အပစ်ရပ် ရှမ်းပြည် တပ်မတော် ပြည်သူ့စစ် အသွင်ပြောင်းရန် အခက်ခဲဖြစ်နေ

Thursday, January 21, 2010 ·

ပေါက်ပေါက် | ရှမ်းပြည် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့ အခြေစိုက် ရှမ်းပြည် တပ်မတော်အား ပြည်သူ့စစ် အသွင်ပြောင်းရန် အောက်ခြေ တပ်ရင်းများက သဘော မတူသည့် အတွက် နအဖထံ အကြောင်းပြန်ရန် အဖွဲ့ ခေါင်းဆောင်များ အခက်တွေ့နေသည်။

ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖ အပါအဝင် အဖွဲ့ ခေါင်းဆောင်များကို ပြည်သူ့စစ် အသွင်ပြောင်းရန် နအဖဘက်က ဖိအားပေး တောင်းဆိုနေ သော်လည်း ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့် ဝမ်ဟိုင်းအခြေစိုက် တပ်မဟာ (၁) နှင့် အောက်ခြေ တပ်ရင်း တပ်ဖွဲ့များက လက်မခံ နိုင်သည့် အတွက် ယခုကဲ့သို့ အခက် တွေ့နေခြင်း ဖြစ်သည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ လတုန်းကလည်း စိန်ကျော့မှာ တပ်မှူးတွေနဲ့ ဆွေးနွေးပြီးပြီ။ အခု တပ်မဟာ (၁) မှာ ထပ်ပြီး ဆွေးနွေးနေတာ။ အဆင်မပြေကြဘူး။ တပ်မှူးတွေက လက်မခံတော့ ခေါင်းဆောင်တွေ အနေနဲ့ နအဖကို ဘယ်လို အကြောင်းပြန်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ မျက်နှာ မပြရဲကြတော့ဘူး။ စိန်ကျော့တောင် ပြန်မလာ တော့ဘူးလို့ ပြောနေတယ်” ဟု ပြောသည်။

၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်နေ့တွင် ထိုစဉ်က နဝတ ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အကြား ငြိမ်းချမ်းရေးယူစဉ်က နောင်တက်လာမည့် အစိုးရဖြင့်သာ နိုင်ငံရေးဆွေးနွေးမည်ဆိုသည့် သဘောတူညီမှုအရ ယခုအချိန်တွင် ပြည်သူ့စစ် အသွင်ပြောင်းရေးကိစ္စအပေါ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့၏ တပ်မှူးများနှင့် အောက်ခြေအဆင့်က လက်မခံနိုင်ကြဘဲ ဖြစ်နေသည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူဒေသခံတဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ လွယ်မောင်၊ ကိုင်ဖတို့ ဆိုတာ တပ်ကိုင်ထားတာ မဟုတ်ဘူး။ ပြည်သူ့စစ် ပြောင်းဖို့ဆိုတာ သူတို့နဲ့ချည်း မပြီးဘူး။ မနှစ်တုန်းက တပ်မှူး၊ တပ်သားတွေ အားလုံးက လက်မခံနိုင်ဘူးဆိုတာ ပြောထားပြီးပြီ။ အခုထိ ဒီသဘောတည်းရှိနေလို့ ပြည်သူ့ စစ်ပြောင်းဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး” ဟု ပြောသည်။

ယမန်နှစ်၊ ဇွန်လကုန်ပိုင်းက ရှမ်းပြည် တပ်မတော် ဥက္ကဋ္ဌ ဦးလွယ်မောင်က စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထံလိပ်မူပြီး ပြည်သူ့စစ် အသွင်ပြောင်းရေးအတွက် တပ်မှူးတပ်သားအများစု နားလည်သဘောပေါက် လက်ခံလာစေရန် စည်းရုံးရေးအတွက် မိမိတို့ များစွာအခက်ခဲရှိနေကြောင်း၊ နိုင်ငံတော် ခေါင်းဆောင်များ အနေဖြင့် မိမိတို့အဖွဲ့၏ အခက်အခဲကို သဘောထားကြီးစွာဖြင့် စိတ်ရှည် သည်းခံကာ နားလည် ခွင့်လွှတ်ပေးရန် ရိုးသား ပွင့်လင်းစွာ တောင်းဆို ပါကြောင်း စာရေးသား တင်ပြခဲ့သေးသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */