ယစ်ပူဇော်မည် ဆိုသောကြောင့် မြန်မာ အလုပ်သမားတို့ အလုပ် မဆင်းရဲ

Saturday, January 09, 2010 ·

သန်းထိုက်ဦး | ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့တွင် တည်ဆောက်ဆဲ တံတားတခု အတွက် လူ ဦးခေါင်း ၁၀၀ ကို ဖြတ်၍ ယစ်ပူဇော်မည် ဟူသော ကောလာဟလကြောင့် လုပ်ငန်းခွင်သို့ သွားရောက်ရန် စိုးရွံ့နေကြသည်ဟု ထိုဒေသရှိ မြန်မာ အလုပ်သမားများက ပြောသည်။


ဖန်ငဒေသမှ ဆာရာစင် တံတား ဆောက်လုပ်ရေး စီမံကိန်း အတွက် ဦးခေါင်း ၁၀၀ စတေးမည်ဟူသော ကောလာဟလကြောင့် ထိုဒေသမှ အလုပ်သမား အများအပြား စိုးရိမ် နေကြသည်ဟု ဆိုသည်။ (ဓာတ်ပုံ - www.thairath.co.th)
ထိုသို့ ယုံကြည်နေကြခြင်းမှာ မှားယွင်းနေကြောင်း၊ သို့သော်လည်း ထိုဒေသရှိ မြန်မာ နှင့် ထိုင်း အလုပ်သမားများ အတွက် လုံခြုံရေး ယူပေးမည် ဖြစ်ကြောင်း ဖန်ငခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတဦးက ထိုင်းနိုင်ငံ အမှတ် ၇ ရုပ်မြင်သံကြားဌာနသို့ ပြောသည်။

“ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်း နေပါတယ်၊ ဒါပေမယ့် ခေါင်းဖြတ်ခံရတဲ့ လူတွေကို မတွေ့ပါဘူး၊ အလုပ်သမား တွေကို အလုပ် ပုံမှန် ပြန်လုပ် ကြပါလို့ တိုက်တွန်း ထားတယ်” ဟု အဆိုပါ ရဲမှူးကြီးက ရှင်းပြသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်ပြီး မြန်မာ အလုပ်သမားများ သာမက ထိုဒေသရှိ ထိုင်းလူမျိုးများ ကလည်း တံတားနှင့် ပတ်သက်သည့် သတင်း အမှားများကို ယုံကြည် နေကြသည်ဟု အလုပ်သမား အရေး လုပ်ကိုင် နေသူများက ပြောသည်။

ဖူးကက်မြို့ နှင့် ဖန်ငမြို့ကြား ဆက်သွယ်သည့် ထိုတံတားသည် ဆာရာစင် ဟု အမည်ရပြီး တံတားဟောင်း တခုကို ဖျက်၍ အသစ်ဆောက်နေခြင်း ဖြစ်သည်။

ကောလာဟလ ထွက်ပေါ်လာပြီး နောက်ပိုင်း နေ့ခင်းဘက်တွင် အလုပ် လုပ်ကိုင်ကြသူများ ရှိသော်လည်း ညဘက်တွင် လုပ်ငန်းခွင်ဝင်ရန် မဝံ့ရဲကြကြောင်း သိရသည်။

“ညဘက် အလုပ်ဆင်းရင် ခေါင်းလိုက်ဖြတ်တယ်ဆိုတဲ့ သတင်းကို အလုပ်လိုချင်တဲ့သူတွေက ဖြန့်တာ ဖြစ်ဖို့ များတယ်။ ရော်ဘာစေးခြစ်တဲ့အလုပ်သမားက ကြောက်ပြီး အလုပ်မဆင်းရင် အလုပ်ရှင်က လူသစ်ခေါ်ပြီး ခန့်လိုက်တာပဲ။ စကားက တဖြည်းဖြည်းနဲ့ ကားသွားတာ ဖြစ်ပါလိမ့်မယ်” ဟု ထိုဒေသမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

“လူသတ်မှုတွေကလည်း ရော်ဘာခြံတွေမှာ ရံဖန်ရံခါ ဖြစ်နေတော့ တချို့ကလည်း ရော်ဘာ မခြစ်ရဲကြဘဲ စိုးရိမ်နေကြတယ်” ဟု ထိုဒေသတွင် အခြေစိုက်ပြီး အလုပ်သမားအရေး လုပ်ကိုင်နေသော GHRE အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။

တံတား ဆောက်ရန် အတွက် ယစ်ပူဇော်ရမည် ဟူသော အယူအဆမှာ ယခု ခေတ်ကြီး၌ မရှိတော့သဖြင့် မကြောက်ကြရန်၊ လုပ်ငန်းခွင်သို့ ဝင်ရန် လိုက်လံ တိုက်တွန်း နေရသည်ဟု ဦးထူးချစ်က ရှင်းပြသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြား ခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */