မြန်မာနှင့် ဆက်ဆံရေး စိတ်ရှည်မည် မဟုတ်ဟု အမေရိကန်အစိုးရ ထိပ်တန်းအရာရှိ ပြောကြား

Thursday, January 21, 2010 ·

NEJ | အမေရိကန် အစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရှည်ထားရန် လိုအပ်သော်လည်း အကန့်အသတ် မရှိ သည်းခံနေမည် မဟုတ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ်ဘဲလ်က ပြောကြား လိုက်သည်။

၎င်းက “ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမယ့် ကျနော်တို့ဟာ အဆုံးမရှိ စိတ်ရှည် သည်းခံသွားမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့် တချို့ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေး ဌာနတွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောဆိုသွားခြင်း ဖြစ်သည်။

အမေရိကန်အစိုးရနှင့် ပြောဆို ဆက်ဆံနေမှုများ အရ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ရှိမရှိ သိရှိနိုင်ရန် အတွက် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ စစ်အစိုးရ အာဏာပိုင်များနှင့် မကြာမီအတွင်း တွေ့ဆုံရန် စီစဉ် နေကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောသည်။

(၁၄) နှစ်ကာလ အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် မြန်မာစစ်အစိုးရ ထိပ်ပိုင်း အာဏာပိုင်များနှင့် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက တွေ့ဆုံခဲ့သည့် မစ္စတာ ကာ့တ်ကမ်ဘဲလ်က မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့် အချက်အလက်များကို ကြည့်ရှုရာတွင် ရောထွေးနေသည်ဟု ပြောဆိုခဲ့သည်။

၎င်းက “ကျနော်တို့ အနေနဲ့ မြန်မာ အာဏာပိုင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်မှု တချို့ရှိခဲ့ပါတယ်။ မကြာခင်မှာ ထပ်မံပေါ်ထွန်းလာမယ့် ဆွေးနွေးမှု တချို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြောင်းလဲမှုများကို တွန်းအားပေးရန် ကြိုးစားသည့် အနေဖြင့် အမေရိကန် အစိုးရက မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် ပိုမိုနက်ရှိုင်းသည့် ထိတွေ့ဆက်ဆံများ ပေါ်ထွန်းလာစေရန် ယမန်နှစ်က လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေး ပိတ်ဆို့ အရေးယူမှုကိုမူ ယခုတိုင် ရုပ်သိမ်းခြင်းမရှိသေးပေ။

မြန်မာ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အဆင့်မြင့်ဆက်သွယ်မှုအချို့နှင့် အခြား ဖြစ်ထွန်း တိုးတက်မှု အချို့ ရှိခဲ့သော်လည်း မြန်မာ အစိုးရ၏ တိုင်းရင်းသားများအပေါ် ပြုမှုဆက်ဆံပုံများနှင့် အခြားသော ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာ စစ်အစိုးရက မည်သို့လုပ်ဆောင်နေသည်ကို ရှင်းရှင်းလင်းလင်းသိနိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မကြာမီအတွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောကြားသည်။

မြန်မာ စစ်အစိုးရ အပေါ် ချမှတ်ခဲ့သည့် အထီးကျန်ထားရေး ပေါ်လစီနှင့် ချဉ်းကပ်ဆက်ဆံသည့် ပေါ်လစီ (၂) ခုစလုံးကို အမေရိကန် သမ္မတ အိုဘားမားအစိုးရက ပြန်လည်သုံးသပ်ပြီး မြန်မာ နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် ပေါ်လစီသစ် တရပ်ကို ချမှတ်ခဲ့သည်။

ယင်းပေါ်လစီသစ် အရ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံ ပြောဆိုမှုများ ပြုလုပ်သွားမည် ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့ တားမြစ်မှုကို ဆက်လက် ထားရှိမည်ဟု အမေရိကန် အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက တရားဝင် ကြေညာ ခဲ့သည်။

မြန်မာ နိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက် စေရေး အတွက် အမေရိကန် အစိုးရက ဖိအားပေးသွားမည်ဟုလည်း ထုတ်ဖော် ပြောဆိုထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */