ရန်ကုန်သားများ ရန်ကုန် FM ကို ငြီးငွေ့ပြီ

Thursday, January 07, 2010 ·

သဲသဲ | ရန်ကုန် စီးတီး FMကို ဖမ်းယူ နားဆင်သူ လျော့နည်း လာပြီး ဆွဲဆောင်မှု ရှိသည့် မန္တလေး စီးတီး FM ကို အလွန် လူကြိုက်များလာသည်ဟု ရန်ကုန်မြို့သူမြို့သားများက ပြောသည်။


ဇန်န၀ါရီ ၂ ရက်နေ့က ကျင်းပသည့် ရန်ကုန် စီးတီး FM ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား (ဓာတ်ပုံ - Weekly Eleven Journal)
မြန်မာ နိုင်ငံ၏ FM ရေဒီယိုများ အနက် သက်တမ်း အရင့်ဆုံးဖြစ်သော ရန်ကုန် FM လူကြိုက် နည်းလာရခြင်းမှာ စီးပွားရေး ကြော်ငြာ များပြားသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ရန်ကုန် FM စပေါ်တုန်းက အရမ်းကို ကြိုက်တယ်၊ အခုတော့ ဖျော်ဖြေရေးထက် စီးပွားရေး ဆန်လာတယ်”ဟု ရန်ကုန်မြို့နေ အိမ်ရှင်မ တဦးက ဧရာဝတီကို ပြောသည်။

ကြော်ငြာ ၈ ခုခန့်ကို သည်းခံ နားဆင်ပြီးမှ သီချင်း ၂ ပုဒ်ကို ကြားရသည်ဟု ရန်ကုန် FM ၏ ပရိသတ်ဟောင်း ဖြစ်သူ အဆိုပါ အမျိုးသမီးက ရှင်းပြသည်။

စမ်းချောင်း မြို့နယ်မှ လူငယ် တဦးကလည်း ရန်ကုန် FM က ထုတ်လွှင့်သည့် သီချင်း အမျိုးအစား စုံလင်မှု မရှိ ကြောင်း ပြောပြသည်။

“ကျနော် တို့က လေးဖြူတို့၊ အငဲတို့ သီချင်းတွေ ကြိုက်တယ်။ ဒါပေမယ့် ရန်ကုန် FM က မလွှင့်ဘူးလေ။ အဲဒီတော့ လွှင့်တဲ့ဘက်ကို ပြောင်းနားထောင်ရတာပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်း သက်တမ်း ၈ နှစ် ပြည့်သွားသည့် ရန်ကုန် FM သည် အစီအစဉ်အသစ်များဖြင့် ပရိသတ်ကို ပြန်လည် ဆွဲဆောင်မည်ဟု ရန်ကုန် FM ဌာနမှူး ဦးလှမြင့်ဆွေက ဆိုသည်။

“နောက်မှပေါ်လာတဲ့ FM တွေကလည်း ကျနော်တို့လို ပုံစံတူတွေ လုပ်နေကြတာလေ။ နိုင်ငံတကာ FM တွေက ဒီလိုမျိုးမှ မဟုတ်တာ။ သူ့ပုံစံနဲ့သူ သွားတာကိုး။ အဲ့ဒါကြောင့် ပုံစံပြောင်းဖို့ လုပ်နေပါတယ်”ဟု ၎င်းက ဧရာဝတီကို ပြောသည်။

ကြော်ငြာခ အများအပြား ရသည့် ရန်ကုန် FM ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ထောင်ထားခြင်း ဖြစ်ပြီး ထုတ်လွှင့်ချက်များကို ရန်ကုန်နှင့် မိုင် ၅ဝ ပတ်လည်တွင် နားဆင်နိုင်သည်။

မန္တလေး FM ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်သည့် Forever Group တို့က ပူးတွဲ စီစဉ်နေခြင်း ဖြစ်သည်။ သက်တမ်း ၂ နှစ်ရှိပြီဖြစ်သည့် မန္တလေး FM ကို ရန်ကုန်၊ မန္တလေး နှင့် မြန်မာပြည်အလယ်ပိုင်းရှိ မြို့အများအပြားတွင် ဖမ်းယူ နားဆင်နိုင်သည်။

ခြေလှမ်းကျဲသည့် မန္တလေး FM၏ ပရိသတ်ထဲတွင် ဟစ်ပ်ဟော့ပ်အဆိုတော် သားစိုးလည်း ပါဝင်သည်။

“မန္တလေး FM က အနုပညာရသကို ပိုပေးနိုင်တယ်။ ဘယ်ဂီတအမျိုးအစားကိုမဆို နှံ့နှံ့စပ်စပ် လုပ်ပေးနိုင်တယ်။ ကြော်ငြာလည်း နည်းတယ်” ဟု သားစိုးက ဧရာဝတီကို ပြောသည်။

FM ရေဒီယိုများသည် ဖျော်ဖြေရေးအစီအစဉ်များအပြင် လူအများ သိလိုသည့် သတင်းများကို ဖော်ပြရန် လိုအပ်ပြီး အတွေ့အကြုံရှိသည့် နိုင်ငံတကာ FM များကိုလည်း သေချာစွာ လေ့လာရန် လိုအပ်သည်ဟု သူက ထောက်ပြသည်။

ရန်ကုန် FM တွင် ထုတ်လွှင့်နေသည့် အစီအစဉ်ပေါင်း ၄၀ ကျော်သည်ဟု သိရသည်။ မန္တလေး FM မှ တာဝန်ရှိသူတဦးကလည်း သူတို့ထံတွင် အစီအစဉ်ပေါင်း ၇၀ ကျော် ထုတ်လွှင့်နေသည်ဟု ဆိုသည်။

မကြာသေးမီက ရွှေ၊ ပတ္တမြား၊ ချယ်ရီ၊ ပုဂံ၊ ပဉ္စဝတီ စသည့် FM အသစ်များ ပြည်နယ်နှင့်တိုင်း မြို့ကြီး တချို့တွင် အခြေစိုက် ထုတ်လွှင့် နိုင်ရေးကို အာဏာပိုင်တို့က ခွင့်ပြုလိုက်သည်။

FM အသစ်တချို့ လုပ်ငန်း စတင် လည်ပတ်နေပြီ ဖြစ်သောကြောင့် မြန်မာပြည် ဒေသ အများအပြားတွင် FM ရေဒီယိုကို ငွေကုန်ကြေးကျ သက်သာသည့် ဖျော်ဖြေမှုတခုအဖြစ် အသုံးပြုနေကြသည်။

“ကျနော်တို့ ဂီတသမားတွေ အနေနဲ့က FM တွေ များလာလေ ကောင်းလေပဲ။ အနုပညာက ပရိသတ်ထဲ ပိုပျံ့လွယ်တာပေါ့” ဟု အဆိုတော် သားစိုးက ပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */