ရေဒီယို ဆက်သွယ်ရေး စက်များ ရောင်းချမှု သြစတြေးလျ အတိုက်အခံ ပါတီ ဝေဖန်

Thursday, January 07, 2010 ·

ရန်ပိုင် | စစ်အစိုးရအား အရပ်ဘက်သုံး အဆင့်မြင့် ရေဒီယို ဆက်သွယ်ရေး စက်များ ရောင်းချမှုနှင့် ပတ်သက်၍ သြစတြေးလျ အတိုက်အခံ ဂရင်းပါတီက Barrett ကုမ္ပဏီအား ပြစ်တင် ဝေဖန်လိုက်ကြောင်း ယနေ့ထုတ် ရေဒီယို သြစတြေးလျ ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ရောင်းချမှုသည် စစ်အစိုးရက တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအပေါ် စစ်ဆင်နေခြင်းအား ကူညီမှုဖြစ် သည်ဟု ဂရင်း ပါတီ Green Party ၏ လွှတ်တော် အမတ် Scott Ludlam ကပြောသည်။

“စစ်အစိုးရက ဒီအဆင့်မြင့် ရေဒီယို ဆက်သွယ်ရေး ပစ္စည်းတွေကိုသုံးပြီး လူမျိုးစုတွေကို ပိုမို ထိရောက်စွာ စစ်ဆင် လာနိုင်တယ်၊ နယ်စပ်က ပြည်သူတွေ အတွက် အလွန်အမင်း စိုးရိမ်ရတယ်”ဟု ၎င်းကပြောသည်။

သြစတြေးလျ ကုမ္ပဏီများ အနေဖြင့် ဥပဒေ ချိုးဖောက်နေသည့် စစ်အစိုးရနှင့် စီးပွားရေးအရ ဆက်ဆံနေခြင်းသည် မသင့်လျော် ကြောင်း၊ ထို့ကြောင့် ကုန်ပစ္စည်း တင်ပို့မှုများကို အမြန်ဆုံး ရပ်ဆိုင်းရန်လည်း လွှတ်တော်အမတ် Scott Ludlam က တိုက်တွန်း သည်။

ဂရင်းပါတီသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးကို အခြေခံသည့် ပါတီဖြစ်ကြောင်း၊ ပါလီမန်တွင် အမတ်ဦးရေ နည်းပါးသော်လည်း သြစတေးလျ နိုင်ငံရေး လောကတွင် အရေးပါကြောင်း၊ ယခင်က လေဘာ ပါတီဖြင့် ပူးပေါင်းပြီး မြန်မာ့အရေးကို ဆောင်ရွက်ခဲ့ဖူးကြောင်း၊ လွှတ်တော်အမတ် Scott Ludlam သည်လည်း မြန်မာ့အရေးကို အထူးအားပေးသူဖြစ်ကြောင်း Burma Campaign Australia (BCA) အဖွဲ့မှ ဒေါက်တာ မြင့်ချိုက ပြောသည်။

“အထက်လွှတ်တော်မှာ မဲပိုနိုင်လာတော့၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက် မူဝါဒ ချတိုင်း၊ ဂရင်းပါတီရဲ့သဘောတူညီမှုရမှ ဆုံးဖြတ်ချက် ကျတာလေ၊ အပြန်အလှန်ကူညီကြတယ်”ဟု ၎င်းကဆိုသည်။

လှိုင်းအားမြင့် ရေဒီယို ဆက်သွယ်ရေး စက်များကို မြန်မာနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနေကြောင်း ယမန်နေ့ထုတ် သြစတြေးလျအခြေစိုက် Sydney Morning Herald သတင်းစာတွင် ဖော်ပြထားသည်။

သြစတြေးလျနိုင်ငံ Barret ဆက်သွယ်ရေး ကုမ္ပဏီက ရောင်းချလိုက်သည့် Barret 2050 အမျိုးအစား စက်များမှာ အသံ၊ အီးမေးလ် နှင့် သတင်း အချက်အလက်များကို လုံခြုံစွာ ပေးပို့နိုင်ပြီး ကြားဖြတ်ဖမ်းယူရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။

စစ်အစိုးရအား ဆက်သွယ်ရေးပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီသည် သြစတြေးလျနိုင်ငံ အနောက်ပိုင်းတွင်ရှိပြီး လက်ရှိ နိုင်ငံခြား ရေးဝန်ကြီး Stephen Smiths ၏ မဲဆန္ဒနယ်မြေဖြစ်ကြောင်း၊ မြန်မာအများစု နေထိုင်ရာ မြို့လည်းဖြစ်ကြောင်း ဒေါက်တာ မြင့်ချိုက ပြောသည်။

စစ်အစိုးရက တိုင်းပြည် စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီး အုပ်ထားပြီး မြန်မာ စီးပွားရေး လုပ်ငန်းရှင် အများစုသည်လည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းထဲတွင် ပါဝင်နေသည့်အတွက် သြစတြေးလျကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး အရ ပတ်သက်၍ မရကြောင်း၊ ယခုကဲ့သို့ ရောင်းချခြင်းသည် စစ်အစိုးရအား ထောက်ပံ့နေခြင်းသာ ဖြစ်သည်ဟု BCA အဖွဲ့ ပြောခွင့်ရ Zetty Brake ကလည်း ဆိုသည်။

ယခင် ညွန့်ပေါင်း အစိုးရ လက်ထက်က စစ်အစိုးရအား တရားရေးနှင့် ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ထမ်းများကို လူ့အခွင့်အရေးသင် တန်းများ ပေးအပ်ခဲ့ဘူးကြောင်း၊ သို့သော် ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် စစ်အစိုးရအပေါ်ထားသည့် မူဝါဒ ပြောင်းလဲ၍ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမား ၄၁၈ ဦးကို စီးပွားရေးပိတ်ဆို့မှု နှင့် ပြည်ဝင်ခွင့် ဗီဇာများ ပိတ်ပင်ခဲ့သည်၊ ယခု လက်ရှိ အာဏာရ လေဘာပါတီ အစိုးရ လက်ထက်တွင် ၆၃ ဦးကို ထပ်မံ၍ စီးပွားရေး ပိတ်ဆို့ မှု စာရင်းတွင် ထည့်သွင်းခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */