ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်မှု ရပ်တန့်ရန် တရားဝင် ကန့်ကွက်

Saturday, January 23, 2010 ·

NEJ | ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ် ပြင်ဆင်မှုကို ရပ်တန့် ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်း၏ရှေ့နေ ဦးဟန်တိုးမှ တဆင့် တားဝရမ်း လျှောက်ထား လိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့ ဇန်န၀ါရီ (၂၁) ရက်တွင် ရန်ကုန်တိုင်း တွဲဖက် (၂) တရားရုံး၌ ရှေ့နေ ဦးဟန်တိုးက ယင်းသို့ တားဝရမ်း လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ (၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက ပြန်လည် လျှောက်ထား ကန့်ကွက် သွားမည်ဟု သိရသည်။

“သူတို့က တားဝရမ်း ထုတ်ဖို့ တရားရုံးကို လျှောက်ပါတယ်။ ကျနော်တို့က ကန့်ကွက်မှာပါ။ လာမယ့် ဖေဖော်ဝါရီ (၄) ရက်မှာ ကျနော်တို့ ကန့်ကွက်စာ ပြန်တင်ပါ့မယ်။ သူတို့တင်တာ ဥပဒေနဲ့မညီတဲ့အတွက် ဖြစ်ပါတယ်။ ပစ္စည်းတခုကို ကောင်းအောင် လုပ်လို့ရှိရင် တားဖို့ မလိုဘူး။ ဖျက်ဆီးမယ်၊ လွှဲပြောင်းမယ်ဆိုမှသာ လုပ်လို့ရတယ်။ ဒီအခြေအနေက ရှိမှမရှိဘဲ” ဟု ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်းသို့ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့မှု ဖြစ်ပွားခဲ့ပြီးသည့်နောက် အန်အယ်လ်ဒီမှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ လုံခြုံရေးအတွက် ပြင်ဆင် နေခြင်း ဖြစ်သည်။

ယင်းသို့ပြင်ဆင်နေစဉ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာမှ ကန့်ကွက်ခဲ့သဖြင့် ရပ်တန့်ထားခဲ့ရပြီး ယခု ဦးအောင်ဆန်းဦး၏ ရှေ့နေက တရားရုံးတွင် တရားဝင် တားဝရမ်း လျှောက်ထားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ၏ ခွင့်ပြုချက်ဖြင့် အိမ်ပြင်ဆင်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း အိမ်ပြင်ဆင်နေဆဲကာလတွင် ဦးအောင်ဆန်းဦး၏ ရှေ့နေ ဦးဟန်တိုးက ကန့်ကွက်စာတင်သဖြင့် ပြင်ဆင်မှုကို ရပ်ဆိုင်းထားရန် စည်ပင်သာယာက ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားခဲ့သဖြင့် ပြင်ဆင်မှုကို ရပ်ဆိုင်းခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ထိုသို့ အိမ်ပြင်ဆင်မှု မပြီးသေးခင် ရပ်ဆိုင်းထားရသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး စိတ်မချရကြောင်း၊ ယခင် အမေရိကန် နိုင်ငံသား မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း ၀င်ရောက် လာစဉ် ကလည်း လုံခြုံရေး ဖောက်ပြီး ၀င်ရောက် လာခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒီအိမ်ကို စပြုပြင်တယ် ဆိုကတည်းက လုံခြုံရေးကို အဓိက ထားပြင်တာပဲ။ အခု ပြင်နေတုန်း တန်းလန်းကြီး ပစ္စည်းတွေ ဖြုတ်ထားတဲ့ အချိန်မှာ အခုလိုဖြစ်တော့ လုံခြုံရေးက ပိုဆိုးတာပေါ့။ မလုံခြုံဘူးလို့ပဲ ခံစားရပါတယ်။ မစ္စတာ ယက်တော ဒေါ်စုနေအိမ် ၀င်ရောက် စဉ်ကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေ၊ လုံခြုံရေး တာဝန်ယူတဲ့ သူတွေ အပေါ်မှာ တာဝန်ရှိတယ်။ လုံခြုံရေးဖောက် ပြီးတော့ ရောက်လာတာ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လက်ရှိ အခြေအနေမှာ ၀ရန်တာမှ အိမ်မကြီးသို့ ၀င်သည့် တံခါး လုံခြုံမှု မရှိသည့် အတွက် ၀ရန်တာကို အခန်းဖွဲ့ကာ ပြင်ဆင်မှု လုပ်နေစဉ်၊ အမိုးကျောက်ပြား၊ မျက်နှာကျက်များ ဖြုတ်ထားချိန်တွင် ယခုကဲ့သို့ ရပ်တန့်ထား ရခြင်းဖြစ်သည်ဟု သိရသည်။

ယခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့်ခြံဝင်းကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်းလည်း ပိုင်ဆိုင်ကြောင်း လွန်ခဲ့သည့် (၉) နှစ်ခန့်က လျှောက်ထားခဲ့ရာမှ စ၍ အမှုဖြစ်ပွားခဲ့ပြီး ယင်းကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံနေရ သဖြင့် အမှုပြီးပြတ်ခြင်း မရှိဘဲ ဆိုင်းငံ့ ထားရခြင်း ဖြစ်သည်။

အဆိုပါ အမွေဆိုင်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကျိုးဆောင် တဦးဖြစ်သည့် ဦးဉာဏ်ဝင်းအား အခြေအနေ မေးမြန်းရာတွင် ၎င်းက “ဒါက တရားရုံးက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်လို့ အန်ကယ် ကြိုတင် မပြောလိုဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်နိုင်တဲ့ အခြေအနေ ရှိတယ်၊ နိုင်နိုင်တဲ့ ဥပဒေကြောင်းတွေ ရှိတယ် ဆိုတာပဲ ပြောချင်တယ်” ဟု ပြောဆိုသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */