အန်ဒီအေ (ကချင်) အဖွဲ့ ဗဟို ကော်မတီဝင်များကို လက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး

Saturday, January 23, 2010 ·

လင်းနိုင်ဦး | စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ ဗဟို ကော်မတီဝင်များကို ကားပါမစ် တစောင်စီ ထုတ်ပေး လိုက်ခြင်းသည် ဒေသတွင်း လက်နက် အပ်ရန် ကျန်နေသည့် ကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ပုံ ရကြောင်း မြစ်ကြီးနားမြို့မှ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက ပြောသည်။

၎င်းက “အန်ဒီအေ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကောင်စီက ကောင်စီဝင်တွေကို ပေးတာပါ။ ကိုယ့်မှာရှိတဲ့ လိုင်စင်မဲ့ကား တစီးစီးကို အရင် စာရင်းတင်ပြ ရတယ်။ အဲဒါကို အစိုးရက ယာဉ်လိုင်စင် ထုတ်ပေးတယ်။ ကားပါမစ် ပေးတဲ့သဘောပေါ့” ဟု ပြောသည်။

သက်ဆိုင်ရာက အန်ဒီအေ (ကချင်) တပ်ဖွဲ့ဝင် ခေါင်းဆောင်များ အတွက် ကားလိုင်စင်လုပ်ပေးရန် ညွှန်ကြားချက် ရရှိထား ကြောင်း၊ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းအတွက် ပရာဒို (၁) စီးနှင့် လင်ခရူဆာ (၁) စီး၊ ကျန်ခေါင်းဆောင်များအတွက် ပရာဒို၊ လင်ခရူဆာ၊ ပါဂျဲရိုး၊ ဆာ့ဖ်၊ မာ့ခ်တူး၊ ကယ်တီးနာနှင့် ဖိုးဝှီး စသည့်ကားအမျိုးအစားများဖြစ်ပြီး တဦးလျှင် (၁) စီးစီ စုစုပေါင်း (၁၇) ဦးအတွက် ကား (၁၈) စီးဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကညနရုံးမှ တာဝန်ရှိ ဝန်ထမ်း တဦးက အတည်ပြုပြောကြားသည်။

၎င်းက “အန်ဒီအေ ခေါင်းဆောင်တွေ သူတို့တင်ပြထားတဲ့ လိုင်စင်မဲ့ကားတွေကို ကျနော်တို့ရုံးကို ယူလာဖို့လိုတယ်။ ကျနော်တို့က ခဲခြစ်တာအပါအဝင် ယာဉ်လိုင်စင်အတွက် အားလုံး ပြုလုပ်ပေးဖို့ ညွှန်ကြားချက် ရထားတယ်။ အချို့ ခေါင်းဆောင်တွေ ယာဉ်လိုင်စင် လာလုပ်သွားပြီ” ဟု ပြောသည်။

အန်ဒီအေ ခေါင်းဆောင်များအနေဖြင့် လိုင်စင်မဲ့ကားများ လိုင်စင်ရရှိသွားခြင်းသည် ကျပ် သိန်း (၁၀၀) ကျော်တန် လိုင်စင်မဲ့ ကားများကို ကျပ် သိန်း (၁,၀၀၀) ကျော်မှ (၃,၀၀၀) ထောင်အထိ တန်ဖိုးရှိသွားစေကြောင်း၊ စစ်အစိုးရက အဆိုပါ ငွေပမာဏကို လာဘ်ထိုးလိုက်သည့်သဘောဖြစ်ကြောင်း အဆိုပါ အန်ဒီအေ တပ်ဖွဲ့ဝင်ဟောင်းဖြစ်သူက ပြောသည်။

၎င်းက “ဒီလို ခေါင်းဆောင်တွေကို ကျပ် သိန်းထောင်နဲ့ချီ လာဘ်ထိုးလိုက်တဲ့အတွက် ဒေသထဲမှာ နယ်ခြားစောင့်တပ်ထဲ ပြန်လည် ပါဝင်ခြင်း မရှိတော့တဲ့ ခေါင်းဆောင်တွေ၊ ဝါရင့်တော်လှန်ရေးသမားတွေထံက လက်နက်သိမ်းယူရေး ပိုမို အဆင်ပြေသွား လိမ့်မယ်လို့ စစ်အစိုးရက ယူဆနေပုံရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၃ မှ ၁၆) ရက်နေ့ အထိ မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် ကချင် အထူးဒေသ (၁) အထူး အစည်းအဝေးပွဲ၌ တပ်သားဟောင်းများ၊ တော်လှန်ရေး ရဲဘော်ဟောင်းများကို ထောက်ပံ့ ကြည့်ရှုရေး ကိစ္စ ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့သော်လည်း ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက မည်သို့မှ အဖြေမပေးခဲ့ပေ။

ယခု ကားပါမစ်ရရှိသူများမှာ ကချင်ခေါင်းဆောင် (၁၃) ဦး၊ မြန်မာ (၂) ဦး၊ တရုတ် (၂) ဦး စုစုပေါင်း ဗဟိုကော်မတီဝင် (၁၇) ဦးသာ ရရှိကြခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းသည် ၎င်းတို့ မိသားစု စီးနေသည့် KSR (ကချင်အထူးဒေသ) နံပါတ်တပ် လိုင်စင်မဲ့ကားများကိုလည်း လိုင်စင် ထုတ်ပေးရန် စစ်အစိုးရထံ တင်ပြထားကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */