ဗိုလ်ချုပ်မိသားစုများ ရွှေ ပိဿာလိုက် ဝယ်ယူ

Thursday, January 07, 2010 ·

ဧရာဝတီ | အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်မည့် သတင်း မထွက်ပေါ်ခင် ဒီဇင်ဘာလ နှောင်းပိုင်းကာလက စစ်ဗိုလ်ချုပ်မိသားစုများနှင့် ဌာနဆိုင်ရာ အရာရှိမိသားစုများသည် ရွှေပိဿာလိုက် ၀ယ်ယူစုဆောင်းမှု ရှိခဲ့ကြောင်း သတင်းရရှိသည်။


ရန်ကုန် ဗိုလ်ချုပ်အောင်ဆန်း ဈေးအတွင်းရှိ ရွှေဆိုင်တဆိုင်တွင် ဝယ်မည့်သူကို မျှော်နေသည့် အမျိုးသမီး တဦးကို ဤသို့ တွေ့ရသည်။ (ဓာတ်ပုံ - Getty Images)
ဝန်ထမ်း လစာ တိုးမြှင့်သည့် သတင်းကို ကြိုတင် သိရှိထားပြီး ထိုသတင်းကြောင့် ငွေကြေး ဖောင်းပွမှု ဖြစ်ကာ ရွှေဈေး တက်မည်ကို ရိပ်စား မိခဲ့ကြသဖြင့် ထိုသို့ ၀ယ်ယူ ခဲ့ကြကြောင်း ရန်ကုန်နှင့် မန္တလေး အခြေစိုက် ရွှေကုန်သည်နှင့် ရွှေသန့်စင်ရေး လုပ်ကိုင် သူများက ပြောသည်။

“ဒီဇင်ဘာလ ၂၉ ရက်အထိ ရွှေအ၀ယ် မရှိဘူး။ လကုန်တော့ ရွှေအ၀ယ် ရုတ်တရက် တက်တယ်။ ၀ယ်ကြတာက စစ်ဘက်၊ ရဲဘက်နဲ့ ဌာနဆိုင်ရာလူကြီး မိသားစုတွေ များတယ်” ဟု အစိုးရ အရာရှိများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် မန္တလေးသား ရွှေကုန်သည်တဦးက ဆိုသည်။

မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်မှုရှိသော ရန်ကုန်မှ ရွှေဆိုင်ပိုင်ရှင် တဦးကလည်း အစိုးရ အရာရှိကြီးများ ရွှေပိဿာလိုက် ဝယ်ယူသည့်သတင်း မှန်ကန်ကြောင်း အတည်ပြုသည်။

ရွှေပိဿာလိုက် ၀ယ်ယူမှုသည် ရန်ကုန်နှင့် မန္တလေး ဈေးကွက်နှစ်ခုစလုံးတွင် ဖြစ်ပေါ်ခဲ့ပြီး ဈေး လှုပ်ရှား ထိုးတက်မှုလည်း စတင်ခဲ့ကြောင်း နှစ်သစ်ကူးကာလ အပြည်ပြည်ဆိုင်ရာ ရွှေဈေးကွက် ရပ်နားချိန်တွင် မြန်မာ့ရွှေဈေးမှာ ချက်ချင်းဆိုသလို ထိုးတက်ခဲ့ကြောင်း သိရသည်။

“ဈေးကွက်ထဲမှာ ပိဿာလိုက် ရွှေဝယ်တာတွေကြောင့် ရွှေဈေးက မူလ အကယ်ဒမီ အခေါက်ရွှေတကျပ်သားကို ကျပ် ၅၉၄၅၀၀ ရှိရာကနေ ၅၉၈၅၀၀ အထိ ဆက်တိုက် ထိုးတက်တယ်။ ဒါက ဒီဇင်ဘာလကုန်နဲ့ ဇန်န၀ါရီ ၃ ရက်ပိုင်းအတွင်းမှာ အပြောင်းအလဲ ဖြစ်ခဲ့တာ” ဟု မန္တလေးရွှေကုန်သည်က ဆိုသည်။

ပိတ်ရက်များကြောင့် ရွှေဈေးကွက် ရပ်နားထားရာမှ ပြန်လည်ဖွင့်လှစ်သည့် ဇန်န၀ါရီလ ၅ ရက်တွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၀၂၁၀၀ ဈေးအထိ တက်ခဲ့သည်။

ရွှေကုန်သည်တဦးကလည်း ရန်ကုန်မြို့နေ စစ်ဗိုလ်ချုပ် မိသားစုတစုသည် သူ့ထံမှ ဒီဇင်ဘာ ၃၁ ရက်တွင် ရွှေသုံးပိဿာ ၀ယ်ယူသွားခဲ့သည်ဟု ဆိုသည်။

တည်ငြိမ်နေသော ဈေးကွက်တွင် ရွှေပိဿာလိုက်ဝယ်ယူမှုကြောင့် ဈေးထိုးတက်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရသည် ကုန်သည်များ၏ ၀ိသမလောဘကြောင့် ဈေးတက်သည်ဟု အမြဲတမ်း ပြစ်တင်ဝေဖန်လေ့ ရှိသောကြောင့် ဈေးနှုန်း ထိုးတက်သည့် အခါတိုင်း အရောင်းအ၀ယ်မလုပ်ရဲကြဘဲ လက်သိပ်ထိုးရောင်းဝယ်မှုသာ ပြုကြသည်ဟု ရွှေကုန်သည် အသိုင်းအဝန်းက ပြောသည်။

“ဈေးတက်တော့ ကုန်သည်တွေခေါ်ကြိမ်းတယ်။ တကယ်ဈေးတက်အောင် လုပ်တာက အစိုးရ ကိုယ်တိုင်ပဲ။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပေါ့။ ရွှေဈေးတက်တာ ပိဿာလိုက် အရမ်းဝယ်လို့ပါ”ဟု မန္တလေးသား ရွှေကုန်သည်က ဆိုသည်။

ရွှေဈေးနှုန်း ဆက်လက်မြင့်တက်လျှင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ဈေးနှုန်း ထိန်းသိမ်းရေး အစည်းဝေး ခေါ်ယူမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယနေ့ ရွှေ နောက်ဆုံး ပေါက်ဈေးမှာ ကျပ် ၅၉၉၈၀၀ အထိ ကျဆင်းသွားပြီဖြစ်ကြောင်း ကြားသိရသည်။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ အစိုးရ ၀န်ထမ်းများကို ပေါကြွယ် စရိတ် အဖြစ် တလလျှင် လစာကျပ် ၂၀၀၀၀ စီ တိုးမြှင့်ပေးမည်ဟု သတင်း ရရှိသော်လည်း ယခုအချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */