ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို သုံးခွင့်မပေးတော့

Tuesday, January 26, 2010 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ဂျာနယ် တိုက်များတွင် အသုံးပြုရန် သတင်းနှင့် ပြန်ကြားရေး ဌာနက ပေးလေ့ရှိ သော်လည်း ယခု နောက်ဆုံး ဦးအောင်ကြည်နှင့် တွေ့ဆုံသည့်ပုံမှ စ၍ မပေးတော့ကြောင်း ဂျာနယ် တိုက်များထံမှ စုံစမ်းသိရသည်။

ဂျာနယ် အယ်ဒီတာ တဦးက “ခါတိုင်းဆို အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ဓာတ်ပုံ ဖြစ်စေ၊ အစိုးရက တာဝန်ယူ ပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေ ဆွေးနွေးပွဲ ဓာတ်ပုံ မျိုးတွေကို ဖြစ်စေ၊ သတင်းနဲ့ ပြန်ကြားရေး ဌာနကနေ ကျနော်တို့ ဂျာနယ်တိုက်တွေက တောင်းယူ အသုံးပြုလေ့ ရှိတယ်။ ငွေတော့ နည်းနည်းပါးပါး ပေးရတာပေါ့။ ကျနော်တို့က အဲဒီပုံတွေကို သုံးရတယ်။ အခု နောက်ဆုံး ဦးအောင်ကြည်နဲ့ ဆွေးနွေးပွဲ ဓာတ်ပုံကိုကျတော့ ဘယ်တိုက်ကိုမှ မပေးတော့ဘူး။ ဘာအကြောင်းပြချက်မှတော့ မပေးဘူး။ ခါတိုင်းဆို ဒီလို သတင်းဓာတ်ပုံမျိုးကို ကျနော်တို့ ရောင်စုံပုံနဲ့ ကောင်းကောင်း မွန်မွန် ဖော်ပြခွင့် ရတယ်။ ခုတော့ ပုံနှိပ်အရည်အသွေး အရမ်းနိမ့်တဲ့ သတင်းစာထဲက ဓာတ်ပုံကို စကင်လုပ်ပြီး ဖော်ပြရတော့ ပုံတွေက မဲနေတယ်။ မကောင်းဘူး။ ဂျာနယ်တိုင်း ဒီလိုပဲ သုံးကြရတယ်။ တချို့ ဂျာနယ်တွေ ကတော့ ဓာတ်ပုံတောင် မထည့်တော့ဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ပါတီနှင့် အစိုးရ ထိပ်တန်း ခေါင်းဆောင်တို့၏ သတင်း ဓာတ်ပုံများနှင့် ပတ်သက်၍ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ် သတင်းထောက်များ သတင်း တက်ယူခွင့် မရှိသကဲ့သို့ သတင်း ဓာတ်ပုံလည်း မရကြဘဲ စစ်အစိုးရ သတင်းနှင့် ပြန်ကြားရေးဌာနကသာ ရိုက်ကူးပြီး ဂျာနယ်များက ၎င်းတို့ထံမှ ဓာတ်ပုံ အသုံးပြုခွင့် တောင်းခံကြရသည်။

သတင်း စာသားကိုမူ ဝေဖန်ချက်၊ ဖြည့်စွက်ချက် မပါစေရဘဲ သတင်းစာတို့တွင် ဖော်ပြသည့်အတိုင်းသာ ရေးသားခွင့်ရကြသည်။

ထိုမျှသာ ဖော်ပြခွင့် ရသော်လည်း ပုဂ္ဂလိက ဂျာနယ် များက ပြည်သူတို့ တွေ့မြင်ချင်သည့် အဆိုပါ သတင်း ဓာတ်ပုံမျိုးကို ဂျာနယ် မျက်နှာဖုံးတို့တွင် ပုံကြီးနှင့်ဖော်ပြခဲ့ကြသည်။

နောက်ပိုင်း စစ်အစိုးရ စာပေစိစစ်ရေးက ပိတ်ပင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ပုံများကို မျက်နှာဖုံးတွင် ဖော်ပြခွင့် မရဘဲ အတွင်း စာမျက်နှာများ၌သာ ဖော်ပြခွင့်ရသည်။

ယခုတဖန် အတွင်း စာမျက်နှာတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရောင်စုံ ဓာတ်ပုံများ ဖော်ပြနေခြင်းကို စာပေ စိစစ်ရေးက မနှစ်မြို့သည့် အတွက် ယခုကဲ့သို ဓာတ်ပုံသုံးခွင့် မပေးတော့ခြင်း ဖြစ်နိုင်ကြောင်း ပုဂ္ဂလိက ဂျာနယ် အသိုင်းအဝိုင်းတွင် ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် ပြောဆို နေကြသည်။

အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်များ၏ပုံကို မျက်နှာဖုံး၌ ဖော်ပြခဲ့၍ ပြည်တွင်းထုတ် ဂျာနယ် တစောင် ပြင်းထန်စွာ သတိပေး ခံခဲ့ရဖူးသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */