်ပြန်သည်ကို တွေ့ရသည်။

တည်ဆောက်မည့် မြစ်ကူး တံတားကြီးများမှာ ဧရာဝတီ တံတား (ပခုက္ကူ)၊ ဧရာဝတီ တံတား (စင်းခန်း)၊ ဧရာဝတီတံတား (ညောင်တုန်း) နှင့် ဧရာဝတီတံတား (မလွန်) တို့ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ သိရသည်။

တရုတ်ကုမ္ပဏီ China CMAC Engineering Group Co Ltd က အဆိုပါတံတား (၄) စင်း တည်ဆောက်ရေးအတွက် လုပ်ငန်းအကြို စီမံကိန်းများကို ထိုနေ့က ဆွေးနွေးကြကြောင်း သိရသည်။

မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်း ဒေသထိ ဖြတ်သန်း စီးဆင်းနေသော ဧရာဝတီမြစ်ကြီးပေါ်တွင် ယခင် မြစ်ကူး တံတားကြီး (၈) စင်းရှိနေရာမှ ယခု တံတား (၄) စင်း ထပ်မံ တည်ဆောက်မည် ဖြစ်ရာ ဧရာဝတီ မြစ်ကူး တံတားကြီး (၁၂) စင်း ရှိလာမည်ဖြစ်သည်။

စစ်အစိုးရ လက်ထက် မြစ်ကူး ချောင်းကူး တံတားပေါင်းများစွာ တည်ဆောက်ထားသော်လည်း တံတားကြေး ကြီးမြင့်မှုကြောင့် ကုန်စည် ပို့ဆောင်ရေး နှုန်းထားများ မြင့်တက်နေဆဲဖြစ်သည်။

ထို့အပြင် တံတားများကို အချိန်အကန့်အသတ်ဖြင့် သွားလာခွင့် ပြုထားသည့်အတွက် သွားလာရေး အဆင်ပြေချောမွေ့ ရမည့်အစား အခက်အခဲတခုအဖြစ် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ရှုမြင်သည်။

၎င်းက “စစ်တောင်းတံတားကို ဖြတ်ဖို့ဆိုရင် မနက် (၆) နာရီကနေ ည (၈) နာရီထိပဲ ဖြတ်သန်းသွားလာခွင့်ရှိတယ်။ အဲတော့ တံတားတွေဆောက် လမ်းတွေဖောက်တာရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲလို့ ပြန်မေးစရာ ဖြစ်နေပါတယ်” ဟု ပြောသည်။

စစ်အစိုးရ လက်ထက်တွင် မြန်မာ့ အသက်သွေးကြောဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီမြစ်အပါအ၀င် ၎င်း၏ အဓိက မြစ်လက်တက်များ ပေါ်တွင် ဆည်တာတမံများ ပိတ်ဆို့မှု၊ တံတားများ တည်ဆောက်မှုကြောင့် ရေဝေရေလဲ ဧရိယာများ ကမောက်ကမ ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ သဘာဝ ပတ်ဝန်းကျင် လေ့လာ သူများက ပြောဆိုသည်။

ထို့အပြင် ပြည်တွင်း အခြေစိုက် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့များက အသေးစိတ် စုံစမ်းဖော်ထုတ်ခွင့် မရရှိခြင်း၊ ပြည်ပ အခြေစိုက် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့များနှင့် အလှမ်း ကွာဝေးခြင်း တို့ကြောင့် ဧရာဝတီသည် အကာအကွယ် မဲ့လျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူပညာရှင်များက သုံးသပ်ကြသည်။

စစ်အစိုးရက ဧရာဝတီ မြစ်ပေါ်တွင် ရေအား လျှပ်စစ် စီမံကိန်း (၇) ခုနှင့် မြစ်ဖြတ် တံတား (၈) စင်း တည်ဆောက်ခဲ့ပြီး ဧရာဝတီ၏ အဓိက မြစ်လက်တက်များ ဖြစ်သော မြစ်ငယ်မြစ်၊ တာပိန်းမြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်း မြစ်တို့တွင်လည်း ရေအားလျှပ်စစ် စီမံကိန်း အတွက် ဆည်တမံများ တည်ဆောက် ထားပြီး ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */